နမ့်ခမ်း TNLA တပ်ဖွဲ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အစည်းအဝေးခေါ်

သျှမ်းပြည် နမ့်ခမ်းမြို့တွင် TNLA တပ်ဖွဲ့၏ အုပ်ချုပ်ရေးဌာနက ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အစည်းအဝေး ခေါ်ယူခဲ့ကြောင်း စုံစမ်းသိရသည်။

နမ့်ခမ်းမြို့ပေါ် TNLA လှုပ်ရှား

ဇန်နဝါရီလ ၁၀ ရက် နေ့လယ် ၁၂ နာရီခွဲခန့်က နမ့်ခမ်းမြို့နယ် စည်ပင်သာယာရေးရုံးတွင် TNLA တပ်ဖွဲ့၏ အထွေထွေအုပ်ချုပ်ရေးဌာနမှ ရပ်ကွက်/ကျေးရွာ အေးချမ်းသာယာရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက်ဟုဆိုကာ နမ့်ခမ်းမြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများကို အစည်းအဝေး ခေါ်ယူခဲ့ကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

“အစည်းအဝေး သွားတက်တယ်ဆိုတာ အမှန်ပါ၊ ဥက္ကဋ္ဌတွေ သွားတက်တာလေ။ သူ့ရပ်ကွက် ကိုယ့်ရပ်ကွက်က ဥက္ကဋ္ဌတွေသွားကြတယ်။ ဒါပေမယ့် ဘယ်ရပ်ကွက်တွေ ဘယ်နှယောက်သွားကြလဲဆိုတာတော့ မသိရဘူး။ အဲ့အစည်းအဝေးသွားပြီး ပြန်လာတဲ့သူတွေတော့ သူတို့ရပ်ကွက်ထဲမှာ ပြန်လာပြောပြတာ ရှိတယ်”ဟု နမ့်ခမ်းမြို့မှ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်ခမ်းမြို့တွင် TNLA တပ်ဖွဲ့က ဆင့်ခေါ်သည့် အစည်းအဝေးတွင် ည ၉ နာရီမှ မနက် ၅ နာရီအထိ အပြင်မထွက်ရန်၊ နမ့်ခမ်းမြို့ရှိ ရပ်ကွက်များကို စုစည်းကာ နယ်မြေ ၄ ခုဖြင့် ပြောင်းလဲသတ်မှတ်မည်ဟု အစည်းအဝေး သွားတက်ရောက်ခဲ့သူများက ပြောဆိုကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။

TNLA မှ နမ့်ခမ်းမြို့နယ်တရားရုံးများ တိုက်ခိုက်နိုင်ခဲ့

နမ့်ခမ်းမြို့ပေါ်တွင် TNLA တပ်ဖွဲ့က တပ်သားသစ်စုဆောင်းမည်ဆိုသည့် သတင်းနှင့်ပတ်သက်၍ TNLA တပ်ဖွဲ့၏ မူအရ တအာင်းလူမျိုးအချင်းချင်းသာ တပ်သားသစ်ကောက်ခံပြီး လူမျိုးခြားများအား မကောက်ခံကြောင်း၊ ထို့ကြောင့် မစိုးရိမ်ကြရန် TNLA တပ်ဖွဲ့၏ တာဝန်ရှိသူများက ပြောကြားခဲ့သည်ဟု နမ့်ခမ်းဒေသခံများထံမှ သိရသည်။

ယခုကဲ့သို့ နမ့်ခမ်းမြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို TNLA တပ်ဖွဲ့က အစည်းအဝေးခေါ်ယူသည့် ကိစ္စနှင့် ပတ်သက်ပြီး TNLA တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူရုံးသို့ သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ထို့အပြင် အချို့ရပ်ကွက်တွင် တပ်စွဲထားသော တပ်သားများအား နိုင်ငံရေးတည်ငြိမ်လျှင် ပြန်လည်ရုပ်သိမ်းဖယ်ရှားပေးမည်ဖြစ်ကြောင်း၊ TNLA တပ်သားများမှ မော်တော်ယာဉ်များ လာရောက်ငှားရမ်းလျှင် သက်ဆိုင်ရာ နယ်မြေမှူးပါမှသာ ခွင့်ပြုရန်တို့ကို ပြောဆိုခဲ့ကြောင်း သိရသည်။

အလားတူ နမ့်ခမ်းမြို့တွင်း ကန့်သတ်နယ်မြေမှာ စခန်းသစ်ကုန်း ကြိုးဝိုင်းတွင်သာဖြစ်ပြီး တစ်မြို့လုံး လွတ်လပ်စွာ သွားလာနိုင်ကြောင်းနှင့် မိမိအိမ် ပတ်ဝန်းကျင်အား နှောက်ယှက်ဖျက်စီးမှုများ ရှိပါက သက်ဆိုင်ရာ နယ်မြေမှူးများထံ သက်သေအထောက်အထားနဲ့တကွ သတ်မှတ်ထားသည့် နယ်မြေရုံးတွင် တိုင်ကြားနိုင်ကြောင်းလည်း ပြောဆိုခဲ့သည်ဟု နမ့်ခမ်းဒေသခံများက ပြောသည်။

ယမန်နေ့ (ဇန်နဝါရီလ ၁၂ ရက်)တွင် ကျရောက်သည့် ၆၁ နှစ်မြောက် တအာင်းတော်လှန်ရေးနေ့ ဂုဏ်ပြုမိန့်ခွန်းထဲတွင် TNLA တပ်ဖွဲ့ဉက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက စစ်ဆင်ရေးအတွင်း တိုက်ခိုက်သိမ်းပိုက်ထားသည့် မြို့နယ်(၇)ခုရှိ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးယန္တရားကို အပြီးတိုင် တိုက်ထုတ်ဖယ်ရှားနိုင်ခဲ့ကြောင်း ဆိုထားသည်။

“ဒေသခံတိုင်းရင်းသားလူမျိုး မခွဲခြားဘဲ မှန်ကန်မျှတတဲ့ တရားဉပဒေစနစ်ပေါ် အခြေခံပြီး တရားမျှတမှုရှိတဲ့ ဉပဒေတွေ ရေးဆွဲပြဋ္ဌာန်းပြီးတော့ လုံခြုံရေးနဲ့ အုပ်ချုပ်ရေး ယန္တရားအသစ် စတင်လည်ပတ်နိုင်အောင် လက်တွေ့ပူးပေါင်း ဖော်ဆောင်သွားမှာဖြစ်တယ်”ဟု ဒုဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။

နမ့်ခမ်းမြို့နယ်ကို TNLA တပ်ဖွဲ့က နိုဝင်ဘာလ ပထမပတ်တွင် စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး နမ့်ခမ်းမြို့အခြေစိုက် စစ်ကောင်စီတပ် စခန်းသစ်ကုန်းကို တအာင်း(ပလောင်)တပ်ဖွဲ့ TNLA က ဒီဇင်ဘာလ ၁၉ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် နမ့်ခမ်းမြို့နယ်တစ်ခုလုံးကို အလုံးစုံထိန်းချုပ်ထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်ကလည်း သိန္နီမြို့နယ်အတွင်းရှိ စယ်အူနှင့် နမ့်စလပ်ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို ကိုးကန့်တပ်ဖွဲ့ (MNDAA)က ဆင့်ခေါ်ပြီး ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရန် အရေးကြီးအချက် ၆ ချက်ကို အမိန့်ပေးညွှန်ကြားခဲ့ကြောင်း သိန္နီဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...