သျှမ်းမြောက် မြို့နယ် အချို့ဘဏ်များ ငွေသွင်း၊ ငွေလွှဲမရ၊ ထုတ်ငွေသာ ဝန်ဆောင်မှုပေးနေ

သျှမ်းပြည် မြောက်ပိုင်း မြို့နယ်ရှိ အချို့ ဘဏ်များ၌ ငွေသွင်း၊ ငွေလွှဲ မရနိုင်ဘဲ ထုတ်ငွေ တမျိုးတည်းသာ ဝန်ဆောင်မှု ပေးနေကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဇန်နဝါရီလ ၁၀) ရက်နေ့၌ မူဆယ်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ် နှင့် ကမ္ဘောဇဘဏ် (KBZ) တို့၌ ငွေသွင်း ၊ ငွေလွှဲ ဝန်ဆောင်မှု ရပ်တန့်ကာ ထုတ်ငွေကိုသာ ဝန်ဆောင်မှု ပေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် အသက် (၄၀) ဝန်းကျင် အမျိုးသမီး တစ်ဦးက သျှမ်းသံဝောာ်ဆင့်ကို ပြောသည်။

“ကျမက ဘဏ်မှာ ငွေသွားလွှဲမလို့ပါ ၊ ဒါပေမဲ့ ဘဏ်က ငွေလွှဲ ခဏရပ်ထားတယ်တဲ့၊ ဘာကြောင့်လဲဆိုတော့ သူတို့လည်း သေချာမသိဘူး၊ စစ်ရေးမငြိမ်မသက်ဖြစ်လို့ ဆိုပဲ ဖြေတယ်။ ခန့်မှန်းရသလောက်ဆိုရင်တော့ ဘဏ်ထဲမှာ သူတို့ ပိုက်ဆံ များများ ထည့်ထားချင်ပုံ မရဘူး၊ အဲ့ကြောင့်ထင်တယ်” ဟု အသက် (၄၀)ဝန်းကျင် အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိအချိန်တွင် မူဆယ်မြို့နယ်အတွင်း၌ မြန်မာ့စီးပွားရေးဘဏ်၊ KBZ ဘဏ်တို့သာ ဖွင့်လှစ်နေလျက်ရှိပြီး CB ဘဏ်က ခေတ္တပိတ်ဆိုင်းထားကြောင်းလည်း အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။

အလားတူပင် လားရှိုးမြို့ရှိ ဘဏ်များမှာလည်း ထုတ်ငွေကိုသာ ထုတ်ပေးလျက်ရှိပြီး သွင်းငွေများကို လက်မခံ တော့သည့် အကြောင်း စုံသမ်းသိရသည်။

ထို့အပြင် လက်ရှိအချိန်၌ လားရှိုးမြို့ရှိ ဘဏ်များ တချို့၌ ငွေလွှဲ ဝန်ဆောင်မှုကို အကန့်အသတ်ဖြင့်သာ လုပ်ဆောင်ပေးနေသည့် အကြောင်းအမည်မဖော်လိုသူ လားရှိုးမြို့ ဒေသခံ အသက် (၃၀) ကျော် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လားရှိုးမြို့မှာ ထုတ်ငွေကိုတော့ ကိုယ်ထုတ်ချင်သလောက် ထုတ်ပေးနေကြတယ်။ ဒါပေမဲ့ ငွေသွင်း၊ ငွေလွဲတာ အဲ့လို သူတို့ ငွေကို လက်ခံယူထားတာမျိုးဆိုရင်တော့ မလုပ်ပေးကြတော့ဘူး။ တချို့ဘဏ်တွေလည်း တစ်ရက်ကို အယောက် (၁၀) စာနဲ့ တစ်ယောက်ကို (၁၀) သိန်း အဲ့လို ငွေလွဲလုပ်ပေးတာ ရှိတယ်လို့ ကြားတယ်။ ဒါပေမဲ့ တော်တော်များများကတော့ ထုတ်ငွေပဲ ရကြတယ်” ဟု အမည်မဖော်လိုသူ လားရှိုးမြို့ဒေသခံ အသက် (၃၀) ကျော် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း အောက်တိုဘာ ၂၇ ရက်မှ စတင်သည့် “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်မှုနောက်ပိုင်း သျှမ်းပြည်မြောက်ပိုင်းသို့ ငွေလွှဲခြင်း လုံးဝမရတော့ကြောင်း သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့နေထိုင်သူ အသက် ၃၀ကျော် ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ 

“ ကျနော်တို့ သျှမ်းမြောက်ဘက်ကို ငွေလွှဲလို့မရဘူး။ လွှဲရင်လည်း အရမ်းရစ်တာခံရတယ်။ ဘယ်သူ့ဆီလွှဲမှာလဲ။ ဘာလို့လွှဲမှဦလဲ။ လက်ခံလားဆိုတော့လက်မခံဘူး” ဟု ၎င်းအမျိုးသားက ဆိုသည်။ 

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်နှောင်းပိုင်းမှ စတင်ပြီး သျှမ်းမြောက်ဒေသအတွင်း ပြင်းထန်လာသည့် အာဏာသိမ်း စစ်ကောင်စီ နှင့် မဟာမိတ်ပူးပေါင်း တပ်ဖွဲ့ တို့၏ တိုက်ပွဲကြောင့် ဒေသအတွင်း လမ်းပန်း ဆက်သွယ်ရေး၊ ကုန်သွယ်ရေးများ ထိခိုက်ပျက်စီးရသည့် အပြင် ငွေသွင်း ၊ ငွေထုတ် ဘဏ်လုပ်ငန်း လည်ပတ်မှုများလည်း ထိခိုက်လာကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက် မှ ဇန်နဝါရီလ ၉ ရက်အထိ တရုတ်၏ ကြားဝင်ညှိနှိုင်းပေးမှုနှင့် စစ်ကောင်စီ နှင့် ညီနောင်မဟာမိတ်တို့ တတိယအကြိမ် တွေ့ဆုံဆွေးနွေးမှု ရှိခဲ့ကြသော်လည်း ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တင်းမာမှုများရှိနေသည့်အတွက်ကြောင့် ဆွေးနွေးမှုပျက်ပြဲသွားခဲ့ကြောင်းလည်း စုံစမ်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

မြန်မာနိုင်ငံ စစ်ရေးပဋိပက္ခနှင့် စီးပွားရေး ပြိုလဲမှုကြား အမျိုးသမီးများကို တရုတ်မယားအဖြစ် ရောင်းစားမှု မြင့်တက်လာ

0
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများနှင့် စီးပွားရေးပြိုလဲမှုများကြောင့် အမျိုးသမီးများအား တရုတ်မယားအဖြစ် ရောင်းစားသည့် လူကုန်ကူးမှုများ မြင့်တက်လာနေကြောင်း ကချင်အမျိုးသမီးအစည်းအရုံး (KWAT) က ပြောဆိုလိုက်သည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် နောက်ပိုင်း လူကုန်ကူးမှုပုံစံများ ပြောင်းလဲလာနေပြီး ယခင်က နယ်စပ်ဒေသတွင်သာ အဖြစ်များခဲ့သည့် တရုတ်မယားအဖြစ် ရောင်းစားခံရမှုမှာ ယခုအခါ...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...