Monday, May 6, 2024

ဘဏ်

သျှမ်းမြောက် မြို့နယ် အချို့ဘဏ်များ ငွေသွင်း၊ ငွေလွှဲမရ၊ ထုတ်ငွေသာ ဝန်ဆောင်မှုပေးနေ

သျှမ်းပြည် မြောက်ပိုင်း မြို့နယ်ရှိ အချို့ ဘဏ်များ၌ ငွေသွင်း၊ ငွေလွှဲ မရနိုင်ဘဲ ထုတ်ငွေ တမျိုးတည်းသာ ဝန်ဆောင်မှု ပေးနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၀) ရက်နေ့၌ မူဆယ်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ် နှင့် ကမ္ဘောဇဘဏ် (KBZ) တို့၌ ငွေသွင်း ၊ ငွေလွှဲ ဝန်ဆောင်မှု ရပ်တန့်ကာ ထုတ်ငွေကိုသာ ဝန်ဆောင်မှု ပေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် အသက် (၄၀) ဝန်းကျင် အမျိုးသမီး တစ်ဦးက သျှမ်းသံဝောာ်ဆင့်ကို ပြောသည်။ “ကျမက ဘဏ်မှာ ငွေသွားလွှဲမလို့ပါ ၊ ဒါပေမဲ့ ဘဏ်က ငွေလွှဲ ခဏရပ်ထားတယ်တဲ့၊ ဘာကြောင့်လဲဆိုတော့ သူတို့လည်း သေချာမသိဘူး၊ စစ်ရေးမငြိမ်မသက်ဖြစ်လို့ ဆိုပဲ ဖြေတယ်။ ခန့်မှန်းရသလောက်ဆိုရင်တော့ ဘဏ်ထဲမှာ သူတို့ ပိုက်ဆံ များများ ထည့်ထားချင်ပုံ မရဘူး၊ အဲ့ကြောင့်ထင်တယ်” ဟု အသက် (၄၀)ဝန်းကျင် အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ လက်ရှိအချိန်တွင် မူဆယ်မြို့နယ်အတွင်း၌ မြန်မာ့စီးပွားရေးဘဏ်၊ KBZ ဘဏ်တို့သာ ဖွင့်လှစ်နေလျက်ရှိပြီး CB ဘဏ်က ခေတ္တပိတ်ဆိုင်းထားကြောင်းလည်း အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။ အလားတူပင် လားရှိုးမြို့ရှိ ဘဏ်များမှာလည်း ထုတ်ငွေကိုသာ ထုတ်ပေးလျက်ရှိပြီး သွင်းငွေများကို လက်မခံ တော့သည့် အကြောင်း စုံသမ်းသိရသည်။ ထို့အပြင် လက်ရှိအချိန်၌ လားရှိုးမြို့ရှိ ဘဏ်များ တချို့၌ ငွေလွှဲ ဝန်ဆောင်မှုကို အကန့်အသတ်ဖြင့်သာ လုပ်ဆောင်ပေးနေသည့် အကြောင်းအမည်မဖော်လိုသူ လားရှိုးမြို့ ဒေသခံ အသက် (၃၀) ကျော် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “လားရှိုးမြို့မှာ ထုတ်ငွေကိုတော့ ကိုယ်ထုတ်ချင်သလောက် ထုတ်ပေးနေကြတယ်။ ဒါပေမဲ့ ငွေသွင်း၊ ငွေလွဲတာ အဲ့လို သူတို့ ငွေကို လက်ခံယူထားတာမျိုးဆိုရင်တော့ မလုပ်ပေးကြတော့ဘူး။ တချို့ဘဏ်တွေလည်း တစ်ရက်ကို အယောက် (၁၀) စာနဲ့ တစ်ယောက်ကို (၁၀) သိန်း အဲ့လို ငွေလွဲလုပ်ပေးတာ ရှိတယ်လို့ ကြားတယ်။ ဒါပေမဲ့ တော်တော်များများကတော့ ထုတ်ငွေပဲ ရကြတယ်” ဟု အမည်မဖော်လိုသူ လားရှိုးမြို့ဒေသခံ အသက် (၃၀) ကျော် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ သျှမ်းပြည်မြောက်ပိုင်း အောက်တိုဘာ ၂၇ ရက်မှ စတင်သည့် “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်မှုနောက်ပိုင်း သျှမ်းပြည်မြောက်ပိုင်းသို့ ငွေလွှဲခြင်း လုံးဝမရတော့ကြောင်း သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့နေထိုင်သူ အသက် ၃၀ကျော် ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။  “ ကျနော်တို့ သျှမ်းမြောက်ဘက်ကို ငွေလွှဲလို့မရဘူး။ လွှဲရင်လည်း အရမ်းရစ်တာခံရတယ်။...

ဘဏ်အကောင့်အသစ်ဖွင့်လျှင် ကန့်သတ်ချက်မရှိ ငွေထုတ်ယူနိုင်သည့်ပေါ် မယုံကြည်

မြန်မာနိုင်ငံ ဗဟိုဘဏ်မှ ဘဏ်အကောင့်အသစ်ပြန်ဖွင့်ငွေထည့်သူများ အပ်နှံငွေ ပမာဏာအတွင်း ကန့်သတ်ချက် မရှိဘဲ ငွေထုတ်ယူခွင့်ပြုမည်ဆိုသည့်အပေါ် သံသယများစွာရှိနေကြောင်း ပြည်သူများက ပြောဆိုလိုက်သည်။ မြန်မာနိုင်ငံဗဟိုဘဏ် သည် ယမန် ( ဧပြီ ၂၇) ရက်စွဲဖြင့် ထုတ်ပြန်ကြောညာထားပြီး မေလ ၃ ရက်နေ့တွင် ဘဏ်အကောင့်သစ်ဖွင့်သူများကို အပ်နှံထားသည့် ငွေ...

စစ်အာဏာရှင်နှင့် ဆက်နွယ်တဲ့ မြဝတီ၊ ရှေ့ဆောင်ဘဏ်မှ လွှဲပြီး ကျန်ဘဏ်များပိတ်ထား

သျှမ်းပြည်အပါအဝင် မြန်မာတဝှမ်းလုံး ရှိ ဘဏ်ဝန်ထမ်းများသည် စစ်အာဏာရှင် ဆန့်ကျင်ရေး(CDM)လုပ်ဆောင်ကြသဖြင့် ဘဏ်များပိတ်ဆိုင်းလိုက်ရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၁၅)ရက်တွင် ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ (CDM)လုပ်ဆောင်ရန် အတွက် ပြည်သူများက တောင်းဆိုခဲ့ကြပြီး၊ ယနေ့မှာ ပုဂ္ဂလိကဘဏ်ထန်ထမ်း အများစု CDM ပြုလုပ်ကြကာ ဘဏ်ပိတ်ဆိုင်းထားရကြောင်း သိရသည်။ “ တောင်ကြီးမြို့...

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသား ဘဏ် အကောင့် မကြာခဏ ပိတ်ခံနေရ  

သျှမ်းပြည် မြောက်ပိုင်း တရုတ် နယ်စပ် မူစယ်မြို့တွင် တရုတ်နိုင်ငံရှိ ဘဏ်များ၌ အပ်နှံထားသည့် မြန်မာနိုင်ငံသား ကုန်သည်များ၏ ဘဏ်စာရင်းများ မကြာခဏ ဆိုင်းင့ံပိတ်သိမ်းခြင်းခံနေရကြောင်း မူစယ်မြို့ ကုန်သည်များက ဆိုကြသည်။ “ တရုတ် အစိုးရ က မူစယ် ကုန်သည်တွေရဲ့ တရုတ် ဘဏ် အကောင့်...

Latest news