Tuesday, January 27, 2026

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသား ဘဏ် အကောင့် မကြာခဏ ပိတ်ခံနေရ  

သျှမ်းပြည် မြောက်ပိုင်း တရုတ် နယ်စပ် မူစယ်မြို့တွင် တရုတ်နိုင်ငံရှိ ဘဏ်များ၌ အပ်နှံထားသည့် မြန်မာနိုင်ငံသား ကုန်သည်များ၏ ဘဏ်စာရင်းများ မကြာခဏ ဆိုင်းင့ံပိတ်သိမ်းခြင်းခံနေရကြောင်း မူစယ်မြို့ ကုန်သည်များက ဆိုကြသည်။

Photo from AFP

“ တရုတ် အစိုးရ က မူစယ် ကုန်သည်တွေရဲ့ တရုတ် ဘဏ် အကောင့် ကို မကြာ မကြာ ပိတ်တယ်။ သူတို့ ပိတ်လိုက်တိုင်း ငွေလှဲတဲ့သူတွေပဲ ထိတာ။ ကျမတို့ လည်း ပြန်ဖွင့်ပေးဖို့ဆန္ဒပြတယ်။ ဒါပေမယ့် မရသေးဘူး။ ” ဟု မူစယ် မှ ကုန်သည် အမျိုးသမီး တဦး က ပြောသည်။

တရုတ် အစိုးရဘက်က မြန်မာ ကုန်သည်များ၏ တရုတ်ဘဏ် အကောင့်ကို မည်သည့် အကြောင်းပြချက် ဖြင့် ပိတ်သည်ကို သေချာ ပြောပြထားခြင်းမရှိကြောင်း လည်း သူမ က ပြောသည်။

“ မူစယ် က တရုတ်ငွေလှဲ အကြီးစားလုပ်တဲ့သူတွေ ငွေမလှဲတာ တပတ်ရှိပြီ။ တရုတ် အစိုးရ က ကျမတို့ဘဏ် အကောင့်တွေကို ပိတ်တော့ အလုပ်လုပ်ဖို့ ငွေလည်ပတ်ဖို့ခက်တယ်။ တရုတ် အစိုးရ က လုပ်ချင်တိုင်းလုပ်နေတယ်” ဟု မူစယ် မှတရုတ်ငွေလှဲသည့် အမျိုးသမီး နန်းကြည် မှ ပြောသည်။

လက်ရှိမှာလည်း တရုတ်နိုင်ငံမှ မြန်မာ နိုင်ငံ သားများ၏ ဘဏ်အကောင့်များကို အကြောင်းမဲ့ ပိတ်ထားကြောင်း၊ထိုသို့ ဘဏ်အကောင့် များကို မကြာခဏ ပိတ်သည့်အတွက် အလုပ်လုပ်ရသည်မှာ ခက်ခဲနေကြောင်းလည်း နန်းကြည် က ဆိုသည်။

တရုတ်နိုင်ငံ အွန်လိုင်းမှ တဆင့် တရားမဝင် လောင်းကစားများ လုပ်ကိုင်ပြီး ငွေကြေးတရားမဝင် လွှဲပြောင်း ခြင်း ၊ ငွေသွင်း၊ ငွေထုတ်ဆောင်ရွက်ခြင်း များတွင် ပါဝင်ပတ်သတ်မှု ရှိနေသဖြင့် တရုတ်အစိုးရမှ ဘဏ်အကောင့်များ ကို ပိတ်ခဲ့ကြောင်း ယခုနှစ် ဇွန်လက နှစ်နိုင်ငံ တွေ့ဆုံစဉ် တရုတ်အစိုးရဘက်က ပြောခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံဘဏ်များ အပိတ်ခံရသည့် မူစယ်မြို့မှ ကုန်သည်များ၏ ဘဏ်စာရင်း အကောင့်တချို့ကို ပြန်ဖွင့်ပေးရန် တရုတ် အစိုးရ တာဝန်ရှိသူများထံ တောင်းဆိုထားကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် က ယမန်နေ့ (ဇွန် ၂၀) ရက်နေ့တွင် ပြောသည်။

ပိတ်ခံရသည့် မူစယ်မြို့ မှ ကုန်သည်များ၏ ဘဏ်စာရင်း အကောင့်နှင့် ငွေပမာဏကို စာရင်း အတိအကျ ပေးခြင်း မရှိသည့် အတွက် တရုတ် အစိုးရ ဘက်ကိုု တောင်းဆိုရာတွင် အခက်အခဲရှိခဲ့ကြောင်းလည်း ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်း က ဆိုသည်။

ပြီခဲ့သည့် နှစ် ၂၀၁၇ ဇွန် ၁၅ ရက်နေ့တွင်လည်း တရုတ်နိုင်ငံ ရှိ ဘဏ်များတွင် မြန်မာနိုင်ငံ သား များ အပ်နှံထားသည့် ဘဏ် ငွေစာရင်းများကို ပိတ်သိမ်းခဲ့ပြီးသေးကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နိုင်ငံခြားငွေ ရောင်းဝယ်သူ ၃၉ ဦးကို ဖမ်းဆီး၊ ဘဏ်များကို ယုံကြည်ရန် စစ်ကောင်စီပြော

0
နိုင်ငံခြားငွေကြေး ကစားမှုနှင့် ငွေလွှဲ ဟွန်ဒီ လုပ်ငန်း ဆောင်ရွက်မှု စွပ်စွဲချက်ဖြင့် လူ ၃၉ ဦးကို ဖမ်းဆီးလိုက်ပြီး ၄င်းတို့၏ ဘဏ်ငွေစာရင်းများနှင့် Pay Account များ ပိတ်သိမ်းကြောင်း စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ယမန်နေ့ (ဇွန်လ ၄ ရက်)...

သျှမ်းမြောက် မြို့နယ် အချို့ဘဏ်များ ငွေသွင်း၊ ငွေလွှဲမရ၊ ထုတ်ငွေသာ ဝန်ဆောင်မှုပေးနေ

0
သျှမ်းပြည် မြောက်ပိုင်း မြို့နယ်ရှိ အချို့ ဘဏ်များ၌ ငွေသွင်း၊ ငွေလွှဲ မရနိုင်ဘဲ ထုတ်ငွေ တမျိုးတည်းသာ ဝန်ဆောင်မှု ပေးနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၀) ရက်နေ့၌ မူဆယ်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ် နှင့် ကမ္ဘောဇဘဏ် (KBZ) တို့၌ ငွေသွင်း ၊ ငွေလွှဲ ဝန်ဆောင်မှု ရပ်တန့်ကာ ထုတ်ငွေကိုသာ ဝန်ဆောင်မှု ပေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် အသက် (၄၀) ဝန်းကျင် အမျိုးသမီး တစ်ဦးက သျှမ်းသံဝောာ်ဆင့်ကို ပြောသည်။ “ကျမက ဘဏ်မှာ ငွေသွားလွှဲမလို့ပါ ၊ ဒါပေမဲ့ ဘဏ်က ငွေလွှဲ ခဏရပ်ထားတယ်တဲ့၊ ဘာကြောင့်လဲဆိုတော့ သူတို့လည်း သေချာမသိဘူး၊ စစ်ရေးမငြိမ်မသက်ဖြစ်လို့ ဆိုပဲ ဖြေတယ်။ ခန့်မှန်းရသလောက်ဆိုရင်တော့ ဘဏ်ထဲမှာ သူတို့ ပိုက်ဆံ များများ ထည့်ထားချင်ပုံ မရဘူး၊ အဲ့ကြောင့်ထင်တယ်” ဟု အသက် (၄၀)ဝန်းကျင် အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ လက်ရှိအချိန်တွင် မူဆယ်မြို့နယ်အတွင်း၌ မြန်မာ့စီးပွားရေးဘဏ်၊ KBZ ဘဏ်တို့သာ ဖွင့်လှစ်နေလျက်ရှိပြီး CB ဘဏ်က ခေတ္တပိတ်ဆိုင်းထားကြောင်းလည်း အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။ အလားတူပင် လားရှိုးမြို့ရှိ ဘဏ်များမှာလည်း ထုတ်ငွေကိုသာ ထုတ်ပေးလျက်ရှိပြီး သွင်းငွေများကို လက်မခံ တော့သည့် အကြောင်း စုံသမ်းသိရသည်။ ထို့အပြင် လက်ရှိအချိန်၌ လားရှိုးမြို့ရှိ ဘဏ်များ တချို့၌ ငွေလွှဲ ဝန်ဆောင်မှုကို အကန့်အသတ်ဖြင့်သာ လုပ်ဆောင်ပေးနေသည့် အကြောင်းအမည်မဖော်လိုသူ လားရှိုးမြို့ ဒေသခံ အသက် (၃၀) ကျော် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “လားရှိုးမြို့မှာ ထုတ်ငွေကိုတော့ ကိုယ်ထုတ်ချင်သလောက် ထုတ်ပေးနေကြတယ်။ ဒါပေမဲ့ ငွေသွင်း၊ ငွေလွဲတာ အဲ့လို သူတို့ ငွေကို လက်ခံယူထားတာမျိုးဆိုရင်တော့ မလုပ်ပေးကြတော့ဘူး။ တချို့ဘဏ်တွေလည်း တစ်ရက်ကို အယောက် (၁၀) စာနဲ့ တစ်ယောက်ကို (၁၀) သိန်း အဲ့လို ငွေလွဲလုပ်ပေးတာ ရှိတယ်လို့ ကြားတယ်။ ဒါပေမဲ့ တော်တော်များများကတော့ ထုတ်ငွေပဲ ရကြတယ်” ဟု အမည်မဖော်လိုသူ လားရှိုးမြို့ဒေသခံ အသက် (၃၀) ကျော် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ သျှမ်းပြည်မြောက်ပိုင်း အောက်တိုဘာ ၂၇ ရက်မှ စတင်သည့် “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်မှုနောက်ပိုင်း သျှမ်းပြည်မြောက်ပိုင်းသို့ ငွေလွှဲခြင်း လုံးဝမရတော့ကြောင်း သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့နေထိုင်သူ အသက် ၃၀ကျော် ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။  “ ကျနော်တို့ သျှမ်းမြောက်ဘက်ကို ငွေလွှဲလို့မရဘူး။ လွှဲရင်လည်း အရမ်းရစ်တာခံရတယ်။...

ဘဏ်အကောင့်အသစ်ဖွင့်လျှင် ကန့်သတ်ချက်မရှိ ငွေထုတ်ယူနိုင်သည့်ပေါ် မယုံကြည်

0
မြန်မာနိုင်ငံ ဗဟိုဘဏ်မှ ဘဏ်အကောင့်အသစ်ပြန်ဖွင့်ငွေထည့်သူများ အပ်နှံငွေ ပမာဏာအတွင်း ကန့်သတ်ချက် မရှိဘဲ ငွေထုတ်ယူခွင့်ပြုမည်ဆိုသည့်အပေါ် သံသယများစွာရှိနေကြောင်း ပြည်သူများက ပြောဆိုလိုက်သည်။ မြန်မာနိုင်ငံဗဟိုဘဏ် သည် ယမန် ( ဧပြီ ၂၇) ရက်စွဲဖြင့် ထုတ်ပြန်ကြောညာထားပြီး မေလ ၃ ရက်နေ့တွင် ဘဏ်အကောင့်သစ်ဖွင့်သူများကို အပ်နှံထားသည့် ငွေ...

စစ်အာဏာရှင်နှင့် ဆက်နွယ်တဲ့ မြဝတီ၊ ရှေ့ဆောင်ဘဏ်မှ လွှဲပြီး ကျန်ဘဏ်များပိတ်ထား

0
သျှမ်းပြည်အပါအဝင် မြန်မာတဝှမ်းလုံး ရှိ ဘဏ်ဝန်ထမ်းများသည် စစ်အာဏာရှင် ဆန့်ကျင်ရေး(CDM)လုပ်ဆောင်ကြသဖြင့် ဘဏ်များပိတ်ဆိုင်းလိုက်ရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၁၅)ရက်တွင် ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ (CDM)လုပ်ဆောင်ရန် အတွက် ပြည်သူများက တောင်းဆိုခဲ့ကြပြီး၊ ယနေ့မှာ ပုဂ္ဂလိကဘဏ်ထန်ထမ်း အများစု CDM ပြုလုပ်ကြကာ ဘဏ်ပိတ်ဆိုင်းထားရကြောင်း သိရသည်။ “ တောင်ကြီးမြို့...

မူစယ်ဆင်ဖြူဂိတ်ဖြတ်သန်းမယ့် လူထုတွေရဲ့ အခက်အခဲကို အာဏာပိုင်များ ကူညီဖြေရှင်းပေးပါ

0
သို့- သျှမ်းသံတော်ဆင့်သတင်းဌာနမှတဆင့် လူထုအခက်အခဲကို သက်ဆိုင်ရာ အာဏာပိုင်များမြင်တွေ့နားလည်အောင် ဖော်ပြပေးစေလို ………. တရုတ်-မြန်မာ အဝင်အထွက် ဂိတ်ပေါက်တစ်ပေါက်ဖြစ်တဲ့ ဆင်ဖြူပေါက်မှာ နေရာဦးပြီး ပြန်လည်ရောင်းစား နေတာတွေကြောင့် ခရီးသွားပြည်သူလူထုတွေ အခက်အခဲဖြစ်နေပါတယ်။ အရင်က နယ်စပ်ဖြတ်ပြီး အလုပ်ကိစ္စ ၊လူမှုရေး၊ စီးပွါးရေး ၊ ပညာရေးအတွက် ၀င်ထွက်သွားလာရင် လွယ်ကူ ပေမယ့် အခုတော့...