Tuesday, January 27, 2026

စစ်အာဏာရှင်နှင့် ဆက်နွယ်တဲ့ မြဝတီ၊ ရှေ့ဆောင်ဘဏ်မှ လွှဲပြီး ကျန်ဘဏ်များပိတ်ထား

သျှမ်းပြည်အပါအဝင် မြန်မာတဝှမ်းလုံး ရှိ ဘဏ်ဝန်ထမ်းများသည် စစ်အာဏာရှင် ဆန့်ကျင်ရေး(CDM)လုပ်ဆောင်ကြသဖြင့် ဘဏ်များပိတ်ဆိုင်းလိုက်ရကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဖေဖော်ဝါရီ ၁၅)ရက်တွင် ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ (CDM)လုပ်ဆောင်ရန် အတွက် ပြည်သူများက တောင်းဆိုခဲ့ကြပြီး၊ ယနေ့မှာ ပုဂ္ဂလိကဘဏ်ထန်ထမ်း အများစု CDM ပြုလုပ်ကြကာ ဘဏ်ပိတ်ဆိုင်းထားရကြောင်း သိရသည်။

“ တောင်ကြီးမြို့ ပေါ်မှာ ရှိတဲ့ ပုဂ္ဂလိကဘဏ်တွေ ရှေ့မှာစစ်အာဏာရှင် ဆန့်ကျင်တဲ့ ပြည်သူတွေ က ထိုင်သပိတ်အနေနဲ့ပြပါတယ်။ ဘဏ်လည်း ပိတ်ထားပါတယ်။ ဒါပေမယ့် စစ်အာဏာရှင်တွေနဲ့ ဆက်စပ်တဲ့ မြဝတီဘဏ်၊ အင်းဝဘဏ်တွေကတော့ တပ်လုံခြုံရေး တွေ အပြည့် စောင့်နေပါတယ်” ဟု တောင်ကြီးမြို့ ဒေသခံ တဦး ပြောပြချက် အရသိရသည်။

ပုဂ္ဂလိက ဘဏ် များပိတ်ဆိုင်းထားသော်လည်း စစ်အာဏာရှင် နှင့် ဆက်စပ်သည့် အင်းဝဘဏ်၊ မြန်မာရှေ့ဆောင်ဘဏ် တို့ သည် ဖွင့်လှစ်ထားပြီး စစ်သားများနှင့် ရဲများက လုံးခြုံရေး အပြည့်ယူထားကြောင်းသိရသည်။

ယနေ့ ဆန္ဒပြပွဲတွင် စစ်တပ်ဘဏ်ရှေ့တွင် ဝန်းထမ်းများအားလုံး CDM တွင် ပါဝင်လှုပ်ရှားလာရန် အတွက် ဘဏ်ရှေ့တွင် ထိုင်ပြီး ဆန္ဒပြခဲ့ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့လို ထပ်အဖြစ်မခံလောက်တော့ဘူး။ အကယ်လို့ ထပ်လက်လွှတ်ခဲ့ရတယ်ဆိုရင်တောင် DPLA ပြန်တိုက်ထုတ်မယ်။

0
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) သည် စစ်အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒများကို ဆန့်ကျင်တိုက်ဖျက်သွားရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၇ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ လက်ရှိတွင် DPLA အဖွဲ့ဝင် စစ်အင်အား တစ်ထောင်ကျော်ရှိပြီး ဓနုလူမျိုးများနေထိုင်သည့် သျှမ်းပြည်မြောက်ပိုင်းနှင့် သျှမ်းပြည်တောင်ပိုင်း ရွာငံ၊...

စစ်အာဏာရှင် အသက်ဆက်ရေးအတွက် အသက်ကယ်ဆေး အဖြစ်မခံဖို့လိုအပ်

0
၁၉၆၂ မတ်လ ၂ ရက်က မြန်မာ့တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်း က ဝန်ကြီးချုပ် ဉီးနု၏ အရပ်သားအစိုးရအာဏာကို သိမ်းပိုက်လိုက်သည်။ မြန်မာနိုင်ငံ ပထမ ဆုံး သမ္မတကြီး ဖြစ်သူ သျှမ်းစော်ဘွားကြီး စဝ်ရွှေသိုက် ၏ ရန်ကုန်မြို့ရှိ ကုက္ကိုင်းအိမ်တော်ကို ဝင်စီးပြီး အသက် ၁၅...

ကျားဖြန့်နှင့် စစ်အာဏာရှင် အမြစ်ပြတ်ရေး တိုက်ပွဲဝင်ခဲ့သည့် MNDAA လားရှိုးမြို့က တပ်ဆုတ်မည်

0
ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီအကြား တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ဇန်နဝါရီလ ၁၈ ရက်နေ့မှ စတင်အသက်ဝင်ခဲ့သည့် အပစ်ရပ်သဘောတူညီချက်ကြောင့် MNDAA ထိန်းချုပ်နယ်မြေရှိ မြို့ကြီးများတွင် တရုတ်နှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နေသည်။ “နွေဦးပွဲတော်”ဟု အမည်ပေးထားသည့် တရုတ်နှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီလ ၂၈ ရက်နေ့မှ စတင်ပြီး ဖေဖော်ဝါရီလကုန်အထိ...

နိုင်ငံခြားငွေ ရောင်းဝယ်သူ ၃၉ ဦးကို ဖမ်းဆီး၊ ဘဏ်များကို ယုံကြည်ရန် စစ်ကောင်စီပြော

0
နိုင်ငံခြားငွေကြေး ကစားမှုနှင့် ငွေလွှဲ ဟွန်ဒီ လုပ်ငန်း ဆောင်ရွက်မှု စွပ်စွဲချက်ဖြင့် လူ ၃၉ ဦးကို ဖမ်းဆီးလိုက်ပြီး ၄င်းတို့၏ ဘဏ်ငွေစာရင်းများနှင့် Pay Account များ ပိတ်သိမ်းကြောင်း စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ယမန်နေ့ (ဇွန်လ ၄ ရက်)...

သျှမ်းမြောက် မြို့နယ် အချို့ဘဏ်များ ငွေသွင်း၊ ငွေလွှဲမရ၊ ထုတ်ငွေသာ ဝန်ဆောင်မှုပေးနေ

0
သျှမ်းပြည် မြောက်ပိုင်း မြို့နယ်ရှိ အချို့ ဘဏ်များ၌ ငွေသွင်း၊ ငွေလွှဲ မရနိုင်ဘဲ ထုတ်ငွေ တမျိုးတည်းသာ ဝန်ဆောင်မှု ပေးနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၀) ရက်နေ့၌ မူဆယ်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ် နှင့် ကမ္ဘောဇဘဏ် (KBZ) တို့၌ ငွေသွင်း ၊ ငွေလွှဲ ဝန်ဆောင်မှု ရပ်တန့်ကာ ထုတ်ငွေကိုသာ ဝန်ဆောင်မှု ပေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် အသက် (၄၀) ဝန်းကျင် အမျိုးသမီး တစ်ဦးက သျှမ်းသံဝောာ်ဆင့်ကို ပြောသည်။ “ကျမက ဘဏ်မှာ ငွေသွားလွှဲမလို့ပါ ၊ ဒါပေမဲ့ ဘဏ်က ငွေလွှဲ ခဏရပ်ထားတယ်တဲ့၊ ဘာကြောင့်လဲဆိုတော့ သူတို့လည်း သေချာမသိဘူး၊ စစ်ရေးမငြိမ်မသက်ဖြစ်လို့ ဆိုပဲ ဖြေတယ်။ ခန့်မှန်းရသလောက်ဆိုရင်တော့ ဘဏ်ထဲမှာ သူတို့ ပိုက်ဆံ များများ ထည့်ထားချင်ပုံ မရဘူး၊ အဲ့ကြောင့်ထင်တယ်” ဟု အသက် (၄၀)ဝန်းကျင် အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ လက်ရှိအချိန်တွင် မူဆယ်မြို့နယ်အတွင်း၌ မြန်မာ့စီးပွားရေးဘဏ်၊ KBZ ဘဏ်တို့သာ ဖွင့်လှစ်နေလျက်ရှိပြီး CB ဘဏ်က ခေတ္တပိတ်ဆိုင်းထားကြောင်းလည်း အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။ အလားတူပင် လားရှိုးမြို့ရှိ ဘဏ်များမှာလည်း ထုတ်ငွေကိုသာ ထုတ်ပေးလျက်ရှိပြီး သွင်းငွေများကို လက်မခံ တော့သည့် အကြောင်း စုံသမ်းသိရသည်။ ထို့အပြင် လက်ရှိအချိန်၌ လားရှိုးမြို့ရှိ ဘဏ်များ တချို့၌ ငွေလွှဲ ဝန်ဆောင်မှုကို အကန့်အသတ်ဖြင့်သာ လုပ်ဆောင်ပေးနေသည့် အကြောင်းအမည်မဖော်လိုသူ လားရှိုးမြို့ ဒေသခံ အသက် (၃၀) ကျော် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “လားရှိုးမြို့မှာ ထုတ်ငွေကိုတော့ ကိုယ်ထုတ်ချင်သလောက် ထုတ်ပေးနေကြတယ်။ ဒါပေမဲ့ ငွေသွင်း၊ ငွေလွဲတာ အဲ့လို သူတို့ ငွေကို လက်ခံယူထားတာမျိုးဆိုရင်တော့ မလုပ်ပေးကြတော့ဘူး။ တချို့ဘဏ်တွေလည်း တစ်ရက်ကို အယောက် (၁၀) စာနဲ့ တစ်ယောက်ကို (၁၀) သိန်း အဲ့လို ငွေလွဲလုပ်ပေးတာ ရှိတယ်လို့ ကြားတယ်။ ဒါပေမဲ့ တော်တော်များများကတော့ ထုတ်ငွေပဲ ရကြတယ်” ဟု အမည်မဖော်လိုသူ လားရှိုးမြို့ဒေသခံ အသက် (၃၀) ကျော် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ သျှမ်းပြည်မြောက်ပိုင်း အောက်တိုဘာ ၂၇ ရက်မှ စတင်သည့် “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်မှုနောက်ပိုင်း သျှမ်းပြည်မြောက်ပိုင်းသို့ ငွေလွှဲခြင်း လုံးဝမရတော့ကြောင်း သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့နေထိုင်သူ အသက် ၃၀ကျော် ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။  “ ကျနော်တို့ သျှမ်းမြောက်ဘက်ကို ငွေလွှဲလို့မရဘူး။ လွှဲရင်လည်း အရမ်းရစ်တာခံရတယ်။...