စစ်အာဏာရှင်နှင့် ဆက်နွယ်တဲ့ မြဝတီ၊ ရှေ့ဆောင်ဘဏ်မှ လွှဲပြီး ကျန်ဘဏ်များပိတ်ထား

သျှမ်းပြည်အပါအဝင် မြန်မာတဝှမ်းလုံး ရှိ ဘဏ်ဝန်ထမ်းများသည် စစ်အာဏာရှင် ဆန့်ကျင်ရေး(CDM)လုပ်ဆောင်ကြသဖြင့် ဘဏ်များပိတ်ဆိုင်းလိုက်ရကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဖေဖော်ဝါရီ ၁၅)ရက်တွင် ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ (CDM)လုပ်ဆောင်ရန် အတွက် ပြည်သူများက တောင်းဆိုခဲ့ကြပြီး၊ ယနေ့မှာ ပုဂ္ဂလိကဘဏ်ထန်ထမ်း အများစု CDM ပြုလုပ်ကြကာ ဘဏ်ပိတ်ဆိုင်းထားရကြောင်း သိရသည်။

“ တောင်ကြီးမြို့ ပေါ်မှာ ရှိတဲ့ ပုဂ္ဂလိကဘဏ်တွေ ရှေ့မှာစစ်အာဏာရှင် ဆန့်ကျင်တဲ့ ပြည်သူတွေ က ထိုင်သပိတ်အနေနဲ့ပြပါတယ်။ ဘဏ်လည်း ပိတ်ထားပါတယ်။ ဒါပေမယ့် စစ်အာဏာရှင်တွေနဲ့ ဆက်စပ်တဲ့ မြဝတီဘဏ်၊ အင်းဝဘဏ်တွေကတော့ တပ်လုံခြုံရေး တွေ အပြည့် စောင့်နေပါတယ်” ဟု တောင်ကြီးမြို့ ဒေသခံ တဦး ပြောပြချက် အရသိရသည်။

ပုဂ္ဂလိက ဘဏ် များပိတ်ဆိုင်းထားသော်လည်း စစ်အာဏာရှင် နှင့် ဆက်စပ်သည့် အင်းဝဘဏ်၊ မြန်မာရှေ့ဆောင်ဘဏ် တို့ သည် ဖွင့်လှစ်ထားပြီး စစ်သားများနှင့် ရဲများက လုံးခြုံရေး အပြည့်ယူထားကြောင်းသိရသည်။

ယနေ့ ဆန္ဒပြပွဲတွင် စစ်တပ်ဘဏ်ရှေ့တွင် ဝန်းထမ်းများအားလုံး CDM တွင် ပါဝင်လှုပ်ရှားလာရန် အတွက် ဘဏ်ရှေ့တွင် ထိုင်ပြီး ဆန္ဒပြခဲ့ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

After Election_China

တရုတ်အလိုကျ အစိုးရသစ်ဆီသို့ စစ်အာဏာရှင်အရွေ့က လူထုအတွက် ဗလာနတ္ထိ

0
အာဏာသိမ်းစစ်တပ် ဉီးစီးကျင်းပပြီးသည့် ရွေးကောက်ပွဲရလဒ်များကို အခြေခံ၍ လာမည့်လပိုင်းအတွင်း စစ်ကောင်စီ အသွင်ပြောင်း "အစိုးရသစ်" တစ်ရပ်ကို ဖွဲ့စည်းရန် ပြင်ဆင်နေသည်။ သို့သော်လည်း ဖြစ်စဉ်တစ်ခုလုံးမှာ တရုတ်နိုင်ငံ အလိုကျ ဖန်တီးထားသည့် စစ်အာဏာရှင် သက်တမ်းတိုး အရွေ့တစ်ခုသာဖြစ်ပြီး ပြည်သူလူထုအတွက်မူ အနှစ်သာရ ကင်းမဲ့သော "ဗလာနတ္ထိ" အချိုးအကွေ့တစ်ခုသာ ဖြစ်နေသည်ကို...

လားရှိုးမြို့လို ထပ်အဖြစ်မခံလောက်တော့ဘူး။ အကယ်လို့ ထပ်လက်လွှတ်ခဲ့ရတယ်ဆိုရင်တောင် DPLA ပြန်တိုက်ထုတ်မယ်။

0
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) သည် စစ်အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒများကို ဆန့်ကျင်တိုက်ဖျက်သွားရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၇ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ လက်ရှိတွင် DPLA အဖွဲ့ဝင် စစ်အင်အား တစ်ထောင်ကျော်ရှိပြီး ဓနုလူမျိုးများနေထိုင်သည့် သျှမ်းပြည်မြောက်ပိုင်းနှင့် သျှမ်းပြည်တောင်ပိုင်း ရွာငံ၊...

စစ်အာဏာရှင် အသက်ဆက်ရေးအတွက် အသက်ကယ်ဆေး အဖြစ်မခံဖို့လိုအပ်

0
၁၉၆၂ မတ်လ ၂ ရက်က မြန်မာ့တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်း က ဝန်ကြီးချုပ် ဉီးနု၏ အရပ်သားအစိုးရအာဏာကို သိမ်းပိုက်လိုက်သည်။ မြန်မာနိုင်ငံ ပထမ ဆုံး သမ္မတကြီး ဖြစ်သူ သျှမ်းစော်ဘွားကြီး စဝ်ရွှေသိုက် ၏ ရန်ကုန်မြို့ရှိ ကုက္ကိုင်းအိမ်တော်ကို ဝင်စီးပြီး အသက် ၁၅...

ကျားဖြန့်နှင့် စစ်အာဏာရှင် အမြစ်ပြတ်ရေး တိုက်ပွဲဝင်ခဲ့သည့် MNDAA လားရှိုးမြို့က တပ်ဆုတ်မည်

0
ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီအကြား တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ဇန်နဝါရီလ ၁၈ ရက်နေ့မှ စတင်အသက်ဝင်ခဲ့သည့် အပစ်ရပ်သဘောတူညီချက်ကြောင့် MNDAA ထိန်းချုပ်နယ်မြေရှိ မြို့ကြီးများတွင် တရုတ်နှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နေသည်။ “နွေဦးပွဲတော်”ဟု အမည်ပေးထားသည့် တရုတ်နှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီလ ၂၈ ရက်နေ့မှ စတင်ပြီး ဖေဖော်ဝါရီလကုန်အထိ...

နိုင်ငံခြားငွေ ရောင်းဝယ်သူ ၃၉ ဦးကို ဖမ်းဆီး၊ ဘဏ်များကို ယုံကြည်ရန် စစ်ကောင်စီပြော

0
နိုင်ငံခြားငွေကြေး ကစားမှုနှင့် ငွေလွှဲ ဟွန်ဒီ လုပ်ငန်း ဆောင်ရွက်မှု စွပ်စွဲချက်ဖြင့် လူ ၃၉ ဦးကို ဖမ်းဆီးလိုက်ပြီး ၄င်းတို့၏ ဘဏ်ငွေစာရင်းများနှင့် Pay Account များ ပိတ်သိမ်းကြောင်း စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ယမန်နေ့ (ဇွန်လ ၄ ရက်)...