စစ်အာဏာရှင် အသက်ဆက်ရေးအတွက် အသက်ကယ်ဆေး အဖြစ်မခံဖို့လိုအပ်

၁၉၆၂ မတ်လ ၂ ရက်က မြန်မာ့တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်း က ဝန်ကြီးချုပ် ဉီးနု၏ အရပ်သားအစိုးရအာဏာကို သိမ်းပိုက်လိုက်သည်။

မြန်မာနိုင်ငံ ပထမ ဆုံး သမ္မတကြီး ဖြစ်သူ သျှမ်းစော်ဘွားကြီး စဝ်ရွှေသိုက် ၏ ရန်ကုန်မြို့ရှိ ကုက္ကိုင်းအိမ်တော်ကို ဝင်စီးပြီး အသက် ၁၅ နှစ် အရွယ်သာ ရှိသေးသည့် သားတော် စဝ်မီမီသိုက် ကို ပစ်သတ်လိုက်သည်။

ထိုကိစ္စကို ဉီးနေဝင်းက ကမ္ဘာ့မီဒီယာများအား – “ယိုယွင်းလာနေတဲ့ ပြည်ထောင်စု ရဲ့ အနေအထားကို ဗမာ့ တပ်မတော်က တာဝန်ယူ စောင့်ရှောက်လိုက်ပြီး သွေးမြေမကျဘဲ တိုင်းပြည့်အာဏာကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်” ဟု ထိုစဉ်က ပြောကြားခဲ့သည်။

လက်တွေ့တွင် စဝ်မီ ပစ်သတ်ခံရသည့်အပြင် သျှမ်းစော်ဘွားကြီးများ သျှမ်းခေါင်းဆောင်များ ကို ဖမ်းဆီးထောင်ချခဲ့သည်။ ခေတ်ပညာတတ် သီပေါစော်ဘွားကြီး စဝ်ကြာဆိုင်ကို ဖမ်းဆီးခေါ်ဆောင် သွားပြီး အစဖျောက်ခဲ့သည်မှာ ကနေ့အထိ နတ်ရွာစံကံတော်ကုန်သည့် နေရာပင်ရှာ မတွေ့ခဲ့ပေ။

ပင်လုံညီလာခံမှ သဘောတူညီချက်အရ ၁၀ နှစ်အတူတကွ ဒွန်တွဲနေထိုင်ကြည့်သော်လည်း မျှော်လင့်ချက်အတိုင်း ဖြစ်မလာသောကြောင့် စဝ်နွဲ့ ဆောယန္တ ဉီးဆောင်သည့် သျှမ်းလူငယ် ၃၂ ဉီးက လက်နက်စွဲကိုင်ပြီး ၁၉၅၈ မေလ ၂၁ ရက် တွင် သျှမ်းလက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့သည်။

ထိုစဉ် သျှမ်းခေါင်းဆောင်အများစုက စဝ်နွဲ့၏ လမ်းစဉ်ကို အကောင်းမမြင်ဘဲ ဖြစ်ပေါ်နေသည့် နိုင်ငံ့အရေးကို လွှတ်တော်မှတဆင့် ဖြေရှင်းရန် ကြိုးစားကြစဉ် ဗိုလ်ချုပ်နေဝင်းက အာဏာသိမ်း လိုက်ခြင်းဖြစ်သည်။

ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းပြီး ၂ နှစ်ကျော်သော်လည်း သျှမ်းပြည်မြောက်ပိုင်း သိန္နီနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ မြန်မာနိုင်ငံပထမဆုံးသမ္မတ ညောင်ရွှေစော်ဘွားကြီး၏ မဟာဒေဝီ စဝ်မယ့် နန်းဟိန်းခမ်း က ၁၉၆၄ ဧပြီ ၂၄ ရက်၌ သျှမ်းပြည်တပ်မတော် SSA ကိုထပ်မံတည်ထောင်ဖွဲ့စည်းလိုက်သည်။

ထိုစဉ်စတင်ထားပြီးဖြစ်သည့် သျှမ်းလူငယ်များတပ်မတော်နှင့် မပေါင်းစည်းနိုင်ခြင်းသည် ကနေ့ထက်တိုင် ကုသဖို့ဆေးရှာမရခဲ့သည်မှာ အားလုံးအသိပင်ဖြစ်သည်။

ပိုဆိုးသည်မှာ ဆေးရှာဖို့ ကနေ့ခေတ်ခေါင်းဆောင်ကြီးများမကြိုးစားဘဲ တစ်ဉီးအပေါ်တစ်ဉီး မာန်မာနတရားရှေ့တန်းတင်နေသဖြင့် အမျိုးသားရင်ကြားစေ့ရေး ၊ ပေါင်းစည်းညီညွတ်ရေး ဟူသည်မှာလည်း မရှိလာခဲ့ပေ။

သျှမ်းပြည်တိုင်းရင်းသား လူမျိုးစုများကလည်း နောင်တော် သျှမ်းများကို အားကိုးဖို့ထက် မိမိကိုယ်မိမိ အားကိုးဖို့သာ လုပ်ဆောင်လာသည်ကိုတွေ့ကြရသည့်အတိုင်းပင်ဖြစ်သည်။

ဤအချက်များကို တွေးတောဆင်ခြင်ကြခြင်းဖြင့် သျှမ်းလူငယ် လူကြီး ရဟန်းရှင်လူ အလွှာ အသီးသီး က မမေ့လျော့ကြဖို့အထူးလိုအပ်သည်။ အဖိနှိပ်ခံဘဝကနေ လွတ်မြောက်ဖို့ သျှမ်းလူမျိုး စည်းလုံး ညီညွှတ်မှု ယိုယွင်းနေသည်ကို ကနေ့သျှမ်းတွေက အပြီးသတ် ပြုပြင်ဖာထေးဖို့ အထူးလိုအပ်နေ ပါသည်။

“နွားကွဲရင် ကျားဆွဲမယ်” ဆိုသည့် စကားပုံအတိုင်း သျှမ်းကွဲလို့ သျှမ်းမတွဲ လို့ သျှမ်းပြည်ပြိုကွဲပျက်စီး သွားသည်ဆိုသည်ထက် စစ်အာဏာရှင် အသက်ဆက်ရေးအတွက် အသက်ကယ်ဆေးတခွက်ဖြစ် နေသည်ကို သတိမူသင့်ပါကြောင်း သံတော်ဆင့်အပ်ပါသည်။

လူထုအသံ သျှမ်းသံတော်ဆင့်အသံ
အယ်ဒီတာ့အာဘော်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...