ဘဏ်အကောင့်အသစ်ဖွင့်လျှင် ကန့်သတ်ချက်မရှိ ငွေထုတ်ယူနိုင်သည့်ပေါ် မယုံကြည်

မြန်မာနိုင်ငံ ဗဟိုဘဏ်မှ ဘဏ်အကောင့်အသစ်ပြန်ဖွင့်ငွေထည့်သူများ အပ်နှံငွေ ပမာဏာအတွင်း ကန့်သတ်ချက် မရှိဘဲ ငွေထုတ်ယူခွင့်ပြုမည်ဆိုသည့်အပေါ် သံသယများစွာရှိနေကြောင်း ပြည်သူများက ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံဗဟိုဘဏ် သည် ယမန် ( ဧပြီ ၂၇) ရက်စွဲဖြင့် ထုတ်ပြန်ကြောညာထားပြီး မေလ ၃ ရက်နေ့တွင် ဘဏ်အကောင့်သစ်ဖွင့်သူများကို အပ်နှံထားသည့် ငွေ ပမာဏာအတွင်း ကန့်သခတ်ချက်မရှိဘဲ ထုတ်ယူခွင့်ပြုမည်ဟု ရေးသားထားသည်။

မေ (၃)ရက် မတိုင်မီ ဘဏ်များတွင် စာရင်းဖွင့်လှစ်ထားသူများအနေဖြင့် မြန်မာနိုင်ငံဗဟိုဘဏ် မှ မူလ ငွေထုတ်ကန့်သတ်ချက်အတိုင်းငွေသားများ ဆက်လက်ထုတ်ယူခွင့်ပြုမည်ဖြစ်ပြီး၊ အဆိုပါ ငွေထုတ် ကန့်သတ်ချက်များကိုလည်း ဖြေလျော့ပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက် တွင်ရေးသားထားသည်။

“သွားဖွင့်ရင်ဘယ်က ပိုက်ဆံနဲ့သွားထည့်ရမလဲ။ ကျမကတော့ သွားမဖွင့်ဘူး။ သူတို့ ပြောလာသမျှတွေကို ဆန့်ကျင်ဘက်နဲ့ဘဲတွေးရမှာ။ ယုံကြည်မှုမရှိတော့ဘူး” ဟု တာချီလိတ်မြို့ စီပွားရေးသမားတစ်ဦး ကပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဘဏ်များကို ပိတ်ထားပြီး ပြည်သူများ ငွေထုတ်ယူရန် အခက်ခဲများစွာ ကြုံတွေနေရကြောင်း သိရသည်။

ယခု ဘဏ်အကောင့် အသစ်ပြန်ဖွင့်ခိုင်းတာ လှည့်ကွက်တစ်ခုဖြစ်နိုင်ကြောင်း ပြည်သူတစ်ဦးကပြောသည်။

“ ကျနော်တို့ သူတို့ဒီလိုထုတ်ပြန်တာ ဘာမှ ယုံကြည်လို့မသေးဘူး။ နိုင်ငံရေးအရ ငွေမလှည်ပတ်နိုင်တော့လို့ ပြည်သူတွေကို လှည့်ကွက်လုပ်တာလည်းဖြစ်နိုင်တယ်။ မူဆယ်မှာလည်း ဘဏ်ထဲပိုက်ဆံရှိတဲ့သူတွေအားလုံးက အကုန်သွားထုတ်လာနေကြပြီ” ဟု မူဆယ်မြို့ ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် စီးပွားရေးမလည်ပတ်နိုင်သည့်အပြင် ပြည်သူများက စစ်တပ်ပိုင်း ကုန်ပစ္စည်းများ မသုံးစွဲခြင်း(boycott) လုပ်ခြင်းဖြင့် အာဏာဆန့်ကျင်ကြသည်။

ထိုကြောင့် စစ်ကောင်စီမှ ထိုင်းနိုင်ငံကတင်းသွင်းသည့် အခြေခံစားသောက်ကုန် ၅မျိုးကိုလည်း မေလ ၁ ရက်နေ့မှ စတင်ပိတ်ပင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြောညာထားသည်။

“ အလုပ်ကလည်း မလှည်ပတ်နိုင်ဘူး။ ကုန်ပစ္စည်းတင်ပို့ဖို့ကလည်းပိတ်ထားခိုင်းတယ်။ အခုက ဘဏ်အကောင့်သစ်ဖွင့်ရင် ပိုက်ဆံအကုန်ထုတ်လို့ရမယ်။ ခုဖြစ်နေတဲ့ ပြသာနာကိုမဖြေရှင်းနိုင်သေးဘူး။ ယုံကြည်မှုမရှိဘူး။ သွားလဲမလုပ်ဘူး။” ဟု နယ်စပ်တွင် ရှာဖွေစားသောက်သူ တစ်ဦးကပြောသည်။

လက်ရှိတွင် ဘဏ် ATM တွင် ပြည်သူတစ်ဦးကို တစ်ရက်လျှင် ငွေကျပ် ၂ သိန်း နှုန်းဖြင့်သာ ထုတ်ခွင့်ပေးပြီး လူဦးရေ အကန့်သတ်ဖြင့် ထုတ်ယူနေရကြောင်း၊ ဘဏ်သို့မနက် အစောကြီးသွားရောက် တန်းစီ စောင့်ဆိုင်းပြီး ငွေထုတ်နေရကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းပြီးနောက် ဘဏ်ဝန်းထမ်းများ၊ အစိုးရဝန်းထမ်းများ အာဏာဖီဆန်ရေး CDM တွင် ပါဝင်လှုပ်ရှာလာသောကြောင့် စီးပွားရေးများ၊ နိုင်ငံတော် ယန္တယားများ ကောင်းမွန်စွာလှည့်ပတ်နိုင်ခြင်း မရှိတော့ကြောင်းသိရသည်။

အကြမ်းစစ်ကောင်စီမှ ပြည်သူများက ၎င်းတို့ကို ထောက်ခံလာအောင် အကြမ်းဖက် နည်းမျိုးစုံဖြင့် လုပ်နေသည့် အပေါ် ပြည်သူများကလည်း နည်းမျိုးစုံဖြင့် ဆက်လက်ဆန့်ကျင်နေလျက်ရှိကြောင်း မြေပြင်ဖြစ်ပျက်နေသည့် သတင်းအရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အာဏာသိမ်းသမ္မတ လာအိုခရီးစဉ်အပြီး မြန်မာ-လာအိုနယ်စပ်ဂိတ် ပြန်ဖွင့်

0
စစ်အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်သည် လာအိုနိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ် ၃ ရက်ကြာသွားပြီးနောက် မြန်မာ-လာအိုနယ်စပ် ရေကြောင်းဖြတ်သန်းမှုကို (ဇူလိုင် ၁၆ ရက်)တွင် တရားဝင် ပြန်လည် ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ စစ်အာဏာသိမ်း သမ္မတ...

ရွာငံနှင့် ပင်းတယတွင် ဇွန်လအတွင်း အမျိုးသား သုံးဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တွင် ဇွန်လအတွင်း အမျိုးသားသုံးဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွာငံနှင့် ပင်းတယတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးနှင့် အရပ်သားများ မကြာခဏ သတ်ခံနေရကြောင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ပထမပတ်တွင် ရွာငံမြို့နယ် မြိုင်ကျေးရွာမှ ပျူစောထီး တစ်ဦးကို အမည်မသိလက်နက်ကိုင် အဖွဲ့မှ လာရောက်သတ်ဖြတ်ခဲ့ပြီး အလားတူ...

နိုင်ငံတကာအသိအမှတ်ပြုမှုအတွက် ဦးမင်းအောင်လှိုင် တရုတ်ခရီးစဉ်စတင်

0
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ (၅) ရက်ကြာ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးအဖြစ် ယနေ့ (ဇွန်လ ၁၅ ရက်) တွင် တရုတ်နိုင်ငံသို့ စတင်ထွက်ခွာပြီ ဖြစ်ကြောင်း သိရသည်။  ယခုခရီးစဉ်သည် ဦးမင်းအောင်လှိုင် သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ဒေသတွင်း အင်အားကြီးနိုင်ငံများထံမှ သံတမန်ရေးရာ...

နိုင်ငံရေးမတည်ငြိမ်တည့်ကြား ရေအားလျှပ်စစ် ထုတ်လုပ်ရေးတွင် ရင်းနှီးမြှုပ်နှံရန် စစ်တပ်ဖိတ်ခေါ်

0
မြန်မာနိုင်ငံတွင် တိုက်ပွဲများဖြစ်ပွားနေပြီး နိုင်ငံရေးအရ မတည်ငြိမ်မှုများ ကြုံတွေ့နေရသော်လည်း အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်က နိုင်ငံအတွင်းရှိ ရေအားလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုဝင်ဝင်ရောက်လာစေရန် ပြောကြားလိုက်သည်။ ယမန်နေ့ (ဇွန်လ ၉ ရက်) က နေပြည်တော်တွင် ကျင်းပသည့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အစည်းအဝေးတွင် အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်က ပြောကြားခဲ့ခြင်း...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...