Sunday, May 19, 2024

တိုက်ပွဲ

သျှမ်းမြောက် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၄၀ ကျော်သေဆုံး၊ ဗိုလ်ကြီးအပါအဝင် လက်နက်ခဲယမ်းများ ဖမ်းဆီးသိမ်းဆည်းရမိ

သျှမ်းပြည် မြောက်ပိုင်းဒေသတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၄၀ ကျော်သေဆုံးပြီး ဗိုလ်ကြီးအပါအဝင် စစ်သုံ့ပန်းနှင့်အတူလက်နက်ခဲယမ်း အများအပြား ဖမ်းဆီးသိမ်းဆည်းရမိကြောင်း BPLA မှထုတ်ပြန်ထားသည်။ ယမန်နေ့ (အောက်တိုဘာလ ၂၈ ရက်) နံနက်ပိုင်းအချိန်မှစပြီး သျှမ်းမြောက်ဒေသရှိ မဟာမိတ်တပ်ဖွဲ့များ လှုပ်ရှားရာနေရာတစ်ခုသို့ တပ်မ (၃၃) လက်အောက်ခံတပ်ရင်း...

လောက်ကိုင်မြို့ ညမထွက်ရအမိန့်ထုတ်ပြီးနောက် ရိက္ခာအလုအယက်ဝယ် ဆန်စျေးတက်

သျှမ်းပြည် လောက်ကိုင်မြို့နယ်အတွင်း ယနေ့ (အောက်တိုဘာလ ၂၉ ) ရက်မှစပြီး အခြေအနေများ ရှုပ်ထွေးမှုကြောင့်ဆိုကာ ညအမိန့်ထုတ်ပြန်လိုက်ကြောင်း သတင်းသိရှိရသည်။ မြန်မာစံတော်ချိန် ည ၁၀ နာရီမှ နံနက် ၄ နာရီခွဲအချိန်ထိ ညမထွက်ရအချိန်အဖြစ် သတ်မှတ်ထားပြီး လိုက်နာခြင်း မရှိပါက ဉပဒေနှင့်အညီ အရေးဆောင်ရွက်သွားမည်ဟု ကိုးကန့်...

သိန္နီမြို့ စစ်ဘေးရှောင်ဉီးရေ ၃၀၀၀ ကျော်အတွက် စားနပ်ရိက္ခာနှင့် သောက်သုံးရေ အရေးပေါ် လိုအပ်နေ

သျှမ်းပြည် သိန္နီမြို့နယ်ရှိ စစ်ဘေးရှောင်ဦးရေ ၃၀၀၀ ကျော်အတွက် စားနပ်ရိက္ခာနှင့် သောက်သုံးရေများ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာ ၂၇ ရက် မှ စတင်ဖြစ်ပွားသော ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်တို့၏ “စစ်ဆင်ရေး-၁၀၂၇”ကြောင့် သိန္နီမြို့နယ်အတွင်း စစ်ဘေးရှောင်ဦးရေ ၃၀၀၀ ကျော်ရှိလာပြီး ၎င်းတို့မှာ...

ကျောက်မဲမြို့ စစ်ကောင်စီတပ်စခန်းအနီး လက်နက်ကြီးဖြင့် ပစ်ခတ်သံများကြားနေရ

သျှမ်းပြည် ကျောက်မဲမြို့နယ် မြောက်ဘက်ရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း တပ်အမှတ် ၅၀၁ အနီးတွင် ယနေ့ (အောက်တိုဘာလ ၂၉ ရက်) ညနေ ၄ နာရီအချိန်မှစပြီး လက်နက်ကြီး ပစ်ခတ်သံများ ထပ်ဆင့်ကြားနေရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “ ဒီညနေ ၄ လောက်စပြီး တစ်ချက်ကြားတယ်။...

နောင်ချို စစ်ကောင်စီတပ် ခမရ-၁၁၄ မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေ

သျှမ်းပြည် နောင်ချိုမြို့အနီး ကျောက်ကြမ်းရွာရှိ စစ်ကောင်စီတပ် ခမရ-၁၁၄ မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာ ၂၉ ရက်) နံနက် ၄ နာရီအချိန်ခန့်မှ စတင်ပြီး နောင်ချိုမြို့အနီး ကျောက်ကြမ်းကျေးရွာရှိ စစ်ကောင်စီတပ်ကို TNLA တပ်ဖွဲ့နှင့် မန္တလေး-PDF တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ရာ...

သိန္နီမြို့ပေါ် တိုက်ပွဲပြင်းထန်၊ ပြည်သူထိခိုက်သေဆုံးမှုရှိ

သျှမ်းပြည် သိန္နီမြို့ပေါ်ရှိ ပြည်သူနေထိုင်ရာ ရပ်ကွက်များတွင် ညီ‌နောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ အပြန်အလှန် တိုက်ပွဲပြင်းထန်နေပြီး ပြည်သူထိခိုက်သေဆုံးမှုရှိကြောင်း စုံစမ်းသိရသည်။ သိန္နီမြို့နယ်အတွင်း ယမန်နေ့ (အောက်တိုဘာ ၂၈ ရက်) ညပိုင်းမှ စ၍ ယနေ့ (အောက်တိုဘာ ၂၉ ရက်) နံနက်ပိုင်းအထိ မြောက်ပိုင်းမဟာမိတ်...

သိန္နီမြို့ ညီနောင်မဟာမိတ်များ ခေတ္တထိန်းချုပ်ခဲ့

သိန္နီမြို့တွင် ယနေ့ (အောက်တိုဘာ ၂၉)ရက် နံနက်အစောပိုင်း၌ ညီနောင်မဟာမိတ်တပ်များက ခေတ္တထိန်းချုပ်နိုင်ခဲ့ကြောင်း စုံစမ်းသိရသည်။ ညီနောင်မဟာမိတ်ဖြစ်သည့် MNDAA၊ TNLAနဲ့ AAတို့ သည် ယနေ့ (အောက်တိုဘာ ၂၉)ရက် နံနက် ၇ နာရီခွဲဝန်းကျင်တွက် ထိန်းချုပ်လိုက်ခဲ့ကြောင်း သိရသည်။ "သိန္နီမြို့ကို ညီနောင်မဟာမိတ်တပ်တွေ ထိန်းချုပ်နိုင်ခဲ့ပြီပြောတယ်။အခုထိတော့ ပစ်နေတုနိးပဲ။ ဘယ်မှထွက်လို့လဲမရဘူး"ဟု...

ကိုးကန့် စစ်ဘေးရှောင် ၅၀၀၀ ကျော်ကို ကူညီပေးထားဟု ” ဝ” တပ်ဖွဲ့မှ ဆို

သျှမ်းမြောက် ညီနောင်မဟာမိတ်သုံးဖော် နှင့် အာဏာသိမ်း စစ်ကောင်စီ တို့ တိုက်ပွဲများကြောင့် စစ်ဘေးရှောင် နေကြရသည့် ကိုးကန့်ဒေသမှ ပြည်သူ ၅၀၀၀ ကျော်ကို ကူညီထားပေးကြောင်း "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရန်း ၏ ပြောကြားချက်အရ သိရသည်။ အောက်တိုဘာလ ၂၇ရက်တွင် ချင်းရွှေဟော်မြို့ကို ကိုးကန့်တပ်ဖွဲ့...

ချင်းရွှေဟော်တွင် အရပ်သား တစ်ထောင်ကျော်ပိတ်မိနေ၊ မိသားစုဝင်များ စိုးရိမ်နေ

သျှမ်းပြည် မြောက်ပိုင်း ချင်းရွှေဟော်မြို့ တွင် စစ်ကောင်စီ နှင့် ကိုးကန့်တပ်ဖွဲ့တို့သည် ယမန်နေ့ (အောက်တိုဘာ ၂၇) ရက်မှ စတင်ပြီး တိုက်ပွဲ ပြင်းထန်ခဲ့ရာ ပြည်သူ တစ်ထောင်ကျော် ပိတ်မိနေကြောင်း စုံစမ်းသိရသည်။ အဆိုပါ ပိတ်မိနေသည့် ပြည်သူ တစ်ထောင်ကျော်သည် ချင်းရွှေဟော် ကယ်ဆယ်ရေးစခန်းတွင် ရှိနေသော်လည်း...

သိန္နီမြို့ပေါ် ဒရုန်းအသုံးပြု တိုက်ခိုက်မှု ပြင်းထန်နေ

သျှမ်းပြည်၊ လားရှိုး ခရိုင် သိန္နီမြို့ပေါ် ယနေ့ (အောက်တိုဘာ ၂၈)ရက်တွင် ဒရုန်းအသုံးပြုပြီး တိုက်ခိုက်မှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယနေ့ အောက်တိုဘာလ ၂၈ ရက် ၊ ညနေအချိန်မှ စတင်ကာ လက်ရှိ သတင်းရေးသားချိန် အထိ သိန္နိမြို့ပေါ် နှင့် အနီးပတ်ဝန်းကျင်တွင် ညီနောင်မဟာမိတ်တပ်...

Latest news