ဆီဆိုင်မြို့ ရပ်ကွက်တိုင်း မပေါက်ကွဲသေးသည့် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများရှိနေ

သျှမ်းပြည် ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် နေ့စဉ်နီးပါး ပစ်ခတ်မှုကြောင့် မပေါက်ကွဲသေးသည့် စစ်လက်နက်အကြွင်းအကျန်းများ ရပ်ကွက်တိုင်း၌ရှိနေကြောင်း စုံစမ်းသိရသည်။

ဆီဆိုင်မြို့ကို ဇန်နဝါရီလ နောက်ဆုံးပတ်ကတည်းက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA နှင့် ပူးပေါင်းတော်လှန်ရေး အင်အားစုတပ်ဖွဲ့များတို့ တစိတ်တပိုင်းထိန်းချုပ်လာပြီးနောက်ပိုင်း စစ်ကောင်စီသည် မြို့ထဲသို့ လက်နက်ကြီး၊ တင့်ကားဖြင့်ပစ်ခတ်ခြင်းအပါအဝင် ဒရုန်းနှင့်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် ခြင်းများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ အပြင်းအထန် တိုက်ခိုက်မှုခြင်းကြောင့် ဆီဆိုင်မြို့သည် မြို့ပျက်ကြီးသဖွယ် နေအိမ်၊ အဆောက်အဦးနှင့် ဘုန်းကြီးကျောင်း အများအပြားပျက်စီးသွားအပြင် ရပ်ကွက်တိုင်းတွင် မပေါက်သေးသည့် မိုင်းများ၊ ဗုံးသီးများလည်း ကျန်ရှိနေကြောင်း PNLO ၏ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။

“ဟုတ်ကဲ့ပါ။ မြို့ထဲမှာတွေ့နေရတဲ့ ဗုံးသီးတွေက စစ်ကောင်စီဘက်က ပစ်လိုက်တဲ့လက်နက်ကြီးပါ။ ဒီဗုံးသီး တွေကရပ်ကွက်တိုင်းမှာရှိပါတယ်။ ပြီးတော့ မိုင်းထောင်ထားတွေလည်း ရှိတယ်။ မပေါက်ကွဲသေးတဲ့ မိုင်းတွေ အများကြီးရှိတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ မပေါက်ကွဲသေးသည့် စစ်လက်နက်အကြွင်းအကျန် ပစ္စည်းများကြောင့် ဧပြီလ ၁ ရက်တွင် ဆီဆိုင်မြို့ထဲသို့ ပြန်သွားသည့် ဒေသခံအမျိုးသား ၁ ဦး မိုင်းနင်းမိပြီး ခြေထောက်ဖြတ်လိုက်ရသည်။

လက်ရှိတွင် ဆီဆိုင်မြို့မြောက်ဘက်ခြမ်းကို စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့စစ် PNO တို့က ထိန်းချုပ်ထားပြီး တောင်ဘက်ခြမ်းကိုတော့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA နှင့် ပူးပေါင်းတော်လှန်ရေး အင်အားစုတပ်ဖွဲ့များက ထိန်းချုပ်ထားခြင်း ဖြစ်သည်။

“အခုဆီဆိုင်မြို့ထဲကို စစ်ကောင်စီဘက် ဝင်ခွင့်ပြုထားတယ်။ တရားဝင်ကြေညာထားတော့ မရှိဘူး။ သူတို့လူတွေနဲ့ ညှိပြီးဝင်ခွင့်ပြုထားတယ်။ အခုတလောကတော့ တစ်ယောက်ပြီးတစ်ယောက် ဝင်ပြီး ပစ္စည်းသယ်ယူနေကြတာပဲ။ တစ်ချို့က အိမ်ကို ပြန်ကြည့်တာ။ တချို့ကျမီးထဲမပါသွားတဲ့ ပစ္စည်းတွေပြန်သုံးလို့ ရမလားဆိုပြီး သယ်နေကြတာ” ဟု နေရပ်ပြန်ကြည့်သည့် ဆီဆိုင်မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

သို့သော် ဆီဆိုင်မြို့ထဲကို ပြန်ဝင်လာကြသည့် ဒေသခံများကို စစ်ကောင်စီက ပအိုဝ်းဝတ်စုံ ဝတ်ဆင်စေပြီး လူသားဒိုင်းလုပ်ကာ ဆီဆိုင်မြို့တွင်းနေရာအချို့တွင် ဓာတ်ပုံဝင်ရိုက်ကြောင်း၊ ပြည်သူအား လူသားဒိုင်းအဖြစ် အသုံးပြုရန် ရည်ရွယ်ချက်ဖြင့် လူထုများအား မြို့တွင်းပြန်ဝင်နိုင်ပြီဖြစ်ကြောင်း စစ်ကောင်စီက သတင်းမှား ဖြန့်နေသည်ဟု PNLO က မတ်လ ၃၀ ရက်တွင် အသိပေးထုတ်ပြန်ထားပါသည်။

ထို့အပြင် ဆီဆိုင်မြို့ကို ပြန်ဝင်လာကြသည့် ဒေသခံ ၂၀ ကျော်ကိုလည်း စစ်ကောင်စီက ဖမ်းဆီးထားပြီး အဆက်သွယ်ပြတ်တောက်နေကြောင်း ဆိုသည်။

သျှမ်းတောင် ဆီဆိုင်၊ ဟိုပုံးနှင့် ပင်လောင်းမြို့နယ် တိုက်ပွဲများကြောင့် အရပ်သား သေဆုံးမှု ၅၃ ဦးအထိ ရှိလာပြီး အမျိုးသမီးနှင့် ကလေးငယ်အပါအဝင် အရပ်သား ထိခိုက်ဒဏ်ရာရမှု ၇၀ ဝန်းကျင်အထိ မြင့်တက်လာနေကြောင်း ပအိုဝ်းလူငယ်အစည်းအရုံးက မတ်လ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများတွင် ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ထမ်ဆိုင်းကျေးရွာနှင့် အနီးနားကျေးရွာများတွင် ဘောင်းဘီဝတ်ခွင့် ပိတ်ပင်ထားပြီး၊ ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလဆန်းပိုင်းမှစကာ ထမ်ဆိုင်းကျေးရွာနှင့် ၎င်းပတ်ဝန်းကျင် အနီးနားရှိကျေးရွာမှ ဒေသခံများ ရိုးရာ ဝတ်စားဆင်ယင်မှု လျော့နည်းလာခြင်း၊ ကျေးရွာ ဂုဏ်သိက္ခာထိခိုက်စေလာမှုကြောင့် ဘောင်းဘီဝတ်ဆင်မှုကို ကျေးရွာသူကြီးများက ကန့်သတ်လိုက်ကြောင်း ၎င်းဒေသခံများက ပြောသည်။ အဆိုပါ ကန့်သတ်ချက်ကို...

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...