Wednesday, January 28, 2026

ကရင်နီပြည် ၃နှစ်ကျော် တော်လှန်ရေးရဲဘော် ၅၀၀ ကျော်၊ အရပ်သား ၄၀၀ ကျော်သေးဆုံး

ကရင်နီပြည် (ကယားပြည်) တွင် အာဏသိမ်းပြီး ကာလ ၃ နှစ်ကျော် အတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် ၅၀၀ ကျော်ကျဆုံးခဲ့ ပြီး အရပ်သား ပြည်သူ သေဆုံးမှု ၄၀၀ကျော် ထိရှိနေကြောင်း သိရသည်။

သျှမ်း-ကရင်နီနယ်စပ် အပါအဝင် ၊ ကရင်နီပြည်အတွင်းတွင် ၂၀၂၁ ခုနှစ် မှ စ၍ ယခု ၂၀၂၄ ဧပြီလ အထိ ၃ နှစ်ကျော် ကာလအတွင်း ကျဆုံးခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၅၁၅ ဦးရှိခဲ့ပြီး သေဆုံးသွားသော အရပ်သား ပြည်သူမှာလည်း ၄၈၁ ထိရှိနေကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) မှ ထုတ်ပြန်ခဲ့သည်။

ထိုကျဆုံးခဲ့သော တော်လှန်ရေးတပ်ဖွဲ့ဝင် ၅၁၅ ဦးသည် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကရင်နီပြည်တပ်မတော်(KA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့တွေဖြစ်ကြောင်း ရေးသား ဖော်ပြထားသည်။

တိုက်ပွဲဖြစ်ပွားသည့် ၁,၀၄၁ ကြိမ်အတွင်း စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု ၁,၄၀၄ ကြိမ် ပစ်ခတ်အသုံး ပြုခဲ့ပြီး ပျက်စီးသွားသည့် နေအိမ်မှာလည်း ၂,၄၁၅ အိမ်၊ဘာသာရေးအဆောက်အုံးပျက်စီးခံမှု (၄၉)လုံး၊ပျက်စီးသွားသော ဆေးရုံ၊ဆေးခန်းများ (၁၅)လုံး၊ပျက်စီးသွား စာသင်ကျောင်းများ (၂၂)လုံး ရှိကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) မှ ဧပြီလ ၁ ရက်တွင်ထုတ်ပြန်ခဲ့သည်။

၁၁.၁၁ စစ်ဆင်ရေး နှင့် တိုက်ပွဲများကြောင့် သျှမ်း-ကရင်နီ နယ်စပ်တကြော နှင့် ကရင်နီစစ်ဘေးရှောင်များ၊ ဆီဆိုင်မြို့နယ်မှ ထွက်ပြေးသူများသည် အောင်ပန်းမြို့နယ်ရှိ ဘုန်းကြီးကျောင်းများ၊ဆွေမျိုးအိမ်များသို့ လာရောက် စစ်ဘေးရှောင်နေသူလူဦးရေ ၂၀၀၀ ခန့်ရှိနေကြောင်း သိရသည်။

ကရင်နီပြည်မှ သျှမ်းပြည် “၁၁.၁၁ စစ်ဆင်ရေး”ကြောင့် ၂၀၂၃ နိုဝင်ဘာလ ၁၅ ရက်မှစတင်ထွက်ပြေးလာပြီး၊ လက်ရှိမှာ သျှမ်းပြည် တောင်ကြီး၊အောင်ပန်း၊ညောင်ရွှေ၊ဆီဆိုင် စသည့်များရှိ ဘုန်းကြီးကျောင်းများနှင့် ဆွေမျိုးအိမ်များသို့ လာရောက် စစ်ဘေးရှောင်နေကြကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...