ကရင်နီပြည် ၃နှစ်ကျော် တော်လှန်ရေးရဲဘော် ၅၀၀ ကျော်၊ အရပ်သား ၄၀၀ ကျော်သေးဆုံး

ကရင်နီပြည် (ကယားပြည်) တွင် အာဏသိမ်းပြီး ကာလ ၃ နှစ်ကျော် အတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် ၅၀၀ ကျော်ကျဆုံးခဲ့ ပြီး အရပ်သား ပြည်သူ သေဆုံးမှု ၄၀၀ကျော် ထိရှိနေကြောင်း သိရသည်။

သျှမ်း-ကရင်နီနယ်စပ် အပါအဝင် ၊ ကရင်နီပြည်အတွင်းတွင် ၂၀၂၁ ခုနှစ် မှ စ၍ ယခု ၂၀၂၄ ဧပြီလ အထိ ၃ နှစ်ကျော် ကာလအတွင်း ကျဆုံးခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၅၁၅ ဦးရှိခဲ့ပြီး သေဆုံးသွားသော အရပ်သား ပြည်သူမှာလည်း ၄၈၁ ထိရှိနေကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) မှ ထုတ်ပြန်ခဲ့သည်။

ထိုကျဆုံးခဲ့သော တော်လှန်ရေးတပ်ဖွဲ့ဝင် ၅၁၅ ဦးသည် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကရင်နီပြည်တပ်မတော်(KA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့တွေဖြစ်ကြောင်း ရေးသား ဖော်ပြထားသည်။

တိုက်ပွဲဖြစ်ပွားသည့် ၁,၀၄၁ ကြိမ်အတွင်း စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု ၁,၄၀၄ ကြိမ် ပစ်ခတ်အသုံး ပြုခဲ့ပြီး ပျက်စီးသွားသည့် နေအိမ်မှာလည်း ၂,၄၁၅ အိမ်၊ဘာသာရေးအဆောက်အုံးပျက်စီးခံမှု (၄၉)လုံး၊ပျက်စီးသွားသော ဆေးရုံ၊ဆေးခန်းများ (၁၅)လုံး၊ပျက်စီးသွား စာသင်ကျောင်းများ (၂၂)လုံး ရှိကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) မှ ဧပြီလ ၁ ရက်တွင်ထုတ်ပြန်ခဲ့သည်။

၁၁.၁၁ စစ်ဆင်ရေး နှင့် တိုက်ပွဲများကြောင့် သျှမ်း-ကရင်နီ နယ်စပ်တကြော နှင့် ကရင်နီစစ်ဘေးရှောင်များ၊ ဆီဆိုင်မြို့နယ်မှ ထွက်ပြေးသူများသည် အောင်ပန်းမြို့နယ်ရှိ ဘုန်းကြီးကျောင်းများ၊ဆွေမျိုးအိမ်များသို့ လာရောက် စစ်ဘေးရှောင်နေသူလူဦးရေ ၂၀၀၀ ခန့်ရှိနေကြောင်း သိရသည်။

ကရင်နီပြည်မှ သျှမ်းပြည် “၁၁.၁၁ စစ်ဆင်ရေး”ကြောင့် ၂၀၂၃ နိုဝင်ဘာလ ၁၅ ရက်မှစတင်ထွက်ပြေးလာပြီး၊ လက်ရှိမှာ သျှမ်းပြည် တောင်ကြီး၊အောင်ပန်း၊ညောင်ရွှေ၊ဆီဆိုင် စသည့်များရှိ ဘုန်းကြီးကျောင်းများနှင့် ဆွေမျိုးအိမ်များသို့ လာရောက် စစ်ဘေးရှောင်နေကြကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ကရင်နီပြည် အမှတ် (၂) ထိန်းသိမ်းရေးစခန်းကို စစ်တပ်ဗုံးကြဲ ကလေးအပါအဝင် (၅)ဉီး သေဆုံး

0
ကရင်နီပြည်ရှိ အမှတ် (၂) ထိန်းသိမ်းရေးစခန်းကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီး နှင့် ကလေးငယ်အပါအဝင် (၅)ဉီးး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၅ ရက်) မနက် ၁၁ နာရီဝန်းကျင် ကရင်နီပြည်ရှိ အမှတ် (၂) ထိန်းသိမ်းရေးစခန်းကို စစ်ကော်မရှင်တပ်က...