Monday, April 29, 2024

စစ်ကောင်စီလက်နက်ကြီးရမ်းသမ်းပစ် စစ်ရှောင် ကျောင်းသူ ၁ ဦးသေ၊ ၂ဦး ဒဏ်ရာရ

Must read

သျှမ်းပြည် ဆီးဆိုင်မြို့နယ်တွင် စစ်ကောင်စီမှ အကြောင်းရင်းမဲ့ လက်နက်ကြီး ပစ်ခက်မှုကြောင့် စစ်ရှောင် ကျောင်းသူ ၁ဦး သေဆုံးပြီး၊ ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည် ဆီဆိုင်မြို့နယ် တွေပူးကျေးရွာ ဧပြီလ ၈ ရက် နံနက် ၁၀ နာရီ ဝန်းကျင်တွင် စစ်ရှောင်ကျောင်းသူ သုံးဦး ရေသွားခပ်ရာ စစ်ကောင်စီမှ အကြောင်းရင်းမဲ့ လက်နက်ကြီးပစ်ခက်မှုကြောင့် ကျောင်းသူ ၃ ဦး ထိခိုက်ခဲ့ပြီး ၁ဦး သေဆုံးခဲ့ကြောင်း အသက် ၄၀ ဝန်းကျင် ဒေသခံ အမျိုးသား သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တောထဲမှာ စစ်ရှောင်နေတာသူတို့တွေက။ရေခပ်သွားချိန် လက်နက်ကြီးကျတာ သူတို့အနီးကျရောက်ပေါက်ကွဲ တော့ တစ်ယောက်က ချက်ချင်းသေတယ်။ကျန်တဲ့ နှစ်‌ယောက်တော့ ဒဏ်ရာရတယ်။အဲ့ရွာက ဆီဆိုင် နဲ့ ဆိုက်ခေါင်ကြား ကားလမ်းမကြီး‌ရှေ့မှာရှိတာ။”ဟု ၎င်းက ပြောသည်။

ထို လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ ထိကာ သေးဆုံးသွားသော အမျိုးသမီးသည် အသက် ၁၈ နှစ် နန်းမြစိန် ဖြစ်ပြီး၊ဒဏ်ရာရရှိသူ နှစ်ဦးသည် နန်းအေးသန်း အသက် ၁၅ နှစ် နှင့် နန်းရက်ပဲင် အသက် ၂၁ ဖြစ်ကြောင်း သိရသည်။

ထိုထိခိုက် ဒဏ်ရာရရှိသူနှစ်ကို တောင်ကြီး မြို့ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

သျှမ်းတောင် ဆီဆိုင်၊ ဟိုပုံးနှင့် ပင်လောင်းမြို့နယ် တိုက်ပွဲများကြောင့် အရပ်သား သေဆုံးမှု ၅၅ ဦးအထိ ရှိလာပြီး အမျိုးသမီးနှင့် ကလေးငယ်အပါအဝင် အရပ်သား ထိခိုက်ဒဏ်ရာရမှု ၇၀ ဝန်းကျင်အထိ မြင့်တက်လာနေကြောင်း ပအိုဝ်းလူငယ်အစည်းအရုံးက ဧပြီလ ၂ ရက်တွင် ထုတ်ပြန်ထားသည်။

Leave a Comments

- Advertisement -spot_img

Latest article