သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ် စစ်ဘေးရှောင်များ ဆေးဝါးနှင့် စားနပ်ရိက္ခာရရှိရေး ကားခကျပ် ၂ သိန်းပေးဆောင်ရ

သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ်ဒေသ လွိုင်ကော်မြို့နယ် လွိုင်လင်လေးကျေးရွာအုပ်စုရှိ စစ်ဘေးရှောင်များသည် ဆေးဝါးနှင့် စားနပ်ရိက္ခာရရှိရေးအတွက် တောင်ကြီးမြို့အထိ သွားရောက်ဝယ်ယူရပြီး ကားခကို တစ်ယောက် ကျပ် ၂ သိန်းအထိ ပေးဆောင်ရကြောင်း စုံစမ်းသိရသည်။

ယခင်က လွိုင်လင်လေးရွာမှ တောင်ကြီးမြို့သို့ ကားခကို တစ်ယောက်ကျပ် ၃ သောင်းအထိ ပေးဆောင်ရသော်လည်း ဆီဆိုင်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားလာပြီးနောက် လမ်းကြောင်းများ ပိတ်ဆို့သွားသောကြောင့် တောလမ်းများကို အသုံးပြုပြီး သွားလာရာ ကားခ တစ်ယောက် ကျပ် ၂ သိန်းအထိ မြင့်တက်လာကြောင်း လွိုင်လင်ကျေးရွာအုပ်စုရှိ ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရင်တုန်းကတော့ ကျမတို့က နန်းတုတ်မှာ သွားဝယ်ရတယ်။ အခုနန်းတုတ်ဘက်မှာလည်း တိုက်ပွဲတွေ ထပ်ဖြစ်တော့ သွားလို့မရတော့ဘူး။ လွိုင်ကော်မြို့ကိုထဲကိုလည်း ဝင်လို့မရဘူး။ ဆီဆိုင်မြို့ကိုလည်း ဝင်လို့မရဘူး။ အခုကဘယ်ကိုသွားရလဲဆိုတော့ တောင်ကြီးမြို့အထိကို သွားရတယ်။ အရင်က ကားခ ၂ သောင်းကနေ ၃ သောင်းပေးရတယ် ဆိုပေမဲ့အခုနောက်ပိုင်း လမ်းတွေကမဖွင့်တော့ တောလမ်းကနေသွားရတာ ကားခ ကျပ် ၂ သိန်းအထိ ပေးရတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် တောင်ကြီးမြို့မှ လွိုင်လင်ကျေးရွာသို့ ပြန်လာရန်အတွက်လည်း ကားရှားပါးသောကြောင့် တောင်ကြီးမြို့တွင် ၂ ညခန့်အိပ်ပြီးမှသာ ပြန်လာရကြောင်း ဆိုသည်။

လက်ရှိတွင် သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ်တလျှောက်ရှိ ဒေသခံများအပါအဝင် စစ်ဘေးရှောင်များသည် ဘေးပတ်ပတ်လည် ကျေးရွာအနီးတဝိုက်တွင် တိုက်ပွဲများဖြစ်ပွားနေသောကြောင့် ထွက်ပေါက်ပိတ်နေသည့် အခြေအနေများရောက်ရှိနေပြီး စားနပ်ရိက္ခာနှင့် ဆေဝါးပြတ်လပ်မှု အခြေအနေနှင့် ကြုံတွေ့နေရသည်ဟု ပိန်းချစ်ရွာခံတစ်ဦးက ပြောသည်။

“တချို့နာတာရှည်ရောဂါသည်တွေက အမြဲတမ်းဆေးသောက်ရတာလေ။ ဆေးပြတ်သွားလို့မဖြစ်ဘူး။ အဲ့ကြောင့် သူများတောင်ကြီးတက်ရင် ဆေးမှာရတယ်။ သုံးလစာအတွက်ဆိုပြီး ဝယ်စုထားရတယ်။ ဒီဘက်မှာလည်း အလှူရှင်တွေ မရောက်တော့အရမ်းခက်ခဲတယ်။ ပြီးတော့ ဖုန်းလိုင်းတွေလည်းမရဘူး။ တချို့ပိုက်ဆံရှိရင်တော့ တောင်ကြီးမြို့မှာ အိမ်ငှားပြီးနေကြတယ်။ တချို့တဲ့လူတွေတချို့ကျတော့လည်း ရွာမှာ၊ အိမ်မှာ ပြန်လာနေရတာပေါ့” ဟု ပြောသည်။

စစ်ဘေးရှောင်များအနေဖြင့် ဆေးဝါးနှင့် စားနပ်ရိက္ခာအတွက် တောင်ကြီးမြို့အထိ သွားရောက် ဝယ်ယူသော်လည်း ပြည်ထောင်စုလမ်းမတလျောက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်၌ မှတ်ပုံတင် အမှတ် ၂/ ကိုင်ဆောင်သူများ တင်းကြပ်စစ်ဆေးခံရခြင်းကြောင့် သွားလာရန်အတွက် စိတ်မလုံခြုံကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...