Saturday, April 20, 2024

စားနပ် ရိက္ခာ

သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ် စစ်ဘေးရှောင်များ ဆေးဝါးနှင့် စားနပ်ရိက္ခာရရှိရေး ကားခကျပ် ၂ သိန်းပေးဆောင်ရ

သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ်ဒေသ လွိုင်ကော်မြို့နယ် လွိုင်လင်လေးကျေးရွာအုပ်စုရှိ စစ်ဘေးရှောင်များသည် ဆေးဝါးနှင့် စားနပ်ရိက္ခာရရှိရေးအတွက် တောင်ကြီးမြို့အထိ သွားရောက်ဝယ်ယူရပြီး ကားခကို တစ်ယောက် ကျပ် ၂ သိန်းအထိ ပေးဆောင်ရကြောင်း စုံစမ်းသိရသည်။ ယခင်က လွိုင်လင်လေးရွာမှ တောင်ကြီးမြို့သို့ ကားခကို တစ်ယောက်ကျပ် ၃ သောင်းအထိ ပေးဆောင်ရသော်လည်း...

သီပေါစစ်ဘေးရှောင်များ စားနပ်ရိက္ခာအထူးလိုအပ်

သျှမ်းပြည်မြောက်ပိုင်း တွင် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် နေရပ်မှ စွန့်ခွါနေရသော စစ်ဘေး ရှောင်များအတွက် စားနပ်ရိက္ခာအထူးလိုအပ်နေကြောင်း သိရသည်။ မတ်လ ၄ ရက်နေ့အထိ သီပေါမြို့ရောက် စစ်ဘေးရှောင် ၁၇၀၀ ကျော်ရှိနေပြီး ၄င်းတို့အတွက် စားနပ် ရိက္ခာအထူးလိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီရေးကော်မတီကပြောသည်။ “အခုကျနော်တို့အထူးလိုအပ်နေတာက စားနပ်ရိက္ခာပေါ့။ အဝတ်အထည် အိပ်ရာထိုင်ခင်းမလိုဘူး။ ကျနော်တို့ရှိထားတဲ့ စားနပ်ရိက္ခာကကုန်ခါနီးနေပြီ။...

Latest news