တိုက်ပွဲ
ဆီဆိုင်မြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးထက်မနည်းသေဆုံးဟု PNLA ပြော
သျှမ်းပြည် ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာတွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တာဝန်ခံတစ်ဦးက ပြောသည်။ ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာတွင် ဧပြီလ ၆ ရက်နေ့ကတည်းက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA နှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNA တို့အကြား တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာ...
ဖယ်ခုံနှင့် မိုးဗြဲမြို့တွင် တိုက်ပွဲပြင်းထန်နေ
သျှမ်းပြည် ဖယ်ခုံနှင့် မိုးဗြဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ မိုးဗြဲမြို့နယ်အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၄၂၂ ကို ကရင်နီတော်လှန်ရေး အင်အားစု တပ်ဖွဲ့များဖြစ်သည့် KNDFနှင့် PDFs တို့က ဧပြီလ ၃ ရက်စတင်...
သျှမ်းတောင် ၂ လကျော်ကြာတိုက်ပွဲကြား အရပ်သားသေဆုံးမှု ၅၅ ဦးထိရှိလာ
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံးနှင့် ပင်လောင်းမြို့နယ်တွင် တိုက်ပွဲ ၂လကျော်ကြာ အရပ်သားသေဆုံးမှု ၅၅ ဦးထိရှိလာနေကြောင်း စုံစမ်းသိရသည်။ အရပ်သားသေဆုံးမှုသည် စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်းဗုံးကြဲခြင်းနှင့် ဖမ်းဆီးသတ်ဖြတ် ခြင်းကြောင့်ဖြစ်ပြီး ထိုထဲတွင် အသက် ၆ လသားမှ ၁၀ နှစ်အတွင်းရှိ ကလေးငယ် ၅ ဦး၊...
ကရင်နီပြည် ၃နှစ်ကျော် တော်လှန်ရေးရဲဘော် ၅၀၀ ကျော်၊ အရပ်သား ၄၀၀ ကျော်သေးဆုံး
ကရင်နီပြည် (ကယားပြည်) တွင် အာဏသိမ်းပြီး ကာလ ၃ နှစ်ကျော် အတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် ၅၀၀ ကျော်ကျဆုံးခဲ့ ပြီး အရပ်သား ပြည်သူ သေဆုံးမှု ၄၀၀ကျော် ထိရှိနေကြောင်း သိရသည်။ သျှမ်း-ကရင်နီနယ်စပ် အပါအဝင် ၊ ကရင်နီပြည်အတွင်းတွင် ၂၀၂၁ ခုနှစ် မှ...
နိုင်ငံရေး ဦးဆောင်မှုနှင့် ဆုံးဖြတ်ချက်ချမှု လျစ်လျူရှုခံနေရခြင်းကို ကန့်ကွတ်ရှုတ်ချဟု TWO ပြော
သျှမ်းပြည် နမ္မတူမြို့တွင် တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)မှ ဦးဆောင်ပြီး ပထမအကြိမ် တအာင်းအမျိုးသမီးဖိုရမ်ကို ၂၀၂၄ ခုနှစ် မတ်လ ၂၈ နှင့် ၂၉ ရက် နှစ်ရက်တိုင်တိုင် နမ္မတူမြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA သိမ်းပိုက်ထိန်းချုပ်ထားသော နမ္မတူမြို့တွင် ကျင်းပသည့် ၎င်းဖိုရမ်သို့ နမ့်ဆန်၊...
ဆီဆိုင်မြို့ ရပ်ကွက်တိုင်း မပေါက်ကွဲသေးသည့် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများရှိနေ
သျှမ်းပြည် ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် နေ့စဉ်နီးပါး ပစ်ခတ်မှုကြောင့် မပေါက်ကွဲသေးသည့် စစ်လက်နက်အကြွင်းအကျန်းများ ရပ်ကွက်တိုင်း၌ရှိနေကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့ကို ဇန်နဝါရီလ နောက်ဆုံးပတ်ကတည်းက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA နှင့် ပူးပေါင်းတော်လှန်ရေး အင်အားစုတပ်ဖွဲ့များတို့ တစိတ်တပိုင်းထိန်းချုပ်လာပြီးနောက်ပိုင်း စစ်ကောင်စီသည် မြို့ထဲသို့ လက်နက်ကြီး၊ တင့်ကားဖြင့်ပစ်ခတ်ခြင်းအပါအဝင် ဒရုန်းနှင့်တိုက်လေယာဉ်ဖြင့်...
မိုးမောက်မြို့နယ် စစ်ဘေးရှောင်များ ဆေးဝါးနှင့် ရိက္ခာလိုအပ်နေ
ကချင်ပြည် မိုးမောက်မြို့နယ် အတွင်း စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်များ ဆေးဝါးနှင့် စားနပ်ရိက္ခာ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ မိုးမောက်မြို့နယ်နှင့် အနီးအနားရှိ ကျေးရွာများတွင် မတ်လ ပထမပတ်မှစ၍ စစ်ကောက်စီမှ လေကြောင်း လက်နက်ကြီးတို့ဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံများ နီးစပ်ရာ ကျေးရွာနှင့်...
သဘာဝဓာတ်ငွေ့ရောင်းရငွေ သုံးစွဲခွင့်မရသော်လည်း စီးပွားရေး တိုးတက်ဟု မင်းအောင်လှိုင် ကြုံးဝါး
SHAN -
နိုင်ငံရေးအရ အနောက်နိုင်ငံများမှ စီးပွားရေး၊ ကုန်သွယ်ရေး၊ ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်မှုများစွာ ပြုလုပ်ခဲ့ သဖြင့် တရုတ်နှင့် ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရောင်းရငွေများ သုံးစွဲ၍ မရသော်လည်း နိုင်ငံ့စီးပွားရေး တိုးတက်အောင် လုပ်နိုင်ခဲ့သည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ အခက်အခဲများကြားမှ စီးပွားရေး တိုးတက်အောင်...
တောတောင်ထဲရောက် သျှမ်းတောင်စစ်ရှောင်များ အကူအညီမဲ့နေ
သျှမ်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်အချို့သည် တောတောင်းအတွင်းသို့ ရောက်ရှိနေပြီး အဆက်သွယ်ပြတ်ကာ အကူညီမဲ့နေကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့တိုက်ပွဲကြောင့် ထွက်ပြေးနေရသည့် စစ်ဘေးရှောင်အများစုသည် မြို့အနီးတဝိုက် ကျေးရွာနှင့် တခြားမြို့ဖြစ်သည့် တောင်ကြီး၊ ဟိုပုံး စသည့်ဖြင့် တိမ်းရှောင်သွားနိုင်ကြသော်လည်း အချို့ သည်တောတောင်အတွင်း ရောက်ရှိသွားပြီး အဆက်သွယ်ပြတ်ကာ အကူညီမဲ့နေကြောင်း ပအိုဝ်းအမျိုးသမီးသမဂ္ဂ Pa-O...
သိန္နီမြို့နယ် SSPP/SSA နှင့် MNDAA တို့ အချင်းချင်း စတင်ပစ်ခတ်မှု ဖြစ်ပွား
သျှမ်းပြည် သိန္နီမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် ( SSPP/SSA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ အချင်းချင်း စတင်ပစ်ခတ်မှု ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) ညဦးပိုင်းမှ စတင်ပြီး သိန္နီမြို့နယ်ရှိ နမ့်စလပ်တိုက်နယ်အတွင်း သွားလာလှုပ်ရှားနေသည့် SSPP/SSA နှင့်...





