လားရှိုးစစ်ဘေးရှောင် ရှစ်ရာကျော် စားနပ်ရိက္ခာလိုအပ်

သျှမ်းပြည် လားရှိုးမြို့ရှိ စစ်ဘေးရှောင် လူဦးရေ ရှစ်ရာ (၈၀၀) ကျော် အတွက် စားနပ်ရိက္ခာ လိုအပ်နေကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည် သိန္နီမြို့မှ လားရှိုးမြို့ ဘုန်းကြီးကျောင်းများသို့ ၂၀၂၃ နိုဝင်ဘာလ မှစ၍ ယခုအချိန် ၅ လ အတွင်း စစ်ဘေးတိမ်းရှောင်လာသူ ရှစ်ရာကျော်အတွက် အလှူရှင်နည်းပါးလာသဖြင့် စားနပ်ရိက္ခာလိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးစစ်ဘေးရှောင်

“တစ်ရက်ကို ဆန်က ၄ အိတ်လောက်ကုန်တယ်။ဟင်းဖိုးကျတော့ ကုန်ကျစာရိတ်က ၇ သိန်းကျော်လောက်ပေါ့။ ၃ နပ်ဆိုရင် ၃၁ သိန်းလောက်ပေါ့။လူ ထောင်ချီတုန်းကဆိုရင် တရက်ကို ဆန် ၁၈ အိတ်။ ၃ နပ်စာ ဆိုရင် သိန်း ၅၀ ကျော်တယ်။အခုကျတော့ ရေရှည်ဆိုတော့ အလှူရှင်တွေကလည်း သိပ်မရှိတော့ဘူး။ စားနပ် ရိက္ခာတွေ လည်းလိုနေတာပေါ့ ” ဟု စစ်ဘေးရှောင်ကူညီသူတစ်ဦးက ပြောသည်။

စစ်ဘေးရှောင် ရှစ်ရာကျော်သည် လားရှိုးမြို့ ကန်မိန်းကျောင်းတွင် စစ်ဘေးရှောင် လူဦးရေ ၃၀၀ ကျော် ၊ မန်ဆူရှမ်းကျောင်းတွင် စစ်ဘေးရှောင်လူဦးရေ ၅၀၀ ကျော် အထိ ကျန်ရှိနေကြာင်းသိရသည်။

ထိုပြင် တိုက်ပွဲများ ငြိမ်းသွားသော်လည်း စစ်ဘေးရှောင်များသည် ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြကာ အများစုသည် နေရပ်ပြန်ရန် ခက်ခဲနေခြင်း၊ နေအိမ်များ မီးလောင်ပျက်စီး ဆုံးရှုံးမှုကြောင့် နေရပ်ကို မပြန်နိုင်ကြကြောင်း သိရသည်။

၂၀၂၃ အောက်တိုဘာ နောက်ဆုံးပတ်မှ စတင်ခဲ့သည် စစ်ကောင်စီ နှင့် ညီနောင်မဟာမိတ်တို့၏ “၁၀၂၇ စစ်ဆင်ရေး”အတွင်း သိန္နီမြို့ပေါ်နှင့်ကျေးရွာ ၁၀ရွာကျော်မှ ဘာသာ‌ရေးအဆောက်အဦးနှင့် နေအိမ် ၆၀၀ ထပ်မနည်း ပျက်စီးခဲ့သည်။

နေအိမ်များသည် မီးလောင်ခြင်း၊လက်နက်ကြီး၊ငယ်နှင့် လေယာဉ် ဖြင့် ဗုံးကြဲတိုက်ခိုက် မှုများကြောင့် ပျက်စီးသွားခဲ့ရပြီး ပြည်သူများအတွက် မည်သည့် တပ်ဖွဲ့၊ တာဝန်ရှိ အဖွဲ့အစည်းမှ ကူညီဆောင်ရွက်မှုမရှိသေးကြောင်း ဒေသခံများကပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...