နမ့်ခမ်း TNLA ဦးဆောင်ပြီး တိုက်ပွဲကြား ကျင်းပမည့် သင်္ကြန်ပွဲကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်

သျှမ်းပြည် နမ့်ခမ်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ ဦးဆောင်ပြီး တိုက်ပွဲကာလအတွင်း ကျင်းပမည့် သင်္ကြန်ပွဲတော်ကြောင့် ဒေသခံများက လုံခြုံရေး စိုးရိမ်နေကြောင်း စုံစမ်းသိရသည်။

သင်္ကြန်ပွဲတော် ကာလဖြစ်သည့် ဧပြီလ ၁၄ ရက်မှ ၁၇ ရက်အထိ နမ့်ခမ်းမြို့၌ တအာင်း(ပလောင်)တပ်ဖွဲ့ TNLA မှ ဦးဆောင်ပြီး မြို့လယ်ဘုရားကြီး ပွဲတော်ဝင်း (ပန်ပွဲ)တွင် ဗဟိုမဏ္ဍာပ် တည်ဆောက်နေပြီး တိုက်ပွဲကာလအတွင်း ကျင်းပမည့် သင်္ကြန်ပွဲတော်ကြောင့် ပြည်သူများ လုံခြုံရေး စိုးရိမ်နေရကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

“ပန်ပွဲကွင်းမှာ သင်္ကြန်လုပ်နေတဲ့အချိန် စစ်တပ်က လေယာဉ်နဲ့ ဗုံးလာကြဲမှာလည်း ကြောက်တယ်။ တိုက်ပွဲကြားထဲမှာ TNLA က အခုလို သင်္ကြန်ပွဲကို အကြီးအကျယ် လုပ်မယ်ဆိုတော့ ပြည်သူတွေက ကိုယ့်ဘာသာ သတိထားပြီး နေရတယ်။ ပြည်သူတွေကတော့ စစ်တပ်က ဘာလုပ်လာဦးမလဲဆိုတာ မသိတော့ ကြောက်တာပေါ့”ဟု နမ့်ခမ်းမြို့မှ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

TNLA တပ်ဖွဲ့က ဦးဆောင်ကျင်းပမည့် ၎င်းသင်္ကြန်ပွဲတော်ကို စစ်ဘေးသင့် သာသနာ့ အဆောက်အဦးများ ပြန်လည်ပြုပြင် မွမ်းမံရေး ရံပုံငွေပွဲအဖြစ် နမ့်ခမ်းမြို့ပေါ် ရပ်ကွက်များမှ အကပဒေသာများဖြင့် သွား‌ရောက်ဖျော်ဖြေရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အစည်းအဝေး ခေါ်ယူခဲ့ကြောင်း သိရသည်။

“မြို့လယ်ဘုရားနားမှာရှိတဲ့ ပန်ပွဲကွင်းထဲမှာ လုပ်တော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ခေါ်ပြီးတော့ သူတို့သင်္ကြန်ပွဲ အကြီးအကျယ် လုပ်မယ်၊ ရပ်ကွက်တစ်ခုကို အကတစ်မျိုးမျိုး သွားပေးဖို့ပြောတယ်။ တစ်ဖွဲ့ကို ၁၀ သိန်း ဆုချမယ်လို့လည်း ပြောဆိုပေမယ့် ရပ်ကွက်လူကြီးကတော့ ပွဲရက်နားကပ်မှ ပြောလို့ မဖြစ်နိုင်ဘူးဆိုတာ ပြန်ပြောခဲ့တယ်”ဟု နမ့်ခမ်းမြို့မှ ၎င်းဒေသခံ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်ခမ်းမြို့တွင် TNLA တပ်ဖွဲ့က ဦးဆောင်ကျင်းပမည့် သင်္ကြန်ပွဲတော်တွင် ဒေသခံများ စိုးရိမ်နေခြင်းကြောင့် လုံခြုံရေးအတွက် စီမံဆောင်ရွက်ထားမှုကို သျှမ်းသံတော်ဆင့်မှ TNLA တပ်ဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးဌာနသို့ စာပို့မေးမြန်းထား‌သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

နမ့်ခမ်းမြို့တွင် သင်္ကြန်ပွဲတော် ကျင်းပမည့် မြို့လယ်ဘုရားကြီး ပွဲတော်ဝင်းရှိ ညဈေးတန်းတွင် ဖွင့်လှစ်ရောင်းချနေသည့် ဈေးဆိုင်များထံမှ အခွန်ကောက်ခံနိုင်ရန်အတွက် မတ်လအတွင်းက တအာင်း(ပလောင်)တပ်ဖွဲ့ TNLA မှ ဈေးသည်များနှင့် အစည်းအဝေးပြုလုပ်ခဲ့ရာ ညှိနှိုင်းမှု အဆင်မပြေခဲ့ကြောင်း နမ့်ခမ်းမြို့ ဈေးသည်များက ပြောဆိုသည်။

ထို့အပြင် နမ့်ခမ်းမြို့နယ်တွင် သင်္ကြန်ကာလ သျှမ်းရိုးရာအရ ဘုရားကန်တော့ခြင်း၊ အလှဆင် ရေပက်ဖြန်းခြင်းတို့ ပြုလုပ်ကြသည့် မောက်ကိုဆွဲ့ပန်း (မွၵ်ႇၵေႃႇသွႆႈ) ပန်းခူးခြင်းဓလေ့ကိုလည်း တိုက်ပွဲကာလနောက်ပိုင်း မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် တောတောင်များသို့ သွားရောက်ခူးယူခြင်း မပြုလုပ်နိုင်ကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မတ်လ တတိယပတ်အတွင်းက နမ့်ခမ်းမြို့နယ် ဝမ်နားကျေးရွာရှိ ရေကန်အနီးတွင် ငါးသွားဖမ်းသည့် လူငယ်တစ်ဦးသည် မြေမြှုပ်မိုင်း နင်းမိ၍ ပေါက်ကွဲခဲ့ရာ ခြေထောက်တစ်ဖက် ဖြတ်လိုက်ရကြောင်း နမ့်ခမ်းဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...