သျှမ်း-ကရင်နီ(ကယား) နယ်စပ် တိုက်ပွဲပြင်းထန်နေဆဲ

သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ်ဒေသတလျှောက်တွင် ကရင်နီအမျိုးသားများ လွတ်မြောက်ရေး တပ်မတော် KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေဆဲကြောင်း စုံစမ်းသိရသည်။

ပင်လောင်းမြို့နယ်နှင့် ညောင်ရွှေမြို့နယ်တွင် မတ်လ ၁၀ ရက်နေ့ကတည်းက KNDF၊ PDF နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ရာ လက်ရှိအချိန်ထိ ညောင်လေးပင်ရွာနှင့် နန်းတုတ်ရွာတွင် နှစ်ဖက်တပ်ဖွဲ့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံများကပြောသည်။

“တိုက်ပွဲကတော့ မနေ့ကအထိ ဖြစ်နေသေးတယ်။ ညောင်လေးပင်ရွာဘက်မှာ တိုက်ပွဲဖြစ်တယ်။ ကျနော်တို့ နန်းတုတ်ရွာဘက်မှာလည်း လက်နက်ကြီးကျနေသေးတယ်။ အခုထိအိမ်ကိုပြန်လို့မရသေးဘူး” ဟု နန်းတုတ် ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

အလားတူ ပင်လောင်းနှင့် ဖယ်ခုံအကြားရှိ နောင်ဝိုးကျေးရွာတွင်လည်း ယခုရက်ပိုင်းအတွင်း တိုက်ပွဲဆက်ဖြစ်နေပြီး ယမန်နေ့ မတ်လ ၉ ရက်တွင် စစ်ကောင်စီက နောင်ဝိုးရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေသည်ဟု နမ့်ဖာမှုဒေသခံတစ်ဦးက ပြောသည်။

“နောင်ဝိုးဘက်မှာတော့ ဒီရက်ပိုင်းတိုက်ပွဲ ဆက်ဖြစ်နေသေးတယ်ဗျ။ စစ်ကောင်စီကတော လေကြောင်းကနေ ဗုံးကြဲတယ်၊ ဈေးတွေထိတယ်။ ဒီရက်ပိုင်း အခြေအနေတော့ နည်းနည်းဆိုးလာတယ်” ဟု ပြောသည်။

အဆိုပါ တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ KNDF ပြန်ကြားရေးထံသို့ ဆက်သွယ်မေးမြန်းရာ လက်တလောတွင် ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

ထို့အတူ မိုးဗြဲမြို့ အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၄၂၂ တပ်ရင်းအနီးတဝိုက်တွင်လည်း စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတော်လှန်ရေး အင်းအာစုဖြစ်သည့် KNDF၊ Mobye PDF နှင့် Pekhon PDF တို့ တိုက်ပွဲဖြစ်ပွားနေလျက်ရှိကြောင်း သိရသည်။

ယခုကဲ့သို့ တိုက်ပွဲဖြစ်ပွားနေချိန်တွင် ပင်လောင်းမြို့နယ်မှာ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းသင်တန်းကျောင်း ဖွင့်လှစ်ပြီး စစ်မှုထမ်းစာရင်း ပါဝင်သူများအား စတင်ခေါ်ယူနေကြောင်း ပင်လောင်းမြို့ဒေသခံတစ်ဦးက ပြောသည်။

“တချို့ရွာတွေဘက်မှာတော့ ခေါ်နေပြီ၊ သွားနေရပြီလို့ ကြားတယ်။ မနေ့ကပြောတာတော့ မင်းဘူးရွာအုပ်စုက လူတွေ အားလုံးပေါင်း ၁၈ ယောက်တက်ရမယ်လို့တော့ ပြောတယ်။ အဲ့ဒါကိုသင်တန်းတက်တဲ့သူတွေကို နှစ်ယောက်ပေါင်း သေနတ်တစ်လက်နဲ့ ကျည် ၃ ထောင့်ပဲပေးတယ်လို့ သင်တန်းကဆင်းလာတဲ့ သူငယ်ချင်းက ပြောတာ။ နောက်သင်တန်းကိုလည်း ၅ ရက်ပဲ တက်ရတယ်” ဟု ၎င်းကပြောသည်။

ထိုကဲ့သို့ ပြည်သူ့စစ်မှုထမ်းသင်တန်း တက်ရောက်ပြီးသူများကို စစ်ကောင်စီက အချိန်မရွေး လိုအပ်လာပါက ပြန်လည်ခေါ်ယူမည်ဟု ညွန်ကြားထားသောကြောင့် စစ်မှုထမ်းသင်တန်းတက်ရောက်သူအား တိုက်ပွဲဖြစ်ပွားရာ ရှေ့တန်းသို့ပို့ခံရမည်ကို စိုးရိမ်နေလျက်ရှိသည်။

“သင်တန်းတက်ပြီးသူများကို အချိန်မရွေးလိုရင်တော့ ပြန်ခေါ်မယ်လို့တော့ ပြောတယ်။ သင်တန်းကလည်း ကောင်းကောင်း မတက်ရဘူး။ တကယ်လို့ သူတို့ရှေးတန်းပို့ရင်တော့ သေယုံဘဲရှိတယ်။ အလကား သွားသေပေးတာနဲ့အတူတူပဲ” ဟု သင်တန်းတက်ရောက်သူ ခွန်ဇော် (အမည်လွှဲ) နှင့် နီးစပ်သည့်မိတ်ဆွေတစ်ဦးကပြောသည်။

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁) ဖွင့်လှစ်ပွဲအခမ်းအနားကို ယမန်နေ့ ဧပြီလ ၉ ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းစစ်ဌာနချုပ်၌ ကျင်းပပြလုပ်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ပြည်သူ့စစ် စစ်မှုထမ်း ပထမအသုတ်ကို သင်္ကြန် ကာလပြီးမှ ခေါ်ယူမည်ဟု စစ်ကောင်စီက ကြေညာထား သော်လည်း ယခုအခါ နည်းဥပဒေ ပြဌာန်းနိုင်ခြင်း မရှိသေးစဥ် စတင်ခေါ်ယူနေပြီဖြစ်ပြီး လစဥ် အနည်းဆုံး လူငယ် ၅,၀၀၀ မှ ၁၀,၀၀၀ အထိ ခေါ်ယူမည် ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...