သျှမ်းတောင် ၂ လကျော်ကြာတိုက်ပွဲကြား အရပ်သားသေဆုံးမှု ၅၅ ဦးထိရှိလာ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံးနှင့် ပင်လောင်းမြို့နယ်တွင် တိုက်ပွဲ ၂လကျော်ကြာ အရပ်သားသေဆုံးမှု ၅၅ ဦးထိရှိလာနေကြောင်း စုံစမ်းသိရသည်။

အရပ်သားသေဆုံးမှုသည် စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်းဗုံးကြဲခြင်းနှင့် ဖမ်းဆီးသတ်ဖြတ် ခြင်းကြောင့်ဖြစ်ပြီး ထိုထဲတွင် အသက် ၆ လသားမှ ၁၀ နှစ်အတွင်းရှိ ကလေးငယ် ၅ ဦး၊ အမျိုးသမီး ၃ ဦးအပါအဝင် ကျား-မ အတည်မပြုနိုင်သူ ၆ ဦးနှင့် အမျိုးသား ၄၁ ဦး ဖြစ်ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး တာဝန်ခံတစ်ဦးက ပြောသည်။

“အထူးသဖြင့်တော့ လက်နက်ကြီးထိမှန်တာ၊ လေကြောင်းဗုံးကြဲမှုကြေင့် ထိခိုက်သေဆုံးတာ အပါအဝင် ဖမ်းဆီးသတ်ဖြတ်ခံရတာတွေ ပါဝင်ပါတယ်” ဟု ၎င်းကပြောသည်။

ထို့အတူ လက်နက်ကြီး၊ လေကြောင်းဗုံးကြဲခြင်းကြောင့် ကလေးငယ်နှင့် အမျိုးသမီးအပါအဝင် အရပ်သားထိခိုက်ဒဏ်ရာမှု ၇၀ ဦးဝန်းကျင်အထိ မြင့်တက်လာနေကြောင်းလည်း ပအိုဝ်းလူငယ်အစည်းအရုံးက ဧပြီလ ၂ ရက်တွင် ထုတ်ပြန်ထားသည်။

အရပ်သားထိခိုက်သေဆုံးမှု၏ (၅၀) ရာခိုင်နှုန်းသည် လေကြောင်း၊ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဖြစ်ပြီး အရပ်သား အဆောက်အအုံ ထိခိုက်ပျက်စီးမှု၏ (၈၀) ရာခိုင်နှုန်းခန့်သည်လည်း လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခြင်း ကြောင့် ဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ရေးသားဖော်ပြထားသည်။

သျှမ်းတောင် ၂ လကျော်ကြာ တိုက်ပွဲကြားမှာ ဘုန်းကြီးကျောင်းဆောင်အပါအဝင် အဆောက်အအုံ ထိခိုက်ပျက်စီးမှု ၅၇၁ ခုရှိသည်။

ထို့အပြင် တိုက်ပွဲကြား ဖမ်းဆီးခံရသူများလည်း စုစုပေါင်း ၂၀ ဦးအထိရှိပြီး ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA မှ ဖမ်းဆီးထားခြင်းအပါအဝင် စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ် PNO ဘက်မှ ဖမ်းဆီးထားပြီး လက်ရှိအချိန်ထိ ဖမ်းဆီးခံရသူများအားလုံး ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

ဆီဆိုင် ယာယီမြို့မဈေး မိုးကြီးတိုင်း ရေကြီးရေလျှံဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ယာယီမြို့မဈေးတွင် ရေထွက်ပေါက်စနစ် စနစ်တကျမရှိသဖြင့် မိုးသည်းထန်စွာ ရွာသွန်းတိုင်း ဈေးအတွင်း ရေဝပ်နေကြောင်း စုံစမ်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၀ ရက်) ဆီဆိုင်မြို့ ဈေးနေ့ကျရောက်သည့် နေ့ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယာယီမြို့မဈေးအတွင်း ရေများဝင်ရောက်ကာ ရေဝပ်နေကြောင်း ဆီဆိုင်မြို့နေ ဒေသခံအမျိုးသားတစ်ဦးက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ်လ ၁၀ ရက်) နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့ ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်အချို့ရှိ...

နှစ်စဉ် ရေကြီး တောင်ပြိုသည့် ဟိုပုံးဒေသ သစ်ပင်စိုက်ရန် စစ်အစိုးရ တပင် ကျပ်လေးရာဖြင့်ရောင်းချနေ

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီး၊ တောင်ပြိုမှုကို ကာကွယ်ရန်အတွက် စစ်အစိုးရ၏ လက်အောက်ခံ သစ်တောဉီးစီးဌာနက သစ်ပင် ပြန်စိုက်ရန် တစ်ပင်လျှင် ကျပ်ငွေလေးရာ(၄၀၀))ဖြင့် ရောင်းချနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၈) ရက်နေ့တွင် သစ်တောဦးစီးဌာနက ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသအတွက် ကော်ဖီပင် ပိုမိုစိုက်ပျိုးနိုင်ရန်နှင့်...