Tuesday, January 27, 2026

သျှမ်းတောင် ၂ လကျော်ကြာတိုက်ပွဲကြား အရပ်သားသေဆုံးမှု ၅၅ ဦးထိရှိလာ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံးနှင့် ပင်လောင်းမြို့နယ်တွင် တိုက်ပွဲ ၂လကျော်ကြာ အရပ်သားသေဆုံးမှု ၅၅ ဦးထိရှိလာနေကြောင်း စုံစမ်းသိရသည်။

အရပ်သားသေဆုံးမှုသည် စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်းဗုံးကြဲခြင်းနှင့် ဖမ်းဆီးသတ်ဖြတ် ခြင်းကြောင့်ဖြစ်ပြီး ထိုထဲတွင် အသက် ၆ လသားမှ ၁၀ နှစ်အတွင်းရှိ ကလေးငယ် ၅ ဦး၊ အမျိုးသမီး ၃ ဦးအပါအဝင် ကျား-မ အတည်မပြုနိုင်သူ ၆ ဦးနှင့် အမျိုးသား ၄၁ ဦး ဖြစ်ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး တာဝန်ခံတစ်ဦးက ပြောသည်။

“အထူးသဖြင့်တော့ လက်နက်ကြီးထိမှန်တာ၊ လေကြောင်းဗုံးကြဲမှုကြေင့် ထိခိုက်သေဆုံးတာ အပါအဝင် ဖမ်းဆီးသတ်ဖြတ်ခံရတာတွေ ပါဝင်ပါတယ်” ဟု ၎င်းကပြောသည်။

ထို့အတူ လက်နက်ကြီး၊ လေကြောင်းဗုံးကြဲခြင်းကြောင့် ကလေးငယ်နှင့် အမျိုးသမီးအပါအဝင် အရပ်သားထိခိုက်ဒဏ်ရာမှု ၇၀ ဦးဝန်းကျင်အထိ မြင့်တက်လာနေကြောင်းလည်း ပအိုဝ်းလူငယ်အစည်းအရုံးက ဧပြီလ ၂ ရက်တွင် ထုတ်ပြန်ထားသည်။

အရပ်သားထိခိုက်သေဆုံးမှု၏ (၅၀) ရာခိုင်နှုန်းသည် လေကြောင်း၊ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဖြစ်ပြီး အရပ်သား အဆောက်အအုံ ထိခိုက်ပျက်စီးမှု၏ (၈၀) ရာခိုင်နှုန်းခန့်သည်လည်း လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခြင်း ကြောင့် ဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ရေးသားဖော်ပြထားသည်။

သျှမ်းတောင် ၂ လကျော်ကြာ တိုက်ပွဲကြားမှာ ဘုန်းကြီးကျောင်းဆောင်အပါအဝင် အဆောက်အအုံ ထိခိုက်ပျက်စီးမှု ၅၇၁ ခုရှိသည်။

ထို့အပြင် တိုက်ပွဲကြား ဖမ်းဆီးခံရသူများလည်း စုစုပေါင်း ၂၀ ဦးအထိရှိပြီး ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA မှ ဖမ်းဆီးထားခြင်းအပါအဝင် စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ် PNO ဘက်မှ ဖမ်းဆီးထားပြီး လက်ရှိအချိန်ထိ ဖမ်းဆီးခံရသူများအားလုံး ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...