ဆီဆိုင်မြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးထက်မနည်းသေဆုံးဟု PNLA ပြော

သျှမ်းပြည် ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာတွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တာဝန်ခံတစ်ဦးက ပြောသည်။

ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာတွင် ဧပြီလ ၆ ရက်နေ့ကတည်းက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA နှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNA တို့အကြား တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း PNLA ၏ပြန်ကြားရေးတာဝန်ခံ ခွန်ရိန်းယံက ပြောသည်။

“ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာ၊ လွယ်ပွတ်ကျေးရွာဘက်မှာ တိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီဘက် ကတော့ ၈ ဦးထက်မနည်း သေဆုံးတယ်လို့ ကျနော်တို့သိရပါတယ်။ ပြီးတော့ အဲ့ဒီထဲမှာလည်း သူတို့ကလက်နက်ကြီးတွေနဲ့ ရွာတွေထဲကို ပစ်ခတ်နေတာ၊ ထုနေတာ ရှိတယ်” ဟု ၎င်းကပြောသည်။

အလားတူ ဆီဆိုင်မြို့တွင် နှစ်ဖက်တပ်ဖွဲ့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ဧပြီလ ၆ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့က ဆီဆိုင်မြို့ကို လက်နက်ကြီးဖြင့် အချက်ပေါင်း ၂၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့သေးကြောင်း ဆိုသည်။

ထို့ကြောင့် လူငယ်များအနေဖြင့် တစ်နိုင်ငံလုံး စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ခိုက်နေသည့်အချိန်မှာ စစ်ကောင်စီ၏ ထောက်တိုင်အဖြစ်မနေဘဲ တော်လှန်ရေးမှာပါဝင်လာကြရန် အထူးတိုက်တွန်းလိုကြောင်း ခွန်ရိန်းယံက ထပ်လောင်းပြောသည်။

“အခုအချိန်မှာ တစ်နိုင်ငံလုံးက စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ခိုက်နေတဲ့အချိန်ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ကစစ်ကောင်စီရဲ့ ထောက်တိုင်ဖြစ်နေမယ်ဆိုရင် တော်လှန်ရေးလှိုင်းလုံးနဲ့အတူ ပျောက်ကွယ်သွားနိုင်တယ်။ ဒါကြောင့် အမြင်မှန်ရကြပြီး စစ်ကောင်စီရဲ့ ထောက်တိုင်အဖြစ်မနေကြဘဲ တော်လှန်ရေးမှာပါဝင်ကြဖို့ အထူးတိုက်တွန်းချင်တယ်” ဟု ပြောသည်။

သျှမ်းတောင် ဆီဆိုင်၊ ဟိုပုံးနှင့် ပင်လောင်းမြို့နယ်တွင် တိုက်ပွဲကြောင့် ၂ လကျော်ကြာ အရပ်သားသေဆုံးမှု ၅၅ ဦးအထိ မြင့်တက်လာနေပြီး ကလေးနှင့်အမျိုးသမီး အပါအဝင် ထိခိုက်ဒဏ်ရာရမှု ၇၀ ဝန်းကျင်အထိ ရှိလာနေပြီ ဖြစ်ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံးက မတ်လ ၂ ရက်တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများတွင် ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ထမ်ဆိုင်းကျေးရွာနှင့် အနီးနားကျေးရွာများတွင် ဘောင်းဘီဝတ်ခွင့် ပိတ်ပင်ထားပြီး၊ ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလဆန်းပိုင်းမှစကာ ထမ်ဆိုင်းကျေးရွာနှင့် ၎င်းပတ်ဝန်းကျင် အနီးနားရှိကျေးရွာမှ ဒေသခံများ ရိုးရာ ဝတ်စားဆင်ယင်မှု လျော့နည်းလာခြင်း၊ ကျေးရွာ ဂုဏ်သိက္ခာထိခိုက်စေလာမှုကြောင့် ဘောင်းဘီဝတ်ဆင်မှုကို ကျေးရွာသူကြီးများက ကန့်သတ်လိုက်ကြောင်း ၎င်းဒေသခံများက ပြောသည်။ အဆိုပါ ကန့်သတ်ချက်ကို...

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...

ဆီဆိုင်မြို့နယ် PNO စစ်ဆေးရေးဂိတ်တွင် ကန့်သတ်ကုန်များကို စစ်ဆေးတင်းကြပ်နေ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) စစ်ဆေးရေးဂိတ်များတွင် ကန့်သတ်ကုန်ပစ္စည်းများကို စစ်ဆေးတင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်များ ၊ ဆေးဝါးများ နှင့် စက်သုံးဆီများကိုသယ်ယူပို့်ဆောင်ရာာတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO များက သယ်ယူပို့ဆောင်ရန် ကန့်သတ်မှုများ ပြုလုပ်...

ဆီဆိုင်မြို့နယ်တွင် မိုးကြိုးစက်ကွင်းကြောင့် နွားအကောင်ရေ ၅၀ ခန့်သေဆုံး

0
သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် မိုးကြိုးစက်ကွင်း ထိမှန်ခြင်းကြောင့် နွားအကောင်ရေ ၅၀ ခန့် သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၁ ရက်) နေ့လယ် ၂ နာရီခန့်တွင် ဆီဆိုင်မြို့နယ် ကောင်ဝါးတောင်ရွာရှိ တောင်ယာအနီးတွင် နွားအုပ်လိုက် ကျက်စားနေချိန် မိုးကြိုးစက်ကွင်း ထိမှန်ခဲ့ခြင်းကြောင့် နွား အကောင်ရေ...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...