တိုက်ပွဲ
လားရှိုးမြို့အနီး တိုက်ပွဲစဖြစ်၊ စစ်ကောင်စီ လက်နက်ကြီးပစ်၍ မြို့ခံများ ထိတ်လန့်
SHAN -
သျှမ်းပြည် မြောက်ပိုင်း၏ မြို့တော် လားရှိုးမြို့နယ်တွင် ယနေ့ (ဇွန်လ ၂၉ ရက်) နံနက် ၁၁ နာရီ ဝန်းကျင်က စပြီး တိုက်ပွဲ စတင်ဖြစ်ပွားနေသည်ဟု ဒေသခံများက အတည်ပြု ပြောသည်။ လားရှိုးမြို့နယ်၊ နမ့်ဟူးကျေးရွာအနီး ညီနောင်မဟာမိတ်တပ်နှင့် စစ်ကောင်စီတပ် တိုက်ပွဲ ဖြစ်ပွားနေပြီး လားရှိမြို့ရှိ...
ကျောက်မဲ လေယာဉ်ဗုံးကြဲမှုကြောင့် တစ်ရက်တည်း အရပ်သား ၇ ဦးအထက် သေဆုံး
သျှမ်းပြည် ကျောက်မဲမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် တစ်ရက်တည်း အရပ်သားထိခိုက်သေဆုံးသူ ၈ ဦးခန့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇွန်လ ၂၇ ရက်) ည ၇ နာရီခွဲခန့်တွင် စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကျောက်မဲမြို့ ရပ်ကွက် (၈)တွင် ၄ဦး၊...
ကျောက်မဲမြို့ စစ်ဘေးရှောင် ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေ
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် စစ်ေကာင်စီနှင့် TNLA တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ်တွင် ဇွန်လ ၂၅ ရက်မှစ၍ စစ်ကောင်စီနှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ဒေသခံများ ထောင်နှင့်ချီထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျောက်မဲမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက...
ပင်လောင်းမြို့နယ်ရှိ ကျေးရွာများ ရွာလုံးကျွတ်ထွက်ပြေးနေရ
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် တိုက်ပွဲများကြောင့် ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင် နေရကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ပင်လောင်း - ဖယ်ခုံမြို့နယ်စပ်တွင် စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ဇွန်လ ၁၇ ရက်နေ့မှ စ၍ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)ကို...
သျှမ်း-မန္တလေးနယ်စပ် ဝက်ဝံရှိ မူးယစ်ဂိတ်ကို TNLA ပူးပေါင်းတပ် ထိုးစစ်ဆင်တိုက်ခိုက်
သျှမ်းပြည်နှင့် မန္တလေးတိုင်းနယ်စပ် ဝက်ဝံကျေးရွာရှိ ရဲစခန်းနှင့် မူးယစ်ဂိတ်ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၂၈ ရက်) နံနက် ၅ နာရီကျော်မှ စတင်ပြီး နောင်ချိုမြို့နယ် ဝက်ဝံကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းနှင့်...
ဗုံးကြဲနေသည့်ကြားက မိုးကုတ် ကျပ်ပြင် ရဲစခန်းကို TNLA သိမ်းပိုက်
SHAN -
သျှမ်းပြည်နှင့် မန္တလေးတိုင်း နယ်စပ်မြို့ဖြစ်သည့် မိုးကုတ်မြို့ အနောက်ပိုင်းရှိ စစ်ကောင်စီ တပ်စွဲထားသည့် ကျပ်ပြင် ရဲစခန်းကို ယနေ့ (ဇွန် ၂၇ ရက်) ညနေပိုင်းက TNLA ပူးပေါင်းတပ်များ တိုက်ခိုက် သိမ်းပိုက်လိုက်ပြီဟု ဒေသခံများက ပြောသည်။ TNLA-PDF ပူးပေါင်းတပ်များ မိုးကုတ်မြို့ အနောက်ဘက်၊ ဒေါ်နန်းကြည်တောင်၊...
PDF သိမ်းပိုက်သည့် လေကြောင်းရန်တပ်က လေယာဉ်ပစ် SA-16 SAM ဒုံးကျည် ၄၈ လက် ဘယ်ရောက်သွားလဲ
SHAN -
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ပိုင်း၊ အင်ကြင်းမြိုင်ရွာ အနီးရှိ စစ်ကောင်စီ၏ အမှတ် (၁၀၁၄) လေကြောင်းရန် ကာကွယ်ရေးတပ်ကို PDF ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဇွန်လ ၂၇ ရက်) တွင် အတည်ပြုသည်။ အင်အား ၈၀ ဝန်းကျင်ရှိ အဆိုပါ...
ကျောက်မဲ တိုက်ပွဲ(၃)ရက်အတွင်း အရပ်သား ၂၀ ကျော် သေဆုံး၊ ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA )တို့ နှစ်ဘက်တိုက်ပွဲ (၃) ရက်အတွင်း အရပ်သား (၂၁) ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ ၂၅ ရက်မှ ယနေ့ (ဇွန်လ ၂၇...
ပင်လောင်းတိုက်ပွဲကြောင့် စစ်ဘေးရှောင် ၃,၀၀၀ ကျော် ကရင်နီ ပြည်သို့ ထွက်ပြေးခိုလှုံနေရ
သျှမ်းပြည် ပင်လောင်းမြို့နယ် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ၃ ထောင်ကျော်သည် ကရင်နီ (ကယား) ပြည်နယ်စပ်ဘက်ရှိ စစ်ရှောင်စခန်းသို့ ထွက်ပြေးခိုလှုံလာကြသည်ဟု စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူထံများမှ သိရသည်။ ဇွန်လ ၁၈ ရက်ကစတင်ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီလက်နက်ကိုင် တော်လှန်ရေး အင်အားစုတပ်ဖွဲ့များတို့ တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ်မှာ လမ်းကြောင်းများပိတ်ဆို့ခြင်း၊...
နောင်ချိုမြို့ပေါ် လေယာဉ်ပျံဝဲနေပြီး စစ်ကောင်စီလက်ကျန်တပ်စခန်းကို TNLAနှင့် PDF ပူးပေါင်းအဖွဲ့ ဆက်လက်တိုက်ခိုက်
သျှမ်းပြည် နောင်ချိုမြို့ပေါ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းပျံဝဲနေပြီး လက်ကျန်တပ်စခန်းဖြစ်သည့် ခမရ-၁၁၄ နှင့် အမြောက်တပ်-၆၀၆ တပ်ရင်းတို့ကို TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ဆက်လက်တိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၂၇ ရက်) နံနက် ၈ နာရီခန့်မှ စတင်ပြီး နောင်ချိုမြို့တွင် နောက်ဆုံးကျန်ရှိသည့်...





