တိုက်ပွဲ

မိုးကုတ်မြို့ အနောက်ပိုင်းကို TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့ထိန်းချုပ်နိုင်ပြီး လက်နက်ခဲယမ်း သိမ်းဆည်းရမိ

သျှမ်း-မန္တလေး နယ်စပ်ရှိ မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက မြို့အနောက်ပိုင်းကို ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိကြောင်း စုံစမ်းသိရသည်။ ဇွန်လ ၂၅ ရက်မှ စတင်ပြီး သျှမ်း-မန္တလေးအစပ် မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်များကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA၊ မန္တလေး-PDF နှင့်...

လဲချား RCSS နှင့် SSPP တို့ ရက်ဆက်တိုက်ပွဲဖြစ်

သျှမ်းပြည် လဲချားမြို့နယ်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ ရက်ဆက်တိုက်ပွဲဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ လဲချားမြို့နယ်နှင့် ရပ်စောက်မြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လဆန်းကတည်းက RCSS နှင့် SSPP တို့အကြား တိုက်ပွဲရက်ဆက် ပြင်းထန်လာနေခြင်း ဖြစ်သည်။ ဇူလိုင် ၁ ရက်နေ့က လဲချားမြို့နယ် မန်စိမ်းကျေးအုပ်စုအတွင်း...

လားရှိုးမြို့ကို ညီနောင်မဟာမိတ် ဝန်းရံပိတ်ဆို့၊ စစ်ကောင်စီတပ်က အရပ်လေးမျက်နှာ လက်နက်ကြီးရမ်းသမ်းပစ်ခတ်နေ

သျှမ်းပြည် လားရှိုးမြို့ကို ညီနောင်မဟာမိတ်တပ်များက ဝိုင်းရံပိတ်ဆို့လိုက်ပြီး စစ်ကောင်စီတပ်က မြို့တွင်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၂ ရက်) ည ၁၀ နာရီခန့်မှ စတင်ပြီး လားရှိုးမြို့နှင့် ၁၄ မိုင်ခန့်သာ ကွာဝေးသည့် ရှန်ခိုက်ကျေးရွာတွင် စစ်ကောင်စီ၏ သေနတ်လေ့ကျင့်ရေးတပ်ကို ကိုးကန့်တပ်ဖွဲ့...

တန့်ယန်းမြို့နယ် မန်ကတ်-မန်နောင်ကြား ကားလမ်းဖြတ်ခံထားရ

သျှမ်းပြည် တန့်ယန်းမြို့နယ် မန်ကတ်-မန်နောင်ကြားရှိကားလမ်း ဖြတ်ခံထားရကြောင်း​ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ရက်ပိုင်းကတည်းက ဖျက်ဆီးခံလိုက်ရပြီး ထိုကားလမ်းကို မြောင်းတူးပြီး လမ်းကြောဖြတ်တောက် ထားကြောင်း မန်ကတ်ကျေးရွာ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တန့်ယန်း-မိုင်းရယ်ကြား ကားလမ်းမဟုတ်ဘူး။ မိုင်းရယ်-တန့်ယန်းလမ်းပိုင်းက အခုထိသွားလာကြပါတယ်။ အခုပိတ်ထာက မန်ကတ်ကနေ မန်နောင်၊ မိုင်းတွမ်းဘက်သွားတဲ့လမ်းပါ” ဟု ၎င်းကပြောသည်။ လက်ရှိ...

လားရှိုးမြို့ တိုင်းရုံးနှင့် တက္ကသိုလ်ကြား ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲပြီး မိသားစု (၆) ဦး ပွဲချင်းပြီး သေဆုံး

သျှမ်းပြည် လားရှိုးမြို့ပေါ်ရှိ တိုင်းရုံးနှင့် တက္ကသိုလ်ကြားရှိ ပြည်သူနေအိမ်တွင် ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခဲ့ရာ မိသားစုဝင် (၆) ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃ ရက်) နံနက် ၇ နာရီကျော်တွင် လားရှိုးမြို့ ရပ်ကွက် (၁) သာယာလမ်းရှိ ပြည်သူနေအိမ်တစ်လုံးသို့...

ကျောက်မဲနှင့် သီပေါတွင် လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်မှုကြောင့် အရပ်သား (၄) ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

သျှမ်းပြည် ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့တို့၏ နှစ်ဘက်တိုက်ပွဲကြား လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်မှုကြောင့် အရပ်သား (၄) ဦး သေဆုံးပြီး အရပ်သား ၅ ဦး ဒဏ်ရာရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁ ရက်) ညနေ ၆...

ကျောက်မဲ စစ်ဘေးရှောင် ၁၂,၀၀၀ ကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ၁၂,၀၀၀ ကျော်အတွက် စားနပ်ရိက္ခာ အကူအညီ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရသည်။ ဇွန်လ ၂၅ ရက်နေ့က ကျောက်မဲမြို့နယ်တွင် စတင်ခဲ့သည့် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့၏ နှစ်ဘက်တိုက်ပွဲ တစ်ပတ်အတွင်း မြို့ပေါ်ရပ်ကွက်များသို့ လက်နက်ကြီးကျည်...

ပင်လောင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ကျော်ထက်မနည်းသေဆုံး

သျှမ်းပြည် ပင်လောင်းမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ကပြောသည်။ ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်က ပင်လောင်းမြို့နယ်အတွင်း တိုက်ပွဲတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီဘက်က တပ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး၊ လက်နက်ငယ်တချို့ကိုလည်း သိမ်းဆည်းရမိသည်ဟု...

နောင်ချိုမြို့လယ်ရှိ မီးသတ်စခန်းကို စစ်ကောင်စီလေကြောင်းဗုံးကြဲ၊ ပြည်သူနေအိမ် ၁၀ လုံးကျော် ပျက်စီး

သျှမ်းပြည် နောင်ချိုမြို့ပေါ်ရှိ မြို့နယ်မီးသတ်စခန်းကို စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပြည်သူနေအိမ် ၁၀ လုံးကျော် ထိမှန်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ ၂၉ ရက် ည ၁၀ နာရီခွဲကျော်ခန့်တွင် နောင်ချိုမြို့ပေါ် ဘူတာရပ်ကွက်၊ မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးဘေးရှိ မြို့နယ်မီးသတ်စခန်းကို စစ်ကောင်စီတပ်မှ ပေါင် ၅၀၀...

ပင်လောင်းတွင် တိုက်ပွဲပြင်းထန်နေ၊ ဒေသခံများကို လူသားဒိုင်းကာအဖြစ် စစ်ကောင်စီကဖမ်းဆီးထား

ပင်လောင်းမြို့နှင့် မိုင် ၂၀ ခန့်သာကွာဝေးသည့် ဆောင်းပြောင်းကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်နေပြီး ဒေသခံများကို လူသားဒိုင်းကာအဖြစ် စစ်ကောင်စီကဖမ်းဆီးထားသည်ဟု ဒေသခံများကပြောသည်။ ယမန်နေ့ (ဇွန်လ ၃၀) ရက်က ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာအနီးတွင် ကရင်နီတော်လှန်ရေး အင်အားစုတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံ ၃၀၀ ကျော်ကို လူသားဒိုင်းအဖြစ် စစ်ကောင်စီတပ်က...

Latest news