နောင်ချိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ဟု TNLA ပြော

သျှမ်းပြည် နောင်ချိုမြို့နယ်တွင် နောက်ဆုံးကျန်ရှိသည့် စစ်ကောင်စီ အမြောက်တပ်-၆၀၆ ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က တိုက်ခိုက်နေစဉ် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သတင်းသိရသည်။

ယမန်နေ့ (ဇူလိုင် ၄ ရက်) နေ့လယ် ၂ နာရီခန့်တွင် နောင်ချိုမြို့နယ်အတွင်း နောက်ဆုံးကျန်ရှိသည့် အမြောက်တပ်-၆၀၆ ကို TNLA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်နေစဉ် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံး (၃) လုံး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

ဇူလိုင်လ ၁ ရက်နေ့တွင်လည်း အမြောက်တပ်-၆၀၆ ကို တိုက်ခိုက်နေစဉ် အဆိပ်ငွေ့ဗုံး (၁) လုံးနှင့် ဇူလိုင်လ ၄ ရက်တွင် အဆိပ်ငွေ့ဗုံး (၃) လုံး စုစုပေါင်း(၄) လုံး အသုံးပြုတိုက်ခိုက်ခဲ့ရာ TNLA တပ်ဖွဲ့ဝင် (၈) ဦး အဆိပ်ငွေ့သင့်ပြီး အသက်ရှူမြန်ခြင်း၊ စိတ်လှုပ်ရှားမှုမြန်ခြင်း၊ မောပန်းခြင်း၊ အောက်စီဂျင်ကျခြင်းနှင့် မအီမသာဖြစ်ခြင်းတို့ ခံစားရပြီး ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

အလားတူ ယမန်နေ့ (ဇူလိုင်လ ၄ ရက်)တွင် နောင်ချိုမြို့နယ် ဘန့်ဘွေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားလျက်ရှိသည့် အမြောက်တပ် (ဒုံးတပ်)ဘက်သို့ ဟောင်ဝစ်ဇာ လက်နက်ကြီး (၁၂) လုံး ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ထို့အပြင် သျှမ်းပြည်မြောက်ပိုင်းရှိ စစ်ဖြစ်ပွားရာ ဒေသများအား စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု (၁၅) ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် နောင်ချိုမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခမရ-၁၁၄/၁၁၅ တပ်ရင်းနှင့် အထင်ကရ ဌာနဆိုင်ရာရုံး၊ ရဲစခန်းတို့ကို TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ဇွန်လ နောက်ဆုံးပတ်ကတည်းက ထိန်းချုပ်ထားနိုင်ကြောင်း TNLA ဘက်က ထုတ်ပြန်ထားသည်။

နောင်ချိုမြို့နယ်အတွင်း နောက်ဆုံးကျန်ရှိသည့် စစ်ကောင်စီလက်အောက်ခံ အမြောက်တပ်(ဒုံးတပ်) ၆၀၆ ကို TNLA တပ်ဖွဲ့နှင့် မန္တလေး-PDF တပ်ဖွဲ့၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် DPLA ပူးပေါင်းတပ်ဖွဲ့တို့က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက် ရှိသည်။

ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာလအတွင်းကလည်း “၁၀၂၇ စစ်ဆင်ရေး” ဖြင့် နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီစခန်းသစ်ကုန်းနှင့် လားရှိုးမြို့နယ်ရှိ မိုင်းကျက်တပ်စခန်းတို့ကို TNLA တပ်ဖွဲ့ တိုက်ခိုက်နေစဉ် စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံး အသုံးပြု၍ တိုက်ခိုက်ခဲ့ဖူးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...