တန့်ယန်း-မိုင်းရယ်ကားလမ်းကို တော်လှန်ရေးအင်းအားများက ဖြတ်တောက်ထားဟု သတင်းအမှားဖြန့်နေ

သျှမ်းပြည် တန့်ယန်း-မိုင်းရယ်ကြား ကားလမ်းကို လက်နက်ကိုင် တော်လှန်ရေးအင်းအားစုများက ဖြတ်ထောက်ထားတယ်လို့ ဖြန့်ချိနေပါတယ်။

စစ်ကောင်စီကို ထောက်ခံတဲ့ ဝါဒဖြန့်တယ်လီဂရမ်ချယ်နယ် မှိုင်းဝေချယ်ကနေ ဖြန့်ချိခဲ့ပြီး
“တန့်ယန်း-မိုင်းရယ် ကြားကားလမ်းကို အကြမ်းဖက်သမားများ ဖြတ်ထောက်ထား” (မူရင်းအတိုင်း) ဟုဆိုကာ ဓာတ်ပုံအချို့ဖြင့် ဖြန့်ချိနေတာပါ။

ထိုသတင်းမှားကို ကြည့်ရှု့သူပေါင်း ၃၈,၀၀၀ ကျော်ရှိပြီး အခြားဝါဒဖြန့်တယ်လီဂရမ်ချယ်နယ်များကလည်း ထပ်ဆင့်ဖော်ပြတားတာကို တွေ့ရပါတယ်။

မူရင်းလင့်ခ် – https://archive.ph/sazkL

စစ်ဆေးခြင်း

သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများအနေဖြင့် ထိုအကြောင်းအရာကို စစ်ဆေးကြည့်တဲ့အခါ တွဲဖက်ဖြန့်ချိနေတဲ့ ဓာတ်ပုံနဲ့ အကြောင်းအရာက မှားယွင်းနေတာကို တွေ့ရပါတယ်။

ဝါဒဖြန့်တယ်လီဂရမ်ချယ်နယ်က ဖော်ပြထားသော ဓာတ်ပုံဟာ တန့်ယန်း-မိုင်းရယ်ကြား ကားလမ်းမဟုတ်ဘဲ တန့်ယန်းမြို့နယ် မန်ကတ်-မန်နောင်ကြားက ကားလမ်းဖြစ်ပါတယ်။

ဆက်စပ်ဖတ်ရှု့ရန် သတင်းလင့်ခ် – https://shorturl.at/NSrOU

သျှမ်းမြောက် ဒေသတွင်း သတင်းဌာနရဲ့ ဖော်ပြချက်အရ စစ်ကောင်စီတပ်ဟာ လားရှိုး-သီပေါ၊ လားရှိုး-နမ္မတူ၊ လားရှိုး-မိုင်းယော်၊ လားရှိုး-သိန္နီ၊ လာရှိုး-တန့်ယန်း စတဲ့လမ်းအဝင်အထွက်တွေကို ပိတ်ထားတာဖြစ်ပြီး လားရှိုး-တန့်ယန်းသွားတဲ့လမ်းကိုလည်း မြောင်းတူးဖျက်ဆီးထားတယ်လို့ ဖော်ပြထားပါတယ်။

သတင်းလင့်ခ် – https://shorturl.at/lbIf5

တန့်ယန်းမြို့နယ် ဒေသခံတစ်ဦးက “တန့်ယန်း-မိုင်းရယ်ကြား ကားလမ်းမဟုတ်ဘူး။ မိုင်းရယ်-တန့်ယန်းလမ်းပိုင်းက အခုထိသွားလာကြပါတယ်။ အခုပိတ်ထာက မန်ကတ်ကနေ မန်နောင်၊ မိုင်းတွမ်းဘက်သွားတဲ့လမ်းပါ” ဟု ပြောသည်။

ထို့အပြင် စစ်ကောင်စီဝါဒဖြန့်ချယ်နယ်အချင်းချင်းကြားမှာပင် အဲ့ဒီလမ်းဟာ တန့်ယန်း-မိုင်းရယ် လမ်းမဟုတ်ဘဲ ဖြတ်တောက်ထား အချိန်ကာလစ်ခုရှိကြောင်း ဖြန့်ချိမှုရှိနေပါတယ်။

ထို့ကြောင့် တော်လှန်ရေး အင်အားစုများက ကားလမ်းအား ဖြတ်တော်ထားသလို တွဲဖက်ဖြန့်ချိနေတဲ့ ဓာတ်ပုံနဲ့ အကြောင်းအရာဟာ မှားယွင်းနေပါတယ်။

မြန်မာနိုင်ငံနေရာအနှံ့ ခုခံတွန်းလှံစစ်ကို ခံနေရတဲ့စစ်ကောင်စီတပ်ဟာ တစ်ဖက်မှာအသာစီး ရဖို့အတွက် ဆိုရှယ်မီဒီယာတွေအသုံးပြုပြီး အတင်းအမှားတွေ ဖြန့်ချိနေတာရှိသလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချင်းချင်းကြား၊ တိုင်းရင်းသားလူမျိုး တစ်စုနှင့် တစ်စုအကြား၊ တော်လှန်အင်အားစုနှင့် ပြည်သူများအကြားမှာ စစ်ကောင်စီဝါဒဖြန့်ချယ်နယ်တွေက အမြဲသလို သွေးထိုးလှုံ့ဆော်နေလျက်ရှိပါတယ်။

သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။

သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကိုလည်း သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Box ကနေဆစ်ဆင့် သတင်းရဲ့ လင့်ခ် (သို့မဟုတ်) Screen Short ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုင်းလားတပ် (NDAA) က စစ်ကော်မရှင်နှင့် ပူးပေါင်း ပြီး တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်မည်ဆိုသည့် သတင်းမှား

0
သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့ (NDAA) သည် စစ်ကော်မရှင်နှင့် စစ်ရေးအရ ပူးပေါင်းလိုက်ပြီဖြစ်ကြောင်းနှင့် တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်ရန် အင်အားနှစ်သောင်းဖြင့် စစ်ပြင်နေပြီဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း “နောင်ရိုး” အမည်ရှိ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက NDAA တပ်ဖွဲ့ဝင်များ လက်နက်ကိုင်ဆောင်ထားသည့် ဓာတ်ပုံများနှင့်အတူ...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...