Wednesday, January 28, 2026

တန့်ယန်း-မိုင်းရယ်ကားလမ်းကို တော်လှန်ရေးအင်းအားများက ဖြတ်တောက်ထားဟု သတင်းအမှားဖြန့်နေ

သျှမ်းပြည် တန့်ယန်း-မိုင်းရယ်ကြား ကားလမ်းကို လက်နက်ကိုင် တော်လှန်ရေးအင်းအားစုများက ဖြတ်ထောက်ထားတယ်လို့ ဖြန့်ချိနေပါတယ်။

စစ်ကောင်စီကို ထောက်ခံတဲ့ ဝါဒဖြန့်တယ်လီဂရမ်ချယ်နယ် မှိုင်းဝေချယ်ကနေ ဖြန့်ချိခဲ့ပြီး
“တန့်ယန်း-မိုင်းရယ် ကြားကားလမ်းကို အကြမ်းဖက်သမားများ ဖြတ်ထောက်ထား” (မူရင်းအတိုင်း) ဟုဆိုကာ ဓာတ်ပုံအချို့ဖြင့် ဖြန့်ချိနေတာပါ။

ထိုသတင်းမှားကို ကြည့်ရှု့သူပေါင်း ၃၈,၀၀၀ ကျော်ရှိပြီး အခြားဝါဒဖြန့်တယ်လီဂရမ်ချယ်နယ်များကလည်း ထပ်ဆင့်ဖော်ပြတားတာကို တွေ့ရပါတယ်။

မူရင်းလင့်ခ် – https://archive.ph/sazkL

စစ်ဆေးခြင်း

သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများအနေဖြင့် ထိုအကြောင်းအရာကို စစ်ဆေးကြည့်တဲ့အခါ တွဲဖက်ဖြန့်ချိနေတဲ့ ဓာတ်ပုံနဲ့ အကြောင်းအရာက မှားယွင်းနေတာကို တွေ့ရပါတယ်။

ဝါဒဖြန့်တယ်လီဂရမ်ချယ်နယ်က ဖော်ပြထားသော ဓာတ်ပုံဟာ တန့်ယန်း-မိုင်းရယ်ကြား ကားလမ်းမဟုတ်ဘဲ တန့်ယန်းမြို့နယ် မန်ကတ်-မန်နောင်ကြားက ကားလမ်းဖြစ်ပါတယ်။

ဆက်စပ်ဖတ်ရှု့ရန် သတင်းလင့်ခ် – https://shorturl.at/NSrOU

သျှမ်းမြောက် ဒေသတွင်း သတင်းဌာနရဲ့ ဖော်ပြချက်အရ စစ်ကောင်စီတပ်ဟာ လားရှိုး-သီပေါ၊ လားရှိုး-နမ္မတူ၊ လားရှိုး-မိုင်းယော်၊ လားရှိုး-သိန္နီ၊ လာရှိုး-တန့်ယန်း စတဲ့လမ်းအဝင်အထွက်တွေကို ပိတ်ထားတာဖြစ်ပြီး လားရှိုး-တန့်ယန်းသွားတဲ့လမ်းကိုလည်း မြောင်းတူးဖျက်ဆီးထားတယ်လို့ ဖော်ပြထားပါတယ်။

သတင်းလင့်ခ် – https://shorturl.at/lbIf5

တန့်ယန်းမြို့နယ် ဒေသခံတစ်ဦးက “တန့်ယန်း-မိုင်းရယ်ကြား ကားလမ်းမဟုတ်ဘူး။ မိုင်းရယ်-တန့်ယန်းလမ်းပိုင်းက အခုထိသွားလာကြပါတယ်။ အခုပိတ်ထာက မန်ကတ်ကနေ မန်နောင်၊ မိုင်းတွမ်းဘက်သွားတဲ့လမ်းပါ” ဟု ပြောသည်။

ထို့အပြင် စစ်ကောင်စီဝါဒဖြန့်ချယ်နယ်အချင်းချင်းကြားမှာပင် အဲ့ဒီလမ်းဟာ တန့်ယန်း-မိုင်းရယ် လမ်းမဟုတ်ဘဲ ဖြတ်တောက်ထား အချိန်ကာလစ်ခုရှိကြောင်း ဖြန့်ချိမှုရှိနေပါတယ်။

ထို့ကြောင့် တော်လှန်ရေး အင်အားစုများက ကားလမ်းအား ဖြတ်တော်ထားသလို တွဲဖက်ဖြန့်ချိနေတဲ့ ဓာတ်ပုံနဲ့ အကြောင်းအရာဟာ မှားယွင်းနေပါတယ်။

မြန်မာနိုင်ငံနေရာအနှံ့ ခုခံတွန်းလှံစစ်ကို ခံနေရတဲ့စစ်ကောင်စီတပ်ဟာ တစ်ဖက်မှာအသာစီး ရဖို့အတွက် ဆိုရှယ်မီဒီယာတွေအသုံးပြုပြီး အတင်းအမှားတွေ ဖြန့်ချိနေတာရှိသလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချင်းချင်းကြား၊ တိုင်းရင်းသားလူမျိုး တစ်စုနှင့် တစ်စုအကြား၊ တော်လှန်အင်အားစုနှင့် ပြည်သူများအကြားမှာ စစ်ကောင်စီဝါဒဖြန့်ချယ်နယ်တွေက အမြဲသလို သွေးထိုးလှုံ့ဆော်နေလျက်ရှိပါတယ်။

သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။

သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကိုလည်း သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Box ကနေဆစ်ဆင့် သတင်းရဲ့ လင့်ခ် (သို့မဟုတ်) Screen Short ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက ပြဿနာရှာ၍ ထိုင်းရဲများက ဆက်တိုက်ဖမ်းဆီးဟု စစ်တပ်ထောက်ခံသူများ ဝါဒဖြန့်

0
ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက ဆက်တိုက်ဖမ်းဆီး နေရကြောင်းဆိုကာ Ba Kaung အမည်ရှိ လူမှုကွန်ရက်စာမျက်နှာ အကောင့်တစ်ခုမှ ဇန်နဝါရီလ ၁၇ ရက်တွင် ရေးသားဖြန့်ဝေခဲ့သည်။ ထို့အပြင် ငြိမ်းချမ်းစွာနေလိုသည့် မြန်မာများက တော်လှန်ရေးထောက်ခံသူများကို လက်မခံဘဲ ထိုင်းရဲများထံသို့ တိုင်းကြားသတင်းပေး ကြရန်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...