လားရှိုး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ညီနောင်မဟာမိတ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

သျှမ်းပြည် မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခ ကို ညီနောင်မဟာမိတ်တပ်များမှ ယနေ့ (ဇူလိုင်လ ၃ ရက်) နေ့လယ်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ (ဇူလိုင်၂ ရက်) ညပိုင်းမှ စတင်၍ ယခုသတင်းရေးသားချိန်အထိ လက်နက်ကြီး ဆက်တိုက် ပစ်ခတ်နေသည့် စစ်ကောင်စီ၏ ရမခ တိုင်းစစ်ဌာနချုပ်ကို ညီနောင်မဟာမိတ်တပ်များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်နေပြီး တပြိုင်နက်တည်းတွင် လားရှိုးမြို့နှင့် ၁၆ မိုင် ကွာဝေးသည့် နောင်မွန်တိုက်ပွဲအတွင်း ရောက်ရှိလာသည့် ခမရ (၅၀၅)မှ စစ်ကောင်စီတပ်သားများကို တိုက်ထုတ်နိုင်ခဲ့ပြီဟု ဆိုသည်။

ညီနောင်မဟာမိတ် (၃)ဖွဲ့

“ရမခ ထဲကို Drop Bomb ချနေတယ်။ နောင်မွန်မှာတော့ နမ့်လန်ကနေ ရောက်လာတဲ့ ခမရ (၅၀၅) ကို မောင်းထုတ်လိုက်ပြီလို့ သိရပါတယ်။ မြို့ပြင် မိုင်အနည်းငယ် အကွာကနေ မဟာမိတ်တပ်တွေ ဝိုင်းထားတယ်လို ပြောလို့ရပါတယ်။ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲပါ” ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ နေ့လယ်ပိုင်းတွင် ရှင်းပြသည်။

လက်ရှိ အချိန်အထိ လားရှိုးမြို့ပေါ်ရှိ စစ်ကောင်စီတပ်များက လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်နေသဖြင့် မြို့တွင်း သွားလာသူ နည်းပါးကြောင်း၊ လက်နက်ကြီး ပစ်ခတ်သံများကြောင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဟုတ်မဟုတ် ခွဲခြားသိနိုင်ရန် ခက်ခဲကြောင်း မြို့ခံတစ်ဦးက ဆိုသည်။

“လက်နက်ကြီး တစ်လုံး ဂေါက်ကွင်းထဲ ကျတာတော့၊ နံပါတ်ကိုး ကျင်းနား” ဟု ၄င်းဒေသခံက ပြောဆိုသည်။

ယနေ့ (ဇူလိုင် ၃)ရက် လားရှိုးမြို့ အဝင်အထွက်လမ်းများကို စစ်ကောင်စီတပ်က ပိတ်ထားပြီး မြို့ပတ်ပတ်လည်ရှိ အီနိုင်း၊ မိုင်းတင်၊ မန်အိုင်၊ ကုန်းညောင်၊ ရှန်ခိုက် စသည့် ကျေးရွာများတွင် တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (ဇူလိုင်လ ၃ ရက်) နံနက် ၇ နာရီကျော်တွင် လားရှိုးမြို့ ရပ်ကွက် (၁)ရှိ တက္ကသိုလ်နှင့် တိုင်းရုံးအကြား သာယာလမ်းသွယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ၏ ဒရုန်းကို စစ်ကောင်စီတပ်မှ ပစ်ချခဲ့ရာ ၎င်းဒရုန်းမှ ဗုံးသီးသည် ပြည်သူနေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေး ၃ ဦးအပါအဝင် မိသားစုဝင် ၆ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စစ်ရေးအကြောင်းသိသည့် သတင်းရင်းမြစ်တစ်ဦးကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ ဆက်လက်မေးမြန်းနေဆဲ။

ထို့အပြင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာတွင်လည်း ကိုးကန့်တပ်ဖွဲ့ MNDAA ၏ ဒရုန်းဗုံး ကျရောက်ပေါက်ကွဲခြင်းကြောင့် လင်မယားနှစ်ဦးကို ထိမှန်ခဲ့ပြီး အမျိုးသမီးမှာ ပွဲချင်းပြီး သေဆုံးသွား၍ အမျိုးသားမှာ ဒဏ်ရာပြင်းထန်ကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...