ကျောက်မဲမြို့နယ်ရှိ SSPP စခန်းချနေရာကို TNLA တိုက်ခိုက်

သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA စခန်းချနေရာကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည် ဇွန်လ နောက်ဆုံးပတ်တွင် TNLA တပ်ဖွဲ့က ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအုပ်စု ရဲစခန်းအနီးရှိ SSPP တပ်စခန်းကို ပြောင်းရွှေ့ခိုင်းခဲ့ရာ နှစ်ဘက်တင်းမာမှု ဖြစ်ပွားခဲ့ပြီး ယနေ့ (ဇူလိုင် ၅ ရက်) နံနက် ၁၀ နာရီခွဲကျော်တွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားသည်အထိ စစ်ရေး တင်းမာနေကြောင်း ကျောက်မဲမြို့နယ်မှ စစ်မြေပြင်တွင် ပါဝင်လှုပ်ရှားနေသူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“နောင်ပိန် အရှေ့ဘက်က လုပ်ပါရဲစခန်းနား ၁၀ နာရီခွဲလောက်မှာ ပစ်ကြတာ၊ အဲ့နားမှာ SSPP ဂိတ်ရှိတယ်။ TNLA တွေက လမ်းမကြီးအရှေ့ဘက်ကို အင်အားဖြည့်လာပြီး အဲ့ဒီဂိတ်နားကို ပစ်ကြတာ။ ဇွန်လကုန်တုန်းကလည်း တစ်ခါ သူတို့နှစ်ဖွဲ့ကြား တပ်နေရာနဲ့ ပတ်သက်ပြီး အဲ့နားတဝိုက် တင်းမာမှု ဖြစ်ကြသေးတယ်”ဟု ကျောက်မဲမြို့နယ်မှ စစ်ရေး သတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ကျောက်မဲမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ရုံးများကို TNLA တပ်ဖွဲ့မှ ထိန်းချုပ်လိုက်ပြီးနောက် ဇွန်လ ၂၆ ရက်တွင် နောင်ပိန်ကျေးရွာရှိ တိုက်နယ်ဆေးရုံ၊ အထက်တန်းကျောင်းနှင့် ကျေးလက်ဆေးပေးခန်းတို့ကို TNLA တပ်သား (၂၀)ခန့်မှ လာရောက်ပြီး သော့ခတ်ချိတ်ပိတ်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဇွန်လ ၂၅ ရက်တွင် စတင်ခဲ့သည့် နောင်ချိုနှင့် ကျောက်မဲမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် TNLA၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီး လက်ရှိသတင်း ရေးသားနေချိန်အထိ ကျောက်မဲ၊ နောင်ချိုမြို့တို့နှင့် ၁၅ မိုင်ခန့်စီ ကွာဝေးသည့် နောင်ပိန်ဂုတ်တွင်းအနီးတွင် စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

တစ်ဖက်မှာလည်း TNLA ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ်တို့သည် သျှမ်းပြည်မြောက်ပိုင်း လားရှိုး၊ ကျောက်မဲ၊ သီပေါနှင့် နောင်ချိုမြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်လျက်ရှိပြီး အရပ်သားပြည်သူများ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။

“၁၀၂၇ စစ်ဆင်ရေး” ယာယီအပစ်ရပ်စဉ်အတွင်း ကျောက်မဲမြို့နယ်တွင် လှုပ်ရှားနေသည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့သည် ကျောက်မဲနှင့် မိုင်းလုံမြို့အကြား တပ်နေရာချထားရေးနှင့် ပတ်သက်၍လည်း နှစ်ဘက်တင်းမာမှု ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး TNLA နှင့် SSPP တာဝန်ရှိသူကို သျှမ်းသံတော်ဆင့် မှ ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

ပြီးခဲ့သည့် မေလ (၂၇) ရက်ကလည်း နမ့်ခမ်းမြို့နယ် ရွှေလီမြစ်ကမ်းဘေးရှိ ကျေးရွာများမှ SSPP တပ်သားများကို လက်နက်ကိုင်ဆောင်ခွင့်မပြုဘဲ TNLA တပ်ဖွဲ့မှ ကားတင်ခေါ်ဆောင်ကာ မူဆယ်ဘက်သို့ ပို့ဆောင်လိုက်ခြင်းနှင့် ပတ်သက်၍ပြီး သာလွန်အင်အား အသုံးပြု၍ ဖယ်ရှားခံရခြင်းဖြစ်ကြောင်း SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က သျှမ်းသံတော်ဆင့်ကို ဖြေကြားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...