လားရှိုးမြို့ကို ညီနောင်မဟာမိတ် ဝန်းရံပိတ်ဆို့၊ စစ်ကောင်စီတပ်က အရပ်လေးမျက်နှာ လက်နက်ကြီးရမ်းသမ်းပစ်ခတ်နေ

သျှမ်းပြည် လားရှိုးမြို့ကို ညီနောင်မဟာမိတ်တပ်များက ဝိုင်းရံပိတ်ဆို့လိုက်ပြီး စစ်ကောင်စီတပ်က မြို့တွင်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇူလိုင်လ ၂ ရက်) ည ၁၀ နာရီခန့်မှ စတင်ပြီး လားရှိုးမြို့နှင့် ၁၄ မိုင်ခန့်သာ ကွာဝေးသည့် ရှန်ခိုက်ကျေးရွာတွင် စစ်ကောင်စီ၏ သေနတ်လေ့ကျင့်ရေးတပ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ စတင်တိုက်ခိုက်ခဲ့ရာ ရမခ တိုင်းစစ်ဌာနချုပ်နှင့် မြို့ပတ်လည်ရှိ စစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီးဖြင့် အဆက်မပြတ် ရမ်းသမ်းပစ်ခတ်နေကြောင်း လားရှိုးဒေသခံများက ပြောသည်။

“လားရှိုးမှာတော့ မြို့ထဲကနေ လက်နက်ကြီးနဲ့ ပစ်နေတာပေါ့။ မြို့ပတ်လည်မှာတော့ သေနတ်သံထွက်ပြီ။ သိန္နီအတက်က စစ်ကောင်စီပိတ်ထားတဲ့ လမ်းမှာလည်း တပ်မ အထိုင်စခန်းကိုလည်း မဟာမိတ်တပ်က ဝင်ပစ်တယ်။ မန်အိုင်အထွက်၊ ပန်ဟုန်းဘက်က တပ်မှာလည်း ပစ်နေကြပြီ၊ ။လားရှိုး အဝင်အထွက် နေရာအားလုံးကို တိုက်ပွဲဖြစ်နေပြီ”ဟု လားရှိုးမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးမြို့

လက်ရှိသတင်းရေးသားချိန်အထိ လားရှိုးမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ကိုးကန့်တပ်ဖွဲ့ MNDAA က စတင်တိုက်ခိုက်လာပြီး မြို့ကို ဝိုင်းရံပိတ်ဆို့ထားကာ မြို့အဝင်အထွက် နေရာအားလုံးတွင် တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများက ပြောဆိုသည်။

လားရှိုးမြို့ပေါ်တွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ် ပျံဝဲနေပြီး လားရှိုးတိုက်ပွဲအတွင်း ညီနောင်မဟာမိတ်ဖြစ်သည့် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA လည်း ပါဝင်ကြောင်း သိရသည်။

အလားတူ လားရှိုးမြို့နယ်အတွင်းရှိ နောင်မွန်နှင့် နမ့်ပေါင်ကျေးရွာဘက်တွင်လည်း စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားလျက်ရှိပြီး လားရှိုး-မိုင်းရယ် လမ်းမကြီးပေါ်ရှိ နမ့်မပေါတ တံတားလည်း ယနေ့ (ဇူလိုင်လ ၃ ရက်) နံနက် ၈ နာရီခန့်တွင် မိုင်းခွဲဖျက်ဆီးခံလိုက်ရကြောင်း သိရသည်။

“မိုင်းရယ်သွားတဲ့လမ်းက နမ္မတံတား ၂ ခု ရှိတာမှာ နမ့်မပေါတတံတားကြီး ကျိုးသွားတော့ လားရှိုးကို ယာဉ်ကြီး လုံးဝဝင်ထွက်လို့ မရတော့ဘူး။ အခုအနေအထားနဲ့ ထွက်ပြေးဖို့ လမ်းမရှိတော့ဘူး။ မြို့ပေါ်မှာတော့ အသွားအလာ မရှိတော့ဘူး၊ ဆိုင်တွေလည်း ပိတ်ကုန်ပြီ”ဟု လားရှိုးမြို့မှ ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ညီနောင်မဟာမိတ် (၃)ဖွဲ့

ယနေ့ (ဇူလိုင်လ ၃ ရက်) နံနက် ၇ နာရီကျော်တွင် လားရှိုးမြို့ ရပ်ကွက် (၁)ရှိ တက္ကသိုလ်နှင့် တိုင်းရုံးအကြား သာယာလမ်းသွယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ၏ ဒရုန်းကို စစ်ကောင်စီတပ်မှ ပစ်ချခဲ့ရာ ၎င်းဒရုန်းမှ ဗုံးသီးသည် ပြည်သူနေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး မိသားစုဝင် ၆ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

သေဆုံးသွားသူများတွင် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၄ ဦးတို့ ဖြစ်ကြပြီး ၎င်းတို့အထဲတွင် ကလေး ၃ ဦး ပါဝင်ကြောင်း လားရှိုးဒေသခံများက ပြောသည်။

ထို့အပြင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာတွင်လည်း ကိုးကန့်တပ်ဖွဲ့ MNDAA ၏ ဒရုန်းဗုံး ကျရောက်ပေါက်ကွဲခြင်းကြောင့် လင်မယားနှစ်ဦးကို ထိမှန်ခဲ့ပြီး အမျိုးသမီးမှာ ပွဲချင်းပြီး သေဆုံးသွား၍ အမျိုးသားမှာ ဒဏ်ရာပြင်းထန်ကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...