တိုက်ပွဲ
ကျောက်မဲနှင့် နောင်ချိုမြို့ကို TNLA ထိန်းချုပ်၊ နောင်ပိန်ဂုတ်တွင်းအနီး တိုက်ပွဲဆက်လက်ပြင်းထန်
သျှမ်းပြည် ကျောက်မဲမြို့နှင့် နောင်ချိုမြို့တို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က မြို့သိမ်းတိုက်ပွဲ ဆင်နွှဲလျက်ရှိရာ ယမန်နေ့ (ဇွန်လ ၂၆ ရက်) ညပိုင်းတွင် ထိန်းချုပ်လိုက်နိုင်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၂၆ ရက်) နေ့လယ်ပိုင်းမှ စတင်ပြီး ကျောက်မဲမြို့အဝင်ရှိ စစ်ကောင်စီလက်အောက်ခံ...
ဆီဆိုင်တွင် စစ်ကောင်စီ စစ်ကြောင်းထပ်ထိုးပြီးနောက် တိုက်ပွဲဆက်ဖြစ်နေ
သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ်ဒေသ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီက စစ်သားနှင့် ပြည်သူ့စစ် အင်အားရာနှင့်ချီသုံးပြီး စစ်ကြောင်းထပ်ထိုးပြီးနောက် ရက်သတ္တပတ်ကြာသည့်အထိ တိုက်ပွဲဆက်ဖြစ်နေ ကြောင်း စုံစမ်းသိရသည်။ ဇွန်လ ၂၄ ရက်တွင် ဆီဆိုင်မြို့နယ် အရှေ့ဘက်ထီဆုံကျေးရွာဘက်ကို စစ်ကောင်စီက စစ်သားနှင့် ပြည်သူ့စစ်အင်အားသုံးပြီး စစ်ကြောင်းထိုးလာသဖြင့် ရွာ၏အမြောက်ဘက်အရပ်တွင် ၅ နာရီကြာ...
မိုင်းပျဉ်းတောင် လမ်းပျက်စီး ကားကြီးများ ရာနှင့်ချီပိတ်နေ
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းတောင်တွင် မိုးရွာသွန်းခြင်းကြောင့် လမ်းပျက်စီးကာ တွဲကားကြီးများ ရာနှင့်ချီ ဆက်လက်ပိတ်မိနေပြီး သွားလာရန် ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ ဇွန်လ တတိယပတ်မှ စတင်ပြီး သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်ရှိ လွိုင်စောင်းတောင်တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် လမ်းများ ပျက်စီးကာ တွဲကားကြီးများ နေ့စဉ် ရာနှင့်ချီ ဆက်လက်ပိတ်မိနေပြီး သွားလာရန်...
ကျောက်မဲ ပြည်သူ့ဆေးရုံနှင့် အမြောက်တပ်ကို TNLA ထိန်းချုပ်၊ လက်နက်ကြီးကြောင့် မိသားစုဝင် ၄ ဦး ပွဲချင်းပြီးသေဆုံး
သျှမ်းပြည် ကျောက်မဲမြို့ရှိ စစ်ကောင်စီလက်အောက်ခံ အမြောက်တပ်နှင့် ပြည်သူ့ဆေးရုံကြီးတို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က ထိန်းချုပ်လိုက်ပြီး မြို့မရဲစခန်းကို ဆက်လက်တိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၂၆ ရက်) နံနက် ၉ နာရီခန့်မှ စတင်၍ ကျောက်မဲမြို့ပေါ်နှင့် အနီးတဝိုက် ကျေးရွာများတွင်...
ပင်လောင်းစစ်ရှောင်များ စားနပ်ရိက္ခာ၊ဆေးဝါး၊မိုးကာ အရေးပေါ်လိုအပ်လျက်ရှိ
SHAN -
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ် ဒေသခံစစ်ရှောင်များသည် စားနပ်ရိက္ခာများ၊ မိုးကာများ၊ ဆေးဝါးများအရေးပေါ်လိုအပ်လျက်ရှိကြောင်းစုံစမ်းသိရသည်။ ယင်းစစ်ရှောင်များသည် ဇွန်လ ၁၇ရက်မှ စပြီး ဖြစ်ပွားသော တိုက်ပွဲများကြောင့်တိမ်ရှောင်လာရခြင်းဖြစ်ပြီး တိုက်ပွဲရုတ်တရက် ဖြစ်ပွားသောကြောင့် ထွက်ပြေးချိန်တွင် အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့်သာ ထွက်လာရကြောင်းသိရသည်။ "အဓိကဆန်ပေါ့ လူကလည်းများတော့ ဆန်တွေ မလုံလောက်ဘူး။ပြီးရင် တစ်ချို့က မိုးကာတွေနဲ့ဘဲနေရတာ။တစ်ချို့တဲဆို လူ၁၀ယောက်လောက်ပေါင်းနေရတယ်။တစ်ချို့တော့လည်း ဘုန်းကြီးကျောင်းတွေမှာ...
ပြင်ဦးလွင်မြို့ မဆုတ်တမ်းခံစစ် စစ်ကောင်စီတပ် ပြင်ဆင်
SHAN -
နာမည်ဆိုးဖြင့် ကျော်ကြားသည့် စစ်တက္ကသိုလ်များ တည်ရှိရာ ပြင်ဦးလွင်မြို့ကို သျှမ်းမြောက် မဆုတ်တမ်း ခံစစ် အဖြစ် သတ်မှတ်၍ စစ်ကောင်စီတပ်က ပြင်ဆင်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဇွန်လ ၂၆ ရက်) တွင် ပြောသည်။ ပြင်ဦးလွင် မဆုတ်တမ်း ခံစစ် ပြင်ဆင်မှုအဖြစ် ယမန်နေ့က အနီးစခန်းလေဆိပ်သို့...
နောင်ချိုဒေသခံများ မြို့ကို စွန့်ခွာထွက်ပြေးရန် TNLA ပူးပေါင်းတပ် သတိပေးဟုဆို
သျှမ်းပြည် နောင်ချိုမြို့ပေါ်ရှိ အထင်ကရ ဌာနဆိုင်ရာရုံးများကို ဝင်ရောက်နေရာယူထားနိုင်သည့် TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ဒေသခံများကို နေ့လယ် ၁၂ နာရီ မတိုင်ခင် ထွက်ပြေးတိမ်းရှောင်ရန် သတိပေးထားကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၂၆ ရက်) နံနက် ၆ နာရီကျော်ခန့်မှ စတင်ပြီး...
ကျောက်မဲမြို့အနီး တိုက်ပွဲကြောင့် စစ်ဘေးရှောင် ၃၀၀ ကျော် ခိုလှုံရာစခန်းသို့ရောက်ရှိ
သျှမ်းပြည် ကျောက်မဲမြို့အနီး တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၃၀၀ ကျော်သည် ဒေသအတွင်း လူမှုကူညီကယ်ဆယ်ရေးအသင်းများက ဖွင့်လှစ်ထားရှိသည့် ခိုလှုံရာစခန်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း လှုမှုကူညီရေးအသင်းထံမှ သိရသည်။ ယမန်နေ့ (ဇွန်လ ၂၅) ရက်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်များသည် ကျောက်မဲမြို့နယ် နောင်ပိန်လေး၊ ခိုအုန်၊ နားပြိန်း၊ စခန်းသာနှင့်...
နောင်ချိုမြို့ အဝင်အထွက်ကို စစ်ကောင်စီပိတ်ထား၊ တိုက်ပွဲပြင်းထန်နေဆဲ
သျှမ်းပြည် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLA၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်လျက်ရှိရာ နှစ်ဘက်တိုက်ပွဲအတွင်း ပြည်သူများ ပိတ်မိနေပြီး မြို့အဝင်အထွက် နေရာများကို ပိတ်ထားဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၂၅ ရက်)မှ စတင်ပြီး နောင်ချိုမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်စခန်းများကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA...
သီပေါ စစ်ကောင်စီတပ်နှင့် TNLA ပစ်ခတ်မှုကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေ
သျှမ်းပြည် သီပေါမြို့တွင် စစ်ကောင်စီနှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့သည် ယနေ့ (ဇွန် ၂၅)ရက် ညပိုင်းအထိ အပစ်အလှန် ပစ်ခတ်မှုဖြစ်ပွားနေပြီး တိုက်ပွဲပြင်းထန်လာမည်ကို ဒေသခံများ စိုးရိမ်နေကြောင်း စုံစမ်းသိရသည်။ သီပေါမြို့တွင် ယနေ့ (ဇွန် ၂၅)ရက် ညနေ (၅)နာရီမှစတင်ကာ လက်ရှိသတင်းရေးသားနေသည့် အချိန်ထိ...





