ကျောက်မဲမြို့ စစ်ဘေးရှောင် ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် စစ်‌ေကာင်စီနှင့် TNLA တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။

ကျောက်မဲမြို့နယ်တွင် ဇွန်လ ၂၅ ရက်မှစ၍ စစ်ကောင်စီနှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ဒေသခံများ ထောင်နှင့်ချီထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျောက်မဲမြို့ ‌ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဖုန်းလိုင်းတွေက ရလိုက် မရလိုက်ပဲ။ ကျောက်မဲက လူတွေကတော့ နီးစပ်ရာရွာကို ပြေးကြတာပေါ့။ကျမတို့လည်း ပြေးရတာပဲ။ တချို့တွေက အမျိုးအိမ်တွေ၊ဘုန်းကြီးကျောင်‌တွေမှာ ပြေးနေကြတာ။ မနေ့ကလေယာဉ်နဲ့ ဗုံးကြဲလိုက်တော့ ဒီနေ့ ထွက်ပြေးလာတဲ့လူတွေပိုများတယ်။ အခုချိန်ထိတော့ စာရင်း အတိအကျမကောက် ရသေးဘူး”ဟု ၎င်းအမျိုးသမီးက သျှမ်းသံ‌တော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့ရှိ ဒေသခံများသည် နီးစပ်ရာ ကျေးရွာများတွင် ထွက်ပြေး ခိုလှုံနေကြရပြီး မြို့ထဲတွင် ကျန်ရှိသူများလည်း ရှိနေကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ဆက်ပြောသည်။

“ရွာတွေရဲ့ ဘုန်းကြီးကျောင်းတွေမှာတော့ လူတွေကပြည့်တောင်ပြည့်နေပြီ။ မြို့ထဲမှာလည်း နေလို့အဆင်မပြေတော့ဘူးလေ။ လေယာဉ်နဲ့ ဗုံးလိုက်ကြဲနေတာကို အဲ့တာတောင် မြို့ထဲ မှာကျန်နေတာ တွေရှိတယ်။ကူညီပေးနေတာ အဖွဲ့တွေလည်း ကျန်နေသေးတယ်”ဟု ၎င်းအမျိုးသမီးက သျှမ်းးဆံတော်ဆင့်ကို ဆက်ပြောသည်။

ထိုကျောက်မဲမြို့မှ ထွက်ပြေးလာသော ဒေသခံများသည် ဆွေမျိုးအိမ်များတွင်လည်းကောင်း၊ ‌ဘုန်းကြီးကျောင်းများနှင့် စစ်ဘေးရှောင်စခန်းများ‌တွင် ထွက်ပြေးတိမ်းရှောင်နေကြပြီး စစ်ဘေးးရှောင်ဦးရေ ထောင်နှင့်ချီ ရှိနေကြောင်း သိရသည်။

ယနေ့တွင်လည်း ကျောက်မဲမြို့ပေါ်တွင် စစ်ကောင်စီ၏ လေယာဉ်များ ပျံဝဲပြီး လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

ကျောက်မဲမြို့ပေါ် ရပ်ကွက်များမှ ပြည်သူများမှာ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေပြီး နောင်ပိန်လေး၊ နားပြိန်း၊ ခိုမုန်းနှင့် ဟဲကွီကျေးရွာ စသည့် ကျေးရွာများတွင် ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

ယမန်နေ့ (ဇွန်လ ၂၇ ရက်) ည ၇ ခွဲခန့်တွင် စစ်ကောင်စီတပ်မှ Y-12 ထောက်ပို့လေယာဉ် အမျိုးအစားဖြင့် ကျောက်မဲမြို့ပေါ် လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောက်တောင်၊ ကျောက်မဲကြီး၊ ပန်ဟက်အပေါ်ဘက်၊ တရုတ်သင်္ချိုင်းဘက်နှင့် မြို့တွင်းထဲသို့ ဗုံး ၂၅ လုံး ကြဲချခဲ့ကြောင်း ကျောက်မဲဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...