ရမခ စစ်ဌာနချုပ်ကို ညီနောင်မဟာမိတ် တိုက်ခိုက်နေစဉ် သျှမ်းတပ်(၂)တပ် ရပ်စောက်တွင် အချင်းချင်းပစ်ခတ်

သျှမ်းပြည် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ)ကို ညီနောင်မဟာမိတ်တပ်များမှ စတင်တိုက်ခိုက်နေစဉ် ရပ်စောက်မြို့နယ်တွင် သျှမ်းတပ် (၂) တပ် အချင်းချင်း ပစ်ခတ်မှု ထပ်မံဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဇွန်လ ၂၉ ရက်) နံနက် ၁၀ နာရီကျော်တွင် ရပ်စောက်မြို့နယ်အတွင်းရှိ ပင်ဖြစ် (ပၢင်ၽိုၼ်း) ကျေးရွာအုပ်စုအနီး ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ နှစ်ဘက်တပ်ဖွဲ့ အချင်းချင်း ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ရပ်စောက်ဒေသခံများက ပြောသည်။

“အစိမ်းနဲ့ အကြားနဲ့ ရပ်စောက်မြို့ မြောက်ဘက်မှာ တိုက်ပွဲဖြစ်နေကြတာ၊ မနက်က တစ်ခါတွယ်ကြတယ်။ ဒီညပိုင်းလည်း အသံထပ်ကြားသေးတယ်။ မြို့မြောက်ဘက်က ပင်ဖြစ်ရွာဘက်မှာ ပစ်ခတ်ကြတာ၊ အဲ့ဘက်တော့ သေနတ်သံ ဒီနေ့စကြားရတာပဲ”ဟု ရပ်စောက်မြို့နယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
အလားတူ ဇွန်လ ၂၄ ရက်၌ ရပ်စောက်မြို့နယ် မိုင်းပျဉ်းကျေးရွာအုပ်စုတွင် SSPP နှင့် RCSS တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇွန်လ ၂၅ ရက်နေ့ကလည်း နမ့်ဟူး၊ နမ့်လင်းနှင့် ရပ်စောက်မြို့အရှေ့ဘက် တောင်ကြောများအထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရပ်စောက်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် RCSS နှင့် SSPP တို့ သျှမ်းတပ်မတော် အချင်းချင်းတိုက်ပွဲသည် ယခုဇွန်လ မကုန်ခင်အထိ ၁၀ ကြိမ်ထက်နည်း ဖြစ်ပွားခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဇွန်လ (၁၉) ရက်တွင် ဟိုပုံးမြို့နယ် မိုင်းပျဉ်းကျေးရွာရှိ ရွာစဉ်အနီး လက်လုပ်မိုင်း ‌ပေါက်ကွဲခဲ့ရာ ကျေးရွာအတွင်းရှိ အရပ်သားပြည်သူများကို SSPP တပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ အချို့ကို ဇွန်လ (၂၁) ရက်တွင် ပြန်လွှတ်ပေးခဲ့သော်လည်း အမျိုးသမီး တစ်ဦးအပါအဝင် (၇) ဦးကို လက်ရှိအချိန်ထိ ပြန်မလွှတ်ပေးသေးကြောင်း ဒေသခံများက ပြောဆိုနေကြသော်လည်း သျှမ်းသံတော်ဆင့်အနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေသည်။

လက်ရှိတွင် SSPP နှင့် RCSS တပ်ဖွဲ့တို့သည် ရပ်စောက်မြို့နယ်အတွင်းရှိ အင်တောမြို့၊ ကျိုင်းခမ်း၊ နောင်လုံ၊ ကျောက်ဂူကျေးရွာအုပ်စု အနီးတဝိုက်တွင် နှစ်ဘက်တင်းမာမှု ဖြစ်ပေါ်လျက်ရှိပြီး မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခြင်းများ (၅) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကာ အရပ်သားထိခိုက်ဒဏ်ရာရမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...
Lawksawk_Gambling

ရပ်စောက်မြို့နယ် ကျိုင်းခမ်း ရှင်လောင်းပွဲတွင် စစ်တပ်ဗိုလ်မှူး လောင်းကစားဝိုင်းဖွင့် ကိုယ်ကျိုးရှာ

0
သျှမ်းပြည် ရပ်စောက်မြို့နယ် ကျိုင်းခမ်းကျေးရွာအုပ်စုတွင် ဒေသခံများ ကျင်းပပြုလုပ်သည့် ရှင်လောင်းပွဲ၌ စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး ဦးဆောင်ပြီး လောင်းကစားဝိုင်း ဖွင့်လှစ်နေကြောင်း စုံစမ်းသိရသည်။ မတ်လ ဒုတိယပတ်မှ စတင်ပြီး ရပ်စောက်မြို့နယ် ကျိုင်းခမ်းအခြေစိုက် စစ်ကော်မရှင်တပ်လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၅၁၀ မှ ဗိုလ်မှူးဗညား ဆိုသူသည် လောင်းကစားဝိုင်းများကို ငွေကြေးကောက်ခံပြီး...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...