ပင်‌လောင်းမြို့နယ်ရှိ ကျေးရွာများ ရွာလုံးကျွတ်ထွက်ပြေးနေရ

သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် တိုက်ပွဲများကြောင့် ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင် နေရကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည် ပင်လောင်း – ဖယ်ခုံမြို့နယ်စပ်တွင် စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ဇွန်လ ၁၇ ရက်နေ့မှ စ၍ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)ကို စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့သည်။

ထို့နောက် တိုက်ပွဲများဖြစ်ပွားကာ ပင်‌လောင်း မြို့နယ်ရှိ ကျေးရွာများမှ ဒေသခံနှင့် စစ်ဘေးရှောင် စုစုပေါင်း ၁သောင်းခွဲကျော်သည် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရကြောင်း စစ်ဘေးရှောင်ကူညီသူ အမျိုးသားတစ်ဦးက သျှမ်းသံတောင်ဆင့်ကို ပြောသည်။

“ကျနော်တို့လည်း‌စစ်ဘေးရှောင်နေရတာ။ရှောင်နေရတာက ရွာလုံးကျွတ်ပဲ။၄ ရက်လောက်ရှိပြီ။ရွာထဲမှာ ဘယ်သူမှ မနေရဲတော့ဘူး။ရွာထဲကိုလည်း လက်နက်ကြီးတွေကျတယ်။ ဒရုန်းတွေ ဝဲနေကြတော့ ရှောင်ကြတာပေါ့။ခုက တစ်ယောက်တစ်‌ပေါက်ကိုပြေးနေကြတာ။”ဟု စစ်ဘေးရှောင်ကူညီသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် ပင်လောင်းမြို့နယ်ရှိ ဒေသခံနှင့် စစ်‌ဘေးရှောင်များသည် ပင်လောင်းမြို့ပေါ်၊ ညောင်ရွှေမြို့နယ်၊ ဖယ်ခုံမြို့နယ်အနီး နှင့် တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ၎င်းကဆက်ပြောသည်။

“သူတို့ကပြေးဖို့ နောင်တရားတစ်လမ်းပဲ သွားကြတာများတယ်။ အဲ့လမ်းတလျောက်ကရွာတွေမှာ ပဲနေနေ ကြတာ။ ထွက်ပြေးနေတာက သောင်းနဲ့ချီတယ်။အဲ့ရွာ၈ ရွာမှာလည်း ရွာတိုင်း စစ်‌ဘေးရှောင် ရှိတယ်။ လူဦးရေက ၁သောင်း ၆ ထောင်ကျော်တယ်။ကျနော် စာရင်းသွားကောက်တဲ့ ၄ ရွာလောက်မှာတော့ နေရာထိုင်ခင်းအရေးပေါ်လို့နေတယ်။”ဟု စစ်‌ဘေးရှောင်ကူညီသူ တစ်ဦးကပြောသည်။

လက်ရှိ စစ်ဘေးရှောင်များရောက်ရှိနေသည့် တက်ဦးကျေးရွာ၊ ထီးသာကျေးရွာ၊ ဆိုင်းရေကြည်ကျေးရွာ နှင့် လုံကာ ကျေးရွာတွင် စစ်ရှောင် ထောင်နှင့်ချီရောက်ရှိနေပြီး နေရာထိုင်ခင်း အမိုးအကာ နှင့် စားနပ်ရိက္ခာများအရေးပေါ်လိုအပ်နေကြောင်း သိရသည်။

ထို့အပြင် နမ်းနိန်းကျေးရွာ၊ တောင်စလုံးကျေးရွာ၊ မြောက်စလုံးကျေးရွာ၊ လုံးပျဥ်ကျေးရွာ၊ နမ်းဖာမူကျေးရွာ၊ လင်ခံကျေးရွာ၊ ကုန်ပေါကျေးရွာ ၊မိုးဦးကျေးရွာ နှင့် ဗန်းမောက်ကျေးရွာသို့ရောက်ရှိနေသည့် စစ်ရှောင် တစ်သောင်းခွဲကျော်ရှိကြောင်း စစ်ရှောင်ကူညီနေသူများ၏ စာရင်းပေးချက်အရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...