ကျောက်မဲမြို့ပေါ် လေကြောင်းဗုံးကြဲခံရမှုကြောင့် ပြည်သူထောင်နှင့်ချီ နီးစပ်ရာ ထွက်ပြေးတိမ်းရှောင်

သျှမ်းပြည် ကျောက်မဲမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်နေခြင်းကြောင့် ဒေသခံပြည်သူ ထောင်နှင့်ချီ ဘေးလွတ်ကင်းရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။

ဇွန်လ ၂၅ ရက်နေ့မှ စတင်ပြီး ကျောက်မဲမြို့အနီးရှိ စစ်ကောင်စီတပ်စခန်းများကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ်မှ မြို့ပေါ်သို့ နေ့ရောညပါ လေကြောင်းဗုံးကြဲ တိုက်ခိုက်လာခြင်းကြောင့် ပြည်သူထောင်နှင့်ချီ ဘေးလွတ်ကင်းရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျောက်မဲဒေသခံများက ပြောသည်။

“မြို့ပေါ်ကို လေယာဉ်က ၂ နာရီခြားတစ်ခါလောက် လာဝဲနေတာ။ ၂ ညဆက်တိုက် လေယာဉ်နဲ့ ဗုံးလာကြဲတော့ မြို့ထဲတွေပါ ဗုံးသီးကျတာ လူထိတာကော၊ အိမ်ထိတာကော တော်တော်များလာတယ်။ အခြေအနေက ပိုဆိုးတဲ့ဘက်ကို ဖြစ်မှာလို့ပဲ တွေးကြတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရရာလမ်းက ဘေးရွာတွေကို ထွက်နေကြပြီ”ဟု ကျောက်မဲမြို့မှ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် ကျောက်မဲမြို့နယ်အတွင်း ဖုန်းလိုင်းများ ပြတ်တောက်နေပြီး မြို့ပေါ်ရှိ ရပ်ကွက် (၉) ခုမှ ပြည်သူများသည် စစ်ကောင်စီမှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်မည်ကို စိုးရိမ်ထိတ်လန့်ခြင်းကြောင့် မြို့ပြင်သို့ ဆက်လက်ထွက်ခွာနေကြောင်း ဒေသခံများက ပြောသည်။

ကျောက်မဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များမှာ နားပြိန်းဘုန်းကြီးကျောင်းတွင် ၁၀၀၀ ကျော်၊ နောင်ပိန်လေးတွင် ၆၀၀ ကျော်နှင့် ခိုအုံ၊ ခိုမုန်းတွင် ၂၀၀ ကျော် စသည်ဖြင့် ဘုန်းကြီးကျောင်းနှင့် ဆွေမျိုးများထံ အသီးသီး ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“အခုက အခက်အခဲ ရှိတာကတော့ စားဖို့သောက်ဖို့ပေါ့။ ဆန်၊ ဆီ၊ ခေါက်ဆွဲ၊ ကြာဇံ အခြောက်အခြမ်း စတဲ့ဟာတွေက အများကြီး မကျန်တော့ဘူး။ မြို့ပေါ်မှာကော၊ နောင်ပိန်မှာကော ပြတ်ရင်တော့ ဘယ်မှာမှ ဝယ်လို့ မရတော့ဘူ။ နောင်ချိုကနေ လမ်းတွေ စပိတ်နေတော့ ရေရှည်ဆိုရင် ရိက္ခာထောက်ပံ့နိုင်ဖို့ စိတ်ပူရတယ်”ဟု ကျောက်မဲမြို့မှ စစ်ဘေးရှောင် ကူညီပေးနေသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာရှိ အောင်ဓမ္မာရုံနှင့် ရှမ်းစာပေယဉ်ကျေးမှု ခန်းမတို့တွင် စစ်ဘေးရှောင် ၄၀၀ ခန့်၊ ပုံဝိုးကျေးရွာ ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင် ၅၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများ လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

TNLA တပ်ဖွဲ့၏ ကျောက်မဲမြို့သိမ်းတိုက်ပွဲ (၅) ရက်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် မြို့ပေါ် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အရပ်သားပြည်သူ သေဆုံးဒဏ်ရာရမှု အများအပြား ရှိလာပြီး ယနေ့ (ဇွန်လ ၂၉ ရက်)အထိ လက်နက်ကြီးနှင့် လေကြောင်းဗုံး ထိမှန်မှုကြောင့် အရပ်သား စုစုပေါင်း (၃၀) ဦးထက်မနည်း သေဆုံးခဲ့ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။

ကျောက်မဲမြို့ရှိ စစ်ကောင်စီတပ်၏ လက်ကျန်တပ်စခန်းဖြစ်သည့် စကခ-၁၊ ခမရ-၅၀၁/၅၀၂ တပ်ရင်းတို့ကို TNLA တပ်ဖွဲ့က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကြောင်း ကျောက်မဲဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...