Wednesday, January 28, 2026

ပင်လောင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ကျော်ထက်မနည်းသေဆုံး

သျှမ်းပြည် ပင်လောင်းမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ကပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်က ပင်လောင်းမြို့နယ်အတွင်း တိုက်ပွဲတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီဘက်က တပ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး၊ လက်နက်ငယ်တချို့ကိုလည်း သိမ်းဆည်းရမိသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ပင်လောင်းမြို့အ၀င်

“ပင်လောင်းမြို့နယ်မှာ ဒီရက်ပိုင်း တိုက်ပွဲပြင်းထန်နေပါတယ်။ စစ်ကောင်စီဘက်ကနေ အင်အား ၃၀၀ နဲ့ စစ်ကြောင်းထိုးနေတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတိုက်ပွဲမှာလည်း စစ်ကောင်စီဘက် ၁၀ ဦးထက်မနည်း သေဆုံးတယ်။ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က လက်နက်ငယ်တချို့ကို သိမ်းဆည်းနိုင်ခဲ့တယ်” ဟု တာအယ်စိုးက ပြောသည်။

ထိုကိန်းကဏာန်းများနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

အလားတူ ယမန်နေ့ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာတိုက်ပွဲတွင် ပအိုဝ်းပြည်သူ့စစ် PNO ဘက်က ဗိုလ်ကြီးခွန်မောင်မွေးလည်း သေဆုံးသွားခဲ့သည်ဟု Voice Of Pin Laung Facebook စာမျက်နှာပေါ်တွင် ရေးသားဖော်ပြထားသည်။

ပအိုဝ်းပြည်သူ့စစ် PNO ၏ဗိုလ်ကြီးခွန်မောင်မွေး သေဆုံးသွားသည့် ကိစ္စနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့်အနေဖြင့် ဆက်လက်စုံစမ်းနေခြင်းပင် ဖြစ်သည်။

လက်ရှိ ပင်လောင်မြို့ တောင်ဘက်ရှိ မိုင် ၂၀ ခန့်သာဝေးသည့် ဆောင်းပြောင်းကျေးရွာတွင် တိုက်ပွဲပြင်းထန်နေလျက်ရှိသည်ဟု ဒေသခံများ၏ပြောပြချက်အရ သိရသည်။

ပင်လောင်းမြို့နယ်တွင် ဇွန်လ ၁၇ ရက်နေ့ကတည်းက စစ်ကောင်စီတပ်က စစ်သားနှင့် ပြည်သူ့စစ်အင်အား ရာနှင့်သုံးပြီး စစ်ကြောင်းထိုးလာပြီးနောက် ရက်ဆက်တိုက်ပွဲဖြစ်ပွားလာနေခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းဖြင့် တန်ပြန်တိုက်ခိုက်ခဲ့သောကြောင့် ပြီးခဲ့သည့် ဇွန်လ ၃၀ ရက် ဆောင်းပြောင်းကျေးရွာတွင် ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၁ ဦးအပါအဝင် ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...