ပင်လောင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ကျော်ထက်မနည်းသေဆုံး

သျှမ်းပြည် ပင်လောင်းမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ကပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်က ပင်လောင်းမြို့နယ်အတွင်း တိုက်ပွဲတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီဘက်က တပ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး၊ လက်နက်ငယ်တချို့ကိုလည်း သိမ်းဆည်းရမိသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ပင်လောင်းမြို့အ၀င်

“ပင်လောင်းမြို့နယ်မှာ ဒီရက်ပိုင်း တိုက်ပွဲပြင်းထန်နေပါတယ်။ စစ်ကောင်စီဘက်ကနေ အင်အား ၃၀၀ နဲ့ စစ်ကြောင်းထိုးနေတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတိုက်ပွဲမှာလည်း စစ်ကောင်စီဘက် ၁၀ ဦးထက်မနည်း သေဆုံးတယ်။ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က လက်နက်ငယ်တချို့ကို သိမ်းဆည်းနိုင်ခဲ့တယ်” ဟု တာအယ်စိုးက ပြောသည်။

ထိုကိန်းကဏာန်းများနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

အလားတူ ယမန်နေ့ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာတိုက်ပွဲတွင် ပအိုဝ်းပြည်သူ့စစ် PNO ဘက်က ဗိုလ်ကြီးခွန်မောင်မွေးလည်း သေဆုံးသွားခဲ့သည်ဟု Voice Of Pin Laung Facebook စာမျက်နှာပေါ်တွင် ရေးသားဖော်ပြထားသည်။

ပအိုဝ်းပြည်သူ့စစ် PNO ၏ဗိုလ်ကြီးခွန်မောင်မွေး သေဆုံးသွားသည့် ကိစ္စနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့်အနေဖြင့် ဆက်လက်စုံစမ်းနေခြင်းပင် ဖြစ်သည်။

လက်ရှိ ပင်လောင်မြို့ တောင်ဘက်ရှိ မိုင် ၂၀ ခန့်သာဝေးသည့် ဆောင်းပြောင်းကျေးရွာတွင် တိုက်ပွဲပြင်းထန်နေလျက်ရှိသည်ဟု ဒေသခံများ၏ပြောပြချက်အရ သိရသည်။

ပင်လောင်းမြို့နယ်တွင် ဇွန်လ ၁၇ ရက်နေ့ကတည်းက စစ်ကောင်စီတပ်က စစ်သားနှင့် ပြည်သူ့စစ်အင်အား ရာနှင့်သုံးပြီး စစ်ကြောင်းထိုးလာပြီးနောက် ရက်ဆက်တိုက်ပွဲဖြစ်ပွားလာနေခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းဖြင့် တန်ပြန်တိုက်ခိုက်ခဲ့သောကြောင့် ပြီးခဲ့သည့် ဇွန်လ ၃၀ ရက် ဆောင်းပြောင်းကျေးရွာတွင် ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၁ ဦးအပါအဝင် ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...