ပင်လောင်းတွင် တိုက်ပွဲပြင်းထန်နေ၊ ဒေသခံများကို လူသားဒိုင်းကာအဖြစ် စစ်ကောင်စီကဖမ်းဆီးထား

ပင်လောင်းမြို့နှင့် မိုင် ၂၀ ခန့်သာကွာဝေးသည့် ဆောင်းပြောင်းကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်နေပြီး ဒေသခံများကို လူသားဒိုင်းကာအဖြစ် စစ်ကောင်စီကဖမ်းဆီးထားသည်ဟု ဒေသခံများကပြောသည်။

ယမန်နေ့ (ဇွန်လ ၃၀) ရက်က ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာအနီးတွင် ကရင်နီတော်လှန်ရေး အင်အားစုတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံ ၃၀၀ ကျော်ကို လူသားဒိုင်းအဖြစ် စစ်ကောင်စီတပ်က ဖမ်းဆီးထားသည်ဟု ပင်လောင်းမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အခုဘုန်းကြီးကျောင်းက လူတွေလည်း စစ်ကောင်စီဖမ်းထားတယ်။ ရွာအပြင် ပေးမထွက်ဘူး။ လမ်းတွေလည်း ပိတ်ထားတယ်။ အခုဖမ်းထားတာ အယောက် ၃၀၀ ကျော်ရှိတယ်။ သူတို့က တော်လှန်ရေးအဖွဲ့ မလာရဲအောင်၊ မတိုက်ရဲအောင် ဖမ်းထားတာ။ ရွာသားတွေကို ကာဗာထားတဲ့သဘောပေါ့” ဟု ၎င်းကပြောသည်။

တိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရန်ကြံနေစဉ် အဝင်အထွက်လမ်းများအားလုံးကို စစ်ကောင်စီက ပိတ်ချလိုက်ပြီး ဘုန်ကြီးကျောင်းအတွင်းစုခိုင်းကာ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားခြင်းဖြစ်သည်။

ယင်းကဲ့သို့ တိုက်ပွဲကြားပိတ်ခံရသောကြောင့် ဒရုန်းကြဲခံရမည်ကို စိုးရိမ်နေကြသည်ဟု တိုက်ပွဲကြောင့် ထွက်ပြေးလာရသည့် ဆောင်းပြောင်းကျေးရွာဒေသခံတစ်ဦးကပြောသည်။

“ဒရုန်းတွေလည်းလာဗုံးလာချတော့ တစ်ခုခုဆိုထိခိုက်မှုများနိုင်တယ်” ဟု ပြောသည်။

ထို့အပြင် ယမန်နေ့တိုက်ပွဲကြောင့် ဆောင်းပြောင်းကျေးရွာမှ ဒေသခံကလေးငယ်အပါအဝင် ပြည်သူ ၄ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က ကျေးရွာကိုထဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် အသက် ၁၀ နှစ်အောက် ကလေးငယ်တစ်ဦးကို ကျည်ထိမှန်ခဲ့ပြီး၊ ကျေးရွာဘုန်းကြီးကျောင်းကို ဒရုန်းဖြင့်ထပ်မံဗုံးကြဲခဲ့သောကြောင့် အမျိုသမီး ၁ ဦးနှင့် အမျိုးသား ၂ ဦး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

ထိခိုက်ဒဏ်ရာရသူများမှာ အသက် ၁၀ နှစ်အောက် ကလေးငယ်တစ်ဦးအပြင် နန်းမနု၊ ခွန်ကျော်လွန်နှင့် ခွန်တီးမားတို့ဖြစ်ကြောင်း သိရသည်။

သျှမ်းတောင်တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဇွန်လအတွင်း ဦးဇင်းတစ်ပါးနှင့် ကလေးငယ်အပါအဝင် အရပ်သားသေဆုံးမှု ၅ ဦးရှိပြီး ကလေးငယ် ၅ ဦးအပါအဝင် အရပ်သားထိခိုက်ဒဏ်ရာရမှု ၁၃ ဦးအထိ ရှိကြောင်း ပအိုဝ်းလူငယ်အစည်းအရုံးက ဇွန်လ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

စစ်ဒဏ်သင့် နန်းနိမ့်ကျေးရွာတွင် နေအိမ်မပြင်နိုင်သေးဘဲ နေရပ်ပြန်နေရ

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာ တွင် စစ်ဘေးဒဏ်သင့် ဘုန်းကြီးကျောင်းနှင့်နေအိမ်များ ပြန်လည်ပြင်ဆင်မှု မပြုလုပ်နိုင်သေးသော်လည်း ပြည်သူများ နေရပ်ပြန်နေထိုင်နေရကြောင်း သတင်းရရှိသည်။​  လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO)တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ကြား  ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ် တောင်မဲသင်း‌ကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာမှ...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်းတွင် လက်နက်ကြီးသံများကြောင့် ဒေသခံများ တိုက်ပွဲထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ နေ့စဉ်နီးပါး ကြားရသောကြောင့် ဒေသခံများ တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ဆောင်းပြောင်းကျေးရွာဘက်သို့ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တပ်သားများ အင်းအား ၃၀၀ ဝန်းကျင်ထပ်မံ ဖြည့်တင်းခဲ့ပြီးနောက်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...