Wednesday, July 3, 2024

နာမည်ကျော် City Mart နှင့် စိန်ဂေဟာ အမှုဆောင်အရာရှိချုပ် အပါအဝင် လုပ်ငန်းရှင်များ ဖမ်းဆီးခံရ

Must read

စီးပွားရေး ကမောက်ကမ ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဆန်ဈေးနှုန်း အဆမတန် မြှင့်တင် ရောင်းဝယ်သည်ဟု ဆိုကာ နာမည်ကျော် City Mart အမှုဆောင် အရာရှိချုပ် ဦးဖြိုးမင်းကျော်နှင့် စိန်ဂေဟာ အမှုဆောင် အရာရှိချုပ် ဦးမောင်မောင်ဝင်း၊ One Stop Mart ဒါရိုက်တာ ဦးမျိုးသန့်၊ Aeon Orange ဒါရိုက်တာ Mr-Kasamatsu Hiroshi တို့ကို ဖမ်းဆီး တရားစွဲဆိုထာကြောင်း စစ်ကောင်စီက ယနေ့ (ဇွန်လ ၃၀ ရက်) ညပိုင်းတွင် ထုတ်ပြန်သည်။

မြို့ကြီးများရှိ ဈေးဝယ်စင်တာနှင့် စတိုးဆိုင်ကြီးများရှိ အသင့်ထုပ်ပိုး ရောင်းချသည့် ဆန်အိတ်များအား သတ်မှတ်ထားသည်ထက် အမြတ်တင် ရောင်းချမှုဖြင့် ဈေးဝယ်စင်တာ တာဝန်ရှိသူ ၄ ဦးကို ၂၀၁၂ ခုနှစ်၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ-၅ အရ အရေးယူထားသည်ဟု ဆိုသည်။

ထိုအပြင် အများပြည်သူ ဆန်ဝယ်ယူစားသုံးရန် အခက်အခဲများ ဖြစ်ပေါ်နေသောကြောင့် မြို့ကြီးများရှိ ဆန်ဂိုဒေါင် ၁၀၂ လုံး၊ ဆန်စက် ၂၅ ခု၊ ဆိုင်ခန်း ၇ ခုတို့မှ ဆန်စပါးလုပ်ငန်းရှင် ၅၈ ဦးအား စစ်ဆေးခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ယင်းအနက် နာမည်ကျော် လုပ်ငန်းရှင် ၇ ဦးကို ၂၀၁၂ ခုနှစ်၊ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ-၅ အရ အရေးယူ မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။


ထို့အပြင် ဆန်ဈေးနှုန်း မြှင့်တင်ရောင်းချသူများအား ဆက်လက် ဖမ်းဆီး အရေးယူမည်ဟု စစ်ကောင်စီက သတိပေးထားသည်။

ဇွန်လအတွင်း စစ်ကောင်စီသည် ဈေးကစား အမြတ်တင်ရောင်းချသည်ဟု ဆိုကာ ရွှေလုပ်ငန်းရှင်များ၊ နိုင်ငံခြားငွေ လဲလှယ်ရေး လုပ်ငန်း လုပ်ကိုင်သူများနှင့် စားသုံးဆီ လုပ်ငန်းရှင်များကို ဆက်တိုက် ဖမ်းဆီးနေရာမှ ယခုအခါ ဆန်စပါး လုပ်ငန်းရှင်များ သာမက ဈေးဝယ်စင်တာ တာဝန်ရှိသူများကိုပါ ဖမ်းဆီးလာခြင်း ဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article