ကျောက်မဲ စစ်ဘေးရှောင် ၁၂,၀၀၀ ကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ၁၂,၀၀၀ ကျော်အတွက် စားနပ်ရိက္ခာ အကူအညီ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရသည်။

ဇွန်လ ၂၅ ရက်နေ့က ကျောက်မဲမြို့နယ်တွင် စတင်ခဲ့သည့် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့၏ နှစ်ဘက်တိုက်ပွဲ တစ်ပတ်အတွင်း မြို့ပေါ်ရပ်ကွက်များသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းနှင့် လေကြောင်းဗုံးကြဲ ခံရခြင်းတို့ကြောင့် အရပ်သားပြည်သူ ၁၂,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။

နောင်ချိုမြို့နယ်မှ စတင်ပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ပြီး စားနပ်ရိက္ခာ အကူအညီ အရေးပေါ်လိုအပ်နေကြောင်း ကျောက်မဲဒေသခံများက ပြောသည်။

“အခုထိလည်း မြို့ထဲကနေ အလျှိုလျှို ထွက်နေကြတုန်းပဲ။ အဓိက လိုအပ်တာက ဆန်ပေါ့၊ အခုက မီးလည်း မလာတော့ ဆန်စက်လည်း မကြိတ်နိုင်ဘူး။ တစ်ခါဝယ်ရင် ၅ ပိုင်း ၁၀ ပိုင်း အဲ့လိုပဲရတယ်။ ကြက်ဥနဲ့ စားသုံးဆီတော့ ဝယ်လို့ရပေမယ့် ဈေးတက်ကုန်တယ်။ ဟင်းရွက်ကတော့ ဘယ်လိုမှ ဝယ်မရဘူး၊ စားနပ်ရိက္ခာကတော့ အရေးပေါ်လိုတယ်”ဟု ကျောက်မဲမြို့မှ စစ်ဘေးရှောင်ကူညီနေသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် ကျောက်မဲမြို့နယ်အတွင်း စစ်ဘေးရှောင်များမှာ နားပြိန်းကျောင်းတွင် ၃၀၀၀ ခန့်၊ ပုံဝိုးကျောင်းတွင် ၁၇၀၀ ကျော်၊ ချောင်းချောက်ရွာတွင် ၁၅၀၀ ခန့်၊ နားထွမ်၊ နောင်ပိန်၊ ခဲမွန်၊ ခိုအုံ၊ ခိုမုန်း၊ နောင်ပိန်လေးရှိ ဘုန်းကြီးကျောင်းနှင့် ရွာထဲတွင် ၁၀၀၀ စီ ထွက်ပြေးတိမ်းရှောင်နေပြီး စုစုပေါင်း ၁၂,၀၀၀ ကျော် ရှိကြောင်း စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

ကျောက်မဲမြို့နယ်ရှိ စစ်ဘေးရှောင်များအတွက် ငွေသားဖြင့် အကူအညီ လက်ခံရရှိသော်လည်း စားနပ်ရိက္ခာများ ပြန်လည်ဝယ်ယူရန် အခက်အခဲရှိနေပြီး ကိုယ်တိုင်လာလှူသည့် အလှူရှင်များ နည်းပါးနေသေးကြောင်း စစ်ဘေးရှောင်များက ပြောသည်။

“မြို့ထဲကတော့ ၁၀ ပုံ ၁ ပုံလောက်ပဲ ကျန်တော့မယ်။ အိပ်စောင်နဲ့ ခြင်ထောင်တွေလည်း လိုတယ်။ မြို့ပေါ်မှာလည်း တိုက်ပွဲဖြစ်နေတော့ အရင်လို ဆေးသွားဝယ်ပြီး လာကုပေးလို့လည်း မရဘူး။ ရှိထားတဲ့ တိုင်းရင်းဆေးနဲ့ပဲ အချင်းချင်း ပေးရတာပေါ့။ ရောဂါအခံရှိတဲ့လူ၊ ကျောက်ကပ်ရောဂါ ဖြစ်တဲ့လူနဲ့ မတော်တဆ ဖြစ်တာဆိုရင် နမ့်လန်ဆေးရုံပဲ ပို့ရတယ်”ဟု ကျောက်မဲမြို့မှ ၎င်းစစ်ဘေးရှောင်ကူညီသူက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

စစ်ဘေးတိမ်းရှောင်ရသူများထဲတွင် အဓိကအားဖြင့် အမျိုးသမီးများနှင့် ကလေးငယ် အများစုဖြစ်ရာ အိပ်စောင်၊ ခြင်ထောင်၊ တစ်ကိုယ်ရေသုံးပစ္စည်းနှင့် အမျိုးသမီး လစဉ်သုံးပစ္စည်းများလည်း လိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

ကျောက်မဲမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့၏ နှစ်ဘက်တိုက်ပွဲ တစ်ပတ်အတွင်း လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများကြောင့် မိသားစုလိုက် ထိမှန်သေဆုံးမှု မြှင့်တက်နေပြီး ယနေ့ (ဇူလိုင်လ ၂ ရက်)အထိ အရပ်သား ၃၀ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း လူမှုကူညီရေးအသင်းများ၏ ပြောဆိုချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...