တိုက်ပွဲ

ရွှေကူမြို့သို့ ဗန်းမော်မြို့ မှထွက်ပြေးလာသည့် စစ်ဘေးရှောင် ၁၀၀ ကျော်ကျန်ရှိနေ

ကချင်ပြည် ဗန်းမော်မြို့မှ တိုက်ပွဲများကြောင့် ရွှေကူမြို့သို့ ထွက်ပြေးတိမ်းရှောင်လာသည် စစ်ဘေးရှောင်များထဲတွင် လက်ရှိတွင် (၁၀၀)ကျော်သည် ကျန်ရှိနေသေး ဒေသခံများက ပြောသည်။ ဗန်းမော်မြို့ ဒေသခံများသည်တွင် စစ်ကောင်စီ နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တို့ တိုက်ပွဲများကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာလ ၄ ရက်မှစ၍ မြို့လုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ထို့ကြောင့်...

အိမ်ပြန်ချင်နေပြီ….

“ကိုယ်နေတဲ့နေရာ…ကိုယ်လုပ်စားနေကြနေရာမှာပဲ အဆင်ပြေတယ်…နယ်မြေ အေးချမ်းတာနဲ့ ပြန်မှာ”လို့ ညောင်ရွှေမြို့နယ် မှာ စစ်ရှောင် အဖြစ် ရောက်နေတဲ့ နန်းဇင်က ပြောပါတယ်။ ညီနောင် မဟာမိတ်သုံးဖွဲ့ နဲ့ စစ်ကောင်စီတပ်တို့ အကြား ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် သျှမ်းမြောက် ကနေ ထွက်ပြေးတိမ်းရှောင်ရတဲ့ သူ အယောက် ၂ သိန်းထဲ...

ညောင်ရွှေရောက် စစ်ဘေးရှောင် (၈၀၀)ကျော် အမိုးအကာ၊စောင် နှင့် အနွေးအထည်များ လိုအပ်

သျှမ်းပြည် ညောင်ရွှေမြို့နယ်သို့ နှစ်လကျော်ကြာရောက်ရှိနေသည့် စစ်ဘေးရှောင် (၈၀၀)ကျော်သည် အမိုးအကာ၊စောင် နှင့် အနွေးအထည်များ လိုအပ် နေကြောင်း စုံစမ်းသိရသည်။ ညောင်ရွှေမြို့နယ် စမ်းရေကြည်၊ ဟဲဆတ်၊ နားမွန် ရွာတို့တွင် နှစ်လကျော်ကြာ ရောက်ရှိနေသည့် စစ်ဘေးရှောင် ၈၀၀ ကျော်သည် လက်ရှိချိန်ထိ အမိုးအကာ၊စောင် နှင့် အနွေးအထည်များ...

ဗန်းမော်မြို့ တိုက်ပွဲပြင်းထန် ပြည်သူများ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်၊ ပိတ်မိနေသူများလည်းရှိ

ကချင်ပြည် ဗန်းမော်မြို့အတွင်း တိုက်ပွဲများပြင်းထန်နေပြီး ပြည်သူများ ထောင်နှင့်ချီ ထွက်ပြေး တိမ်းရှောင် နေကြရကာ မြို့အတွင်း၌ ပိတ်မိသူများလည်းရှိနေကြောင်း စုံစမ်းသိရသည်။ ကချင်ပြည် ဗန်းမော်မြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၄ ရက်နေ့ မှစတင်၍ စစ်ကောင်စီတပ် နဲ့ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်တို့...

ကျောက်ဂူ တိုက်ပွဲ(၁၀) ရက်တာအတွင်း စစ်ကောင်စီတပ်သား (၅၀) ကျော်သေဆုံး DPLF ပြော

သျှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကျောက်ဂူဒေသ တိုက်ပွဲ(၁၀) ရက်တာအတွင်း စစ်ကောင်စီတပ်သား (၅၀ )ကျော်သေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိသည်ဟု DPLF မှ ပြောဆိုသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ (၃၀ ရက်) မှ ဒီဇင်ဘာလ ၉ ရက် အထိ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် စစ်ကောင်စီတပ်တို့...

လားရှိုး-နမ္မတူကြား အီနိုင်းတံတား ပြုပြင်ပြီးသော်လည်း ယာဉ်ကြီးများ ဖြတ်သန်းခွင့်မရသေး

သျှမ်းပြည် လားရှိုးနှင့် နမ္မတူမြို့အကြားရှိ အီနိုင်းတံတားကို ညီနောင်မဟာမိတ်တပ်များက ပြန်လည်ပြုပြင်ပြီးသော်လည်း ယာဉ်ကြီးများ ဖြတ်သန်းခွင့် မရသေးဘဲ ဖောင်ဆိပ်တွင် ဖြတ်သန်းခ ‌ဈေးအဆမတန် ပေးဆောင်နေရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၉ ရက်) နံနက်ပိုင်းမှ စတင်၍ လားရှိုး-နမ္မတူ လမ်းမကြီးပေါ်ရှိ အီနိုင်းတံတားကို ညီနောင်မဟာမိတ်တပ်များက ပြန်လည်ပြုပြင်ပေးပြီးနောက်...

ကျောက်မဲ သျှမ်းနှစ်သစ်ကူးအကြို စစ်ကောင်စီလေကြောင်းဗုံးကြဲ ၁၁ဦး သေဆုံး

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ပေါ် တွင် ပြီးခဲ့သည့် သျှမ်းနှစ်သစ်ကူးအကြိုနေ့တွင် စစ်ကောင်စီမှ လေကြောင်းဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သား ၁၁ဉီး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ နိုဝင် ၃၀ရက် ညနေ ၆နာရီခွဲ သျှမ်းနှစ်သစ်ကူးအကြိုနေ့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ထိန်းချုပ်သည့် ကျောက်မဲမြို့ပေါ်ကို စစ်ကောင်စီလေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၉ဦး...

ပင်းတယ စစ်ကောင်စီတပ်နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်၊ နှစ်ဘက်ထိခိုက်ကျဆုံးဟုဆို

သျှမ်းပြည် ပင်းတယမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ (၂) ရက် နေ့လယ်ပိုင်းအချိန်တွင် ပင်းတယမြို့နယ် မိုင်းလီကျေးရွာအုပ်စု မန်ကျည်းကုန်းနှင့် နတ်အင်းကျေးရွာအနီးတွင် မူးယစ်ဆေးဝါး သုံးစွဲသူများကို ဖမ်းဆီးရန် ရောက်ရှိလာသည့် RCSS/SSA တပ်ဖွဲ့နှင့်...

ညောင်ရွှေမြို့ရောက် စစ်ရှောင်များကို လာမည့် မတ်လကုန် နေရပ်သို့ အပြီးပြန်နေခိုင်း

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို လာမည့်နှစ် မတ်လတွင် ၎င်းတို့၏ နေရပ်သို့ အပြီးပြန်နေခိုင်းကြောင်း စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှူးများက အကြောင်းကြားထားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (နိုဝင်ဘာလ တတိယပတ်)တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးမှ ကျေးရွာ ၊ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ခေါ်ယူ၍ ညောင်ရွှေမြို့နယ်ရှိ ဘုန်းကြီးကျောင်းများတွင် တည်းခိုနေသည့် စစ်ရှောင်ပြည်သူများ လာမည့် ၂၀၂၅...

တိတ်ဆိတ်မှုတွေနဲ့ ပီမိုင်တိုင်း

“မႂ်ႇသုင်ၶႃႈ ပီႈၼွင့်ႁဝ်းၶဝ်” (မိုင်ဆုန်ခ ပီနောင့်ဟောဝ်းခေါင်) လို့ စုပေါင်း ဟစ်ကြွေးလိုက်ပြီး နောက်မှာတော့ သျှမ်းနှစ်သစ်ကူး တေးသီချင်းများကို စတင်သီဆိုကြသည်။ သျှမ်းနှစ်သစ်ကူး မရောက်ခင် တစ်ပတ်အကြိုခန့် ကတည်းကပင် နှစ်သစ်ကူးကို ကြိုဆိုကြရန်အတွက် အိမ်တိုင်း ပြင်ဆင်ကြလေသည်။ သီချင်းများ သီဆိုရန်အတွက် အိုးစည်ဝိုင်းငှားရမ်းခြင်း၊ သီဆိုသူများကို ကျွေးမွေးရန်နှင့် ကြိုဆို ဖိတ်ခေါ်အိမ်များကို...

Latest news