TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့တွင် ဆေးဝါးစတင်ပြတ်လပ်မှုရှိလာ 

သျှမ်းပြည်မြောက်ပိုင်း TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့တွင် ဆေးဝါးစတင်ပြတ်လပ်မှုကြောင့် ဒေသခံများ စိုးရိမ်နေကြောင်း စုံစမ်း သိရသည်။

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့တွင် ဆေးရုံ ၊ ဆေးခန်း နှင့် ဆေးဆိုင်များတွင် ဆေးဝါးပြတ်လပ်မှု စတင်လာသဖြင့် ရောဂါဝေဒနာ ခံစားနေရသည့် ဒေသခံများ အချို့ စိုးရိမ်နေကြောင်း နမ့်ခမ်းဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဆေးဝါးပြတ်လပ်သည့်ထဲတွင် ငှက်ဖျားဆေးသည် နမ့်းခမ်းမြို့နှင့် မူဆယ်မြို့နယ် ဘက်တွင် လုံးဝပြတ်လပ်သွားခြင်းကြောင့် ၎င်း ငှက်ဖျားရောဂါ ခံစားနေရသည့် ဒေသခံတစ်ဦးသည် အသက် အန္တရာယ်ထိ စိုးရိမ်နေရကြောင်း ၎င်းက ဆက်ပြောသည်။

၎င်းတို့ အပြန်အလှန်ပိတ်ဆို့မှုများ ပြုလုပ်ပြီးနောက် နမ့်ခမ်းမြို့သည် ရွှေလီမြို့နှင့် မူဆယ်မြို့နယ်ကိုသာ ဝမ်းစာအတွက် အဓိက အားထားရသည့် ဒေသ တစ်ခုဖြစ်သည်။

“လက်ရှိ ဆေးရုံ၊ ဆေးခန်း နဲ့ ဆေးဆိုင်ဘက်မှာဆို ဆေးဝါးတွေ တော်တော်ပြတ်လပ်လာတာ တွေ့ရတယ်။ နှစ်ရှည်ရောဂါ ခံစားနေရတဲ့သူတွေ သောက်တဲ့ဆေးတွေဆို မရတော့ဘူး။ အခု လုံးဝပြတ်လပ်သွားတာ ငှက်ဖျားဆေးဖြစ်နေတယ်။ ငှားဖျားရောဂါ ခံစားရတဲ့သူက သူ့ဆေးနဲ့ မှ သက်သာမြန်တာ ခုက အရမ်း စိုးရိမ်နေရတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် (ဒီဇင်ဘာလ ၁ ရက်)တွင်လည်း စစ်ကောင်စီတပ် ထိန်းချုပ်ထားသည့် မူဆယ်မြို့နှင့် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့အကြား ဂိတ်စခန်း (၅) နေရာထက်မနည်းတွင် ခြံထွက်သီးနှံနှင့် တပိုင်တနိုင် ဈေးသည်များကို နှစ်ဘက်တပ်ဖွဲ့များမှ ဖြတ်သန်းခွင့် မပေးဘဲ အပြန်အလှန် ပိတ်ပင်တားမြစ်ထားကြောင်း သိရသည်။ 

ငှက်ဖျားဆေး

“၁၀၂၇ စစ်ဆင်ရေး” စတင်ပြီးနောက် မူဆယ်မြို့နယ်ရှိ အစိုးရဆေးရုံသည် ဆရာဝန် လုံလောက်မှုမရှိသည့်အပြင် ဆေးဝါး လုံးလောက်မှုမရှိခြင်းကြောင့် ပုဂ္ဂလိကဆေးရုံကိုသာ အားကိုးနေရနေသည့် အခြေအနေမျိုး ရှိနေကြောင်း  မူဆယ်ဒေသခံ တစ်ဦးက ပြောသည်။

မူဆယ်မြို့ထက် နမ့်ခမ်းမြို့က ဆေးကုပေးမည့် ဆရာဝန်များရှိသော်လည်း ဆေးဝါးလုံလောက်မှုမရှိသည့် အတွက် အခြေခံလူတန်းစားအတွက် အခက်ကြုံတွေ့နေရကြောင်း ၎င်းက ဆက်ပြောသည်။

“ပြောရမယ်ဆို “၁၀၂၇ စစ်ဆင်ရေး”ကတည်းက  စပြတ်တာပဲ။ လက်ရှိ ပုဂ္ဂလိကဆေးရုံကိုသာ အားကိုးနေရနေတယ် ဆိုပေမဲ့ ဆေးဝါးမလုံလောက်မှုတွေ တော်တော်များလာတယ်။ အခု နမ့်ခမ်းမှာက ဆရာဝန်တွေ စုံလာတယ် မူဆယ်ကနေတောင် သွားကုကြသေးတယ် ဒါပေမဲ့ ဆေးဝါးလုံလောက်မှု မရှိတော့ ခက်ခဲဖြစ်စေတာမျိုးရှိတယ်”ဟု ၎င်းက ပြောသည်။ 

စစ်ကောင်စီတပ် ထိန်းချုပ်ထားသည့် မူဆယ်မြို့ နယ်စပ်ဂိတ်များဖြစ်သည့် ဆင်ဖြူဂိတ်နှင့် နန်းတော်ဂိတ်တို့တွင် ကုန်ပစ္စည်း သယ်ယူခွင့်ပြုသော်လည်း တရုတ်အာဏာပိုင်များ က ကုန်ပစ္စည်းများကို  ကန့်သတ် သယ်ဆောင်ခွင့်ပြုကြောင်း မူဆယ်ဒေသခံများထံမှ သိရသည်။

ထို့အပြင် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နှင့် MNDAA ထိန်းချုပ်ထားသည့် ပန်ဆိုင်းမြို့ဘက်သို့ ကုန်စည် သယ်ယူခွင့်မရအောင် တရုတ်အာဏာပိုင်ဘက်က တင်းတင်းကြပ်ကြပ် ထပ်မံစစ်ဆေးကြောင်း ဒေသခံများက ပြောဆိုသည်။ 

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်​။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်-နမ့်ခမ်း မြစ်ဘေးရှိ ရပ်ကွက်များနှင့် လယ်ယာ၊ စိုက်ပျိုးမြေများ ရေမြှုပ်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့ ရွှေလီမြစ်ဘေးနေထိုင်သည့် ပြည်သူများ၏ နေအိမ်နှင့် လယ်ယာများ ရေမြှုပ်နေကြောင်း သတင်းရရှိသည်။​ ဇူလိုင်လ တတိယပတ်အတွင်း သျှမ်းပြည် မြောက်ပိုင်း နှင့် တရုတ်နိုင်ငံအတွင်း မိုးအဆက်မပြတ်ရွာ သွန်းမှုအပြင် တရုတ်နိုင်ငံမှ ရေကာတာ ရေထုတ်လွှတ်မှုကြောင့် ရွှေလီမြစ်ရေမှာ ရက်ပိုင်း ရေမြင့်တက်လာခြင်းဖြစ်ကြောင်း မူဆယ်မြို့ဒေသခံအမျိုးသားတစ်ဦးက...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မူဆယ်-နမ့်ခမ်းလမ်း KIA စစ်ဆေးရေးဂိတ်တွင် ကားဘီးခွန် ကောက်ခံနေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA ) စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကားဘီးခွန် ကောက်ခံ နေကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်တွင် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ နမ့်လျှန်ကျေးရွာ အနီးတွင် KIA စစ်ဆေးရေးဂိတ်ကို...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...