ကရင်နီတွင် စစ်ကောင်စီတပ်၏ အဆိပ်ငွေ့ဗုံးများကြောင့် KNDF/ PDF အဖွဲ့ဝင်များ အချင်းချင်းပစ်သတ်မှုများ ဖြစ်ပွားနေဟု သတင်းအမှားဖြန့်

ကရင်နီပြည်တွင် စစ်ကောင်စီတပ်၏ အဆိပ်ငွေ့ဗုံးများကြောင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် KNDF နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့ဝင် အများအပြားရုတ်တရက် မလှုပ်ရှားနိုင်တော့ဘဲ စိတ်ဖောက်ပြန်၍ အချင်းချင်းပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း သတင်းအမှားဖြန့်ချိနေပါသည်။

စစ်ကောင်စီအားပေး တယ်လီဂရမ်ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် Mawshan Myay Media ချန်နယ်လ်မှ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အဆိပ်ငွေ့ဗုံးများ အသုံးပြုတိုက်ခိုက်မှု မရှိကြောင်း၊ သတင်းမီဒီယာများမှ ဖော်ပြသောအကြောင်းအရာသည် မမှန်ကန်ကြောင်းဆိုပြီးလည်း ရေးသားဖြန့်ဝေခဲ့သည်။

ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၁၄,၀၀၀ ကျော်ရှိပြီး Mawshan Myay Media ချန်နယ်လ်အပြင် အခြားစစ်ကောင်စီ ဝါဒဖြန့်ချန်နယ်များကလည်း ထပ်ဆင့်ဖြန့်ဝေထားသည်။
မူရင်းလင့်ခ် – https://archive.ph/zzeZt

ဆက်စပ် သတင်းအမှားလင့်ခ် – https://archive.ph/xmpEo

သတင်းအမှားဖြန့်ချိသူတွေ ဖော်ပြသည့် အကြောင်းအရာတွေကို Myanmar Fact-checking Network အဖွဲ့ဝင် အချက်အလက် စစ်ဆေးသူများက တိုက်ဆိုင်စစ်ဆေးကြည့်သည့်အခါ မှားယွင်းနေကြောင်း တွေ့ရသည်။

သတင်း စစ်ဆေးတွေ့ရှိချက်

ကရင်နီပြည်နှင့် သျှမ်း-ကရင်နီနယ်စပ်ဒေသတွင် ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ၌ စစ်ကောင်စီတပ်က ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်သည့်အခါ အဆိပ်ငွေ့ပြားများကို အသုံးပြုပြီး တိုက်ခိုက်လာကြောင်း KNDF ၏အတည်ပြုချက်ဖြင့် ကန္တာရတတီတိုင်း (မ်)ကဖော်ပြသည်။

Kantarawaddy Time – https://shorturl.at/Gg7Bb

ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်နှင့် ၈ ရက်တို့တွင် သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ပြင်၌ အခြေစိုက်ထားသော ခမရ (၄၂၂) တပ်ရင်းမှ မိုးဗြဲမြို့နှင့် ပတ်ဝန်းကျင်နေရာများသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာတွင် S-PHOS (အက်စ်ဖော့စ်) တံဆိပ်ပါ ၅၆၀ အဆိပ်ငွေ့ပြားများ ထည့်သွင်းအသုံးပြုတိုက်ခိုက်ခဲ့သည်ဟု People’s Spring ဌာနကလည်း ဖော်ပြသည်။

People’s Spring – https://shorturl.at/q0Yp6

ထိုအဆိပ်ငွေ့ပြားများကို ဗုံးသီးများနှင့်အတူ ထည့်သွင်းအသုံးပြုတိုက်ခိုက်ပြီး ထွက်လာသော မီးခိုးများမှ ရှူရှိက်မိသော ရဲဘော်အချို့သည် မူးဝေခြင်း၊ အော့အန်ချင်စိတ်ဖြစ်ခြင်း၊ အိပ်ချင်လာခြင်းနှင့် အားပျက်ခြင်း စသည့် ဝေဒေနာများကို ခံစားရသည်ဟုလည်း သျှမ်းသံတော်ဆင့်ကဖော်ပြသည်။

SHAN News – https://shorturl.at/NU5AV

သို့သော်အဆိပ်ငွေ့များ ရှူရှိက်မိသော ရဲဘော်များသည် မလှုပ်ရှားနိုင်တော့ဘဲ စိတ်ဖောက်ပြန်၍ အချင်းချင်း ပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း ဖော်ပြခြင်းမရှိပေ။ လွတ်လပ်ပြီး ယုံကြည်စိတ်ချရသော သတင်းဌာနများတွင်လည်း ဤအကြောင်းအရာနှင့်ပတ်သက်၍ ယခုတိုင်ဖော်ပြခြင်းမရှိပါ။

စစ်ကောင်စီဝါဒဖြန့်သည့် အကြောင်းအရာ နှင့် ပတ်သက်၍ KNDF ၏ဗဟိုပြန်ကြားရေး တာဝန်ခံတာအယ်စိုးက ယခုလိုပြောပါသည်။

“အချင်းချင်း ပစ်ခတ်နေတယ်လို့ပြောတာက ဒါကလုပ်ကြံပြီးတော့မှ ပြောဆိုနေတာပဲဖြစ်ပါတယ်။ ကျနော်တို့ အချင်းချင်းပစ်သတ်ဖို့နေနေသာသာ စစ်ကောင်စီကို တစ်ရက်ပြီး တစ်ရက် ဘယ်လိုတိုက်ခိုက်ရမလဲ၊ ဘယ်လိုချေမှုန်းရမလဲဆိုတာကိုပဲ စဉ်းစားနေရတာနဲ့ကို အချိန်မရှိပါဘူး” ဟု MFCN အဖွဲ့ဝင် အချက်အလက်စစ်ဆေးသူများအား ဖြေကြားသည်။

ဆက်လက်ပြီး “ဒါကတော့ စစ်ကောင်စီရဲ့ ဆိုက်ဝါးပါပဲ။ စိတ်ဓာတ် စစ်ဆင်ရေးလုပ်တာပဲ ဖြစ်တယ်။ ပြည်သူတွေကြားမှာ ဝေဝါးမှုတွေဖြစ်အောင်၊ တော်လှန်ရေးတပ်ဖွဲ့တွေကြားမှာ သွေးကွဲမှုတွေ ဖြစ်အောင် အချင်းချင်းစိတ်သဘောထားကွဲလွဲအောင် ရန်တိုက်ပေးတဲ့သဘောပါပဲ။ ဒါ စိတ်ဓာတ်စစ်ဆင်ရေး ဝါဒပေါ့” ဟု တာအယ်စိုးက ထပ်လောင်းပြောသည်။

သုံးသပ်ချက်

ကရင်နီပြည်နှင့် သျှမ်း-ကရင်နီစပ်ဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဘက်က အဆိပ်ငွေ့များ အသုံးပြုတိုက်ခိုက်ခဲ့ဖြစ်စဉ်က မှန်ကန်သည်။

သို့သော် အဆိပ်ငွေ့များ ရှူရှိက်မိ၍ KNDF နှင့် PDF အဖွဲ့ဝင် အများအပြားရုတ်တရက် မလှုပ်ရှားနိုင်တော့ဘဲ စိတ်ဖောက်ပြန်၍ အချင်းချင်းပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း ဖော်ပြသည့်အကြောင်းအရာက မှားယွင်းနေသည်။

သတင်းအမှားဖြန့်ချိသူတွေက စစ်ကောင်စီ၏ ရာဇဝတ်မှုများကို ဖုံးကွယ်ရန်အတွက် အဆိုပါအဆိပ်ငွေ့အား KNDF နှင့် PDF အဖွဲ့ဝင်များ ရှူရှိက်မိ၍ အချင်းချင်းပစ်ခတ်မှုများဖြစ်ပွားနေသယောင် လိမ်လည်ဝါဒဖြန့်ချိနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့်၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၄ ရက် လားရှိုးမြို့နယ်အတွင်းက မိုင်းကျပ်တပ်စခန်း၊ နိုဝင်ဘာလ ၁၈ ရက် နမ့်ခမ်းမြို့က စခန်းသစ်ကုန်းနှင့် နိုဝင်ဘာလ ၂၃ ရက် သိန္နီမြို့နယ်က နမ့်စလပ် တောင်ကုန်းတို့တွင် စစ်ကောင်စီတပ်က ဓာတုဗုံးဟုယူဆရသည့် လက်နက်များအသုံးပြုခဲ့ကြောင်း AA၊ TNLA နှင့် MNDAA တို့ထုတ်ပြန်ချက်ကို ကိုးကား၍ DVB သတင်းကဖော်ပြသည်။

DVB – https://burmese.dvb.no/post/681887

Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများမှာ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box မှတစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။

Myanmar Fact-checking Network အဖွဲ့ဝင်များ၏ အချက်အလက်စစ်ဆေးထားသည့် သတင်းများကိုလည်း ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နေရပ်မပြန်နိုင်သေးသည့် လွိုင်ကော်စစ်ရှောင်များ စားဝတ်နေရေး အခက်ကြုံနေ

0
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့သို့ နေရပ်မပြန်နိုင်သေးသည့် ဒေသခံများ စားဝတ်နေရေးအခက်ခဲကြောင့် ရေရှည်ရှောင်တိမ်းရန် အခက်ခဲကြုံနေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ တွင်ဖြစ်ပွားခဲ့သော “၁၁၁၁”စစ်ဆင်ရေးကြောင့် လွိုင်ကော်မြို့ခံများ ထောင်နှင့်ချီထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြီ ၂၀၂၅ ခုနှစ်တွင် စစ်ရေးအခြေအနေ ငြိမ်သက်လာသဖြင့် မြို့ခံအချို့အပါအဝင် အစိုးရဝန်ထမ်းအချို့ နေရပ်ပြန်နေထိုင်ခဲ့ကြသည်။ သို့သော် လွိုင်ကော်မြို့ပေါ်ရှိ ငွေတောင်ရပ်ကွက်နှင့်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...