ဗန်းမော်နှင့် မံစီ တိုက်ပွဲဆက်လက် ပြင်းထန်

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်များ ထိုးစစ်ဆင် တိုက်ခိုက်နေသည့် ကချင်ပြည် ဗန်းမော်နှင့် မံစီ ဒေသတွင် ယနေ့ (ဒီဇင်ဘာလ ၂၀ ရက်) တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့နှင့် ယနေ့တွင် ဗန်းမော်မြို့တွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီ အလောင်း၊ စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟု ပြောဆိုသည်။

“မနေ့က ဗန်းမော် လေယာဉ်ကွင်းနား ၂ မိုင်နဲ့ ၅ မိုင်မှာ တိုက်ပွဲဖြစ်တယ်။ မံစီ စစ်ကောင်စီတပ်ဘက်မှာလည်း တိုက်ပွဲဖြစ်တယ်။ အလောင်းနဲ့ လက်နက် တချို့ရပါတယ်။ ဗန်းမော်မြို့တွင်းမှာလည်း တိုက်ပွဲ ဆက်ဖြစ်နေပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

ဗန်းမော်မြို့ကို စစ်ကောင်စီတပ် ပြန်လည် ထိန်းချုပ်လိုက်ပြီ ဆိုသည့် သတင်းများ ယမန်နေ့က ထွက်ပေါ်ခဲ့မှုနှင့် ပတ်သက်၍ မဟုတ်မှန်ကြောင်း ၎င်းကဆက်ပြောသည်။

“ဒီနေ့ မနက် ၆ နာရီလောက်ကတည်းက တိုက်ပွဲ ပြင်းထန်နေတယ်။ ဗန်းမော်ဆေးရုံနား တဝိုက် မီးလောင်နေတယ်လို့ ပြောတယ်” ဟု ဗန်းမော်မြို့မှ တိမ်းရှောင်လာသည့် ပြည်သူတဦးက မြို့နှင့် ဆက်သွယ်မေးမြန်းခဲ့သည်များကို ပြောပြသည်။

ဗန်းမော်မြို့တွင်းမီးလောင်နေသည့်ပုံ

လက်ရှိ ပူးပေါင်းတပ်များက လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုပြီး တိုက်ပွဲ အခြေအနေ အသေးစိတ်နှင့် ထိခိုက်သေဆုံးမှု၊ လက်နက်ခဲယမ်း ရှရှိမှုများကိုမူ ပြောဆိုခြင်း မရှိပေ။

ပြီးခဲ့သည့် ဒီဇင်ဘာ ၄ရက်က စတင်ခဲ့သည့် ဗန်းမော်နှင့် မံစီ KIA ပူးပေါင်းတပ် ထိုးစစ် အတွင်း လက်နက်ကြီး ပစ်ခတ်မှုနှင့် စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုများကြောင့် အရပ်သား ပြည်သူ သေဆုံးမှု များပြားခဲ့သည်ဟု လူမှုကူညီရေးအသင်းများက ပြောဆိုထားသည်။

ဗန်းမော်မြို့သည် ကချင်ပြည်နယ်၏ ဒုတိယ မြို့တော်ဖြစ်ပြီး စစ်ကောင်စီတပ် စကခ(၂၁) အပါအဝင် တပ်ရင်းတပ်ဖွဲ့ ပေါင်းစုံ ၁၇ ခုထက်မနည်း တည်ရှိပြီး မံစီမြို့တွင် ခမရ (၃၁၉)၊ ခမရ (၆၀၁) နှင့် အမှတ် (၅၂၃) အမြောက်တပ် တပ်ရင်းဌာနချုပ်တို့ တည်ရှိရာ KIA ပူးပေါင်းတပ်က တပြိုင်နက် တိုက်ခိုက်နေခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”

0
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

လွယ်ဂျယ်စစ်ရှောင်စခန်းများတွင် KIA တပ်သားစုဆောင်းရေး ရက်ခြားစောင့်ဖမ်းခြင်းကြောင့် စစ်ရှောင်ဝမ်းရေးအခက်ကြုံ

0
ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများထဲသို့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ဘက်မှ တပ်သားစုဆောင်းနေသဖြင့် စစ်ဘေးရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...