ရွှေကူမြို့သို့ ဗန်းမော်မြို့ မှထွက်ပြေးလာသည့် စစ်ဘေးရှောင် ၁၀၀ ကျော်ကျန်ရှိနေ

ကချင်ပြည် ဗန်းမော်မြို့မှ တိုက်ပွဲများကြောင့် ရွှေကူမြို့သို့ ထွက်ပြေးတိမ်းရှောင်လာသည် စစ်ဘေးရှောင်များထဲတွင် လက်ရှိတွင် (၁၀၀)ကျော်သည် ကျန်ရှိနေသေး ဒေသခံများက ပြောသည်။

ဗန်းမော်မြို့ ဒေသခံများသည်တွင် စစ်ကောင်စီ နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တို့ တိုက်ပွဲများကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာလ ၄ ရက်မှစ၍ မြို့လုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ထို့ကြောင့် တိုက်ပွဲစဖြစ်ချိန်တွင် ရွှေကူမြို့ ၂၅၀၀ ဘုရားကျောင်းတွင် စစ်ရှောင် ၃ထောင်ကျော်သည် လာရောက်ခိုလှုံခဲ့ရာ လက်ရှိတွင် စစ်ဘေးရှောင် ၁၀၀ ကျော်သာကျန် ရှိတော့ကြောင်း၊ ထိုသူများကို ရွှေကူမြို့ဒေသခံများက စားဝတ်နေရေးအတွက်အကူညီများပေးနေကြောင်း ရွှေကူမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“သူတို့ စပြီး ပြေးလာတဲ့အချိန်တုန်းကတော့ ရွှေကူ ၂၅၀၀ ဘုရားမှာ လူဦးရေးက ၃ ထောင်ကျော်လောက် ရှိတယ်။ ‌အခုကတော့ လူဦးရေက ၁၀၀ ကျော်လောက် ကျန်ရှိမယ်။ သူတို့ရဲ့ စားဖို့သောက်ဖို့ကတော့ ကျောင်းက ဆရာတော်နဲ့ ရွှေကူမြို့ခံတွေက တာဝန်ယူနေတာ။” ဟု ရွှေကူမြို့ ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

ဗန်းမော် စစ်ဘေးရှောင်များ

ထိုတိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာလာသည့် ဗန်းမော်စစ်ဘေးရှောင်များသည် မန္တလေးမြို့သို့သွားသည့် လမ်းခရီးတွင် အခက်အခဲများကြုံတွေ့နိုင်ပြီး၊ လမ်းပိုင်းတွင် ကြံကြာနိုင်ကြောင်း ရွှေကူမြို့ ဒေသခံအမျိုးသား တစ်ဦးကဆက်ပြောသည်။

“အခုကသူတို့က ဗန်မော်ြမို့ကနေ ရွှေကူကိုလာမယ်ဆိုရင် ရေကြောင်းကနေလာရမှာ။ လမ်းပိုင်းမှာ ကြာနိုင်လည်းတယ်။ စက်လှေတွေငှားရမှာကော လူများရင်လည်း စောင့်ရမာ။အဲ့မှရွှေကူမှာနေ တချို့ကလည်း မန္တလေးကို ဆက်တာပေါ့။မန္တလေးကိုဆက်သွားမယ်ဆိုရင်လည်း ကောလင်း-ဝမ်တုန်တို့မှာ တညအိမ်ရမှာပေ့ါ။အခုအခြေ နေ နဲ့ဆိုရင် ၂ ရက် ၃ ရက်လောက်ကြာနိုင်တယ်”ဟု ၎င်းကပြောသည်။

ထိုဗန်းမော်မြို့ ဒေသခံအများစုသည် မြစ်ကြီးနား‌၊ ရွှေကူမြို့၊ မန္တလေးမြို့၊ ပြင်ဦးလွင် နှင့် နီးစပ်ရာဆွေမျိုးများဆီသို့ အဓိက ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ကားသမားတစ်ဦးက ပြောသည်။

ကချင်ပြည် ဗန်းမော်မြို့တွင် တစ်ပတ်ကျော်ကြာ တိုက်ပွဲတွင် စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှု များကြောင့် ဒေသခံ သေဆုံးမှုများရှိနေပြီး၊ နေအိမ်အဆောက်အဦး မီးလောင်ပျက်စီးမှုများ ရှိကြောင်း သိရသည်။

တိုက်ပွဲများကြောင့် ဗန်မော်မြို့ ဒေသခံများ ထောင်နှင့်ချီထွက်ပြေးတိမ်းရှောင်နေကြရပြီး မြို့၌ အိမ်စောင့်များ ကျန်ရှိနေသော်လည်း အိမ်စောင့်မရှိသောနေအိမ်များနှင့် ဆိုင်ခန်းများသည် ဖောက်ထွင်းခိုးယူခြင်းများ ခံနေရကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”

0
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

လွယ်ဂျယ်စစ်ရှောင်စခန်းများတွင် KIA တပ်သားစုဆောင်းရေး ရက်ခြားစောင့်ဖမ်းခြင်းကြောင့် စစ်ရှောင်ဝမ်းရေးအခက်ကြုံ

0
ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများထဲသို့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ဘက်မှ တပ်သားစုဆောင်းနေသဖြင့် စစ်ဘေးရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...