တိုက်ပွဲ
သျှမ်း-ကရင်နီတကြော ရောက် စစ်ရှောင်အချို့ ထင်းချောင်းခြောက်များကောက်ကာ ဝမ်းရေးဖြေရှင်းနေရ
SHAN -
သျှမ်း-ကရင်နီနယ်စပ် တကြောရောက်ရှိနေသည့် စစ်ဘေးရှောင်အချို့သည် ထင်းချောင်းခြောက်များကောက်ကာ ဝမ်းရေးဖြေရှင်းနေရကြောင်း စုံစမ်းသိရသည်။ သျှမ်း-ကရင်နီ တကြောဖြစ်သည် စစ်ဘေးရှောင်များမှာ ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်နှင့် ဒီးမော့ဆိုတို့ဘက်ခြမ်းဖြစ်သည်။ “စစ်ရှောင်တချို့ဆို ထင်းခြောက်လေးတွေကောက်ပြီး ရောင်းစားနေရတဲ့သူတွေလည်းရှိတယ်။ မိသားစုများတဲ့သူတွေပါတော့ ရှိတာနဲ့တင် မလုံလောက်ဘူး။ ကိုယ်တက်နိုင်တဲ့ ဘက်ကနေ ရှာဖွေနေကြတဲ့သူလည်း ရှိတယ်” ဟု မိုးဗြဲစစ်ရှောင်အမျိုးသမီး တစ်ဉီးက...
ကရင်နီတွင် စစ်ကောင်စီတပ်၏ အဆိပ်ငွေ့ဗုံးများကြောင့် KNDF/ PDF အဖွဲ့ဝင်များ အချင်းချင်းပစ်သတ်မှုများ ဖြစ်ပွားနေဟု သတင်းအမှားဖြန့်
ကရင်နီပြည်တွင် စစ်ကောင်စီတပ်၏ အဆိပ်ငွေ့ဗုံးများကြောင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် KNDF နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့ဝင် အများအပြားရုတ်တရက် မလှုပ်ရှားနိုင်တော့ဘဲ စိတ်ဖောက်ပြန်၍ အချင်းချင်းပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း သတင်းအမှားဖြန့်ချိနေပါသည်။ စစ်ကောင်စီအားပေး တယ်လီဂရမ်ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် Mawshan Myay Media ချန်နယ်လ်မှ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး...
TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့တွင် ဆေးဝါးစတင်ပြတ်လပ်မှုရှိလာ
SHAN -
သျှမ်းပြည်မြောက်ပိုင်း TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့တွင် ဆေးဝါးစတင်ပြတ်လပ်မှုကြောင့် ဒေသခံများ စိုးရိမ်နေကြောင်း စုံစမ်း သိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့တွင် ဆေးရုံ ၊ ဆေးခန်း နှင့် ဆေးဆိုင်များတွင် ဆေးဝါးပြတ်လပ်မှု စတင်လာသဖြင့် ရောဂါဝေဒနာ ခံစားနေရသည့် ဒေသခံများ အချို့ စိုးရိမ်နေကြောင်း နမ့်ခမ်းဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ အဆိုပါ...
ရွှေကူမြို့သို့ ဗန်းမော်မြို့ မှထွက်ပြေးလာသည့် စစ်ဘေးရှောင် ၁၀၀ ကျော်ကျန်ရှိနေ
ကချင်ပြည် ဗန်းမော်မြို့မှ တိုက်ပွဲများကြောင့် ရွှေကူမြို့သို့ ထွက်ပြေးတိမ်းရှောင်လာသည် စစ်ဘေးရှောင်များထဲတွင် လက်ရှိတွင် (၁၀၀)ကျော်သည် ကျန်ရှိနေသေး ဒေသခံများက ပြောသည်။ ဗန်းမော်မြို့ ဒေသခံများသည်တွင် စစ်ကောင်စီ နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တို့ တိုက်ပွဲများကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာလ ၄ ရက်မှစ၍ မြို့လုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ထို့ကြောင့်...
အိမ်ပြန်ချင်နေပြီ….
SHAN -
“ကိုယ်နေတဲ့နေရာ…ကိုယ်လုပ်စားနေကြနေရာမှာပဲ အဆင်ပြေတယ်…နယ်မြေ အေးချမ်းတာနဲ့ ပြန်မှာ”လို့ ညောင်ရွှေမြို့နယ် မှာ စစ်ရှောင် အဖြစ် ရောက်နေတဲ့ နန်းဇင်က ပြောပါတယ်။ ညီနောင် မဟာမိတ်သုံးဖွဲ့ နဲ့ စစ်ကောင်စီတပ်တို့ အကြား ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် သျှမ်းမြောက် ကနေ ထွက်ပြေးတိမ်းရှောင်ရတဲ့ သူ အယောက် ၂ သိန်းထဲ...
ညောင်ရွှေရောက် စစ်ဘေးရှောင် (၈၀၀)ကျော် အမိုးအကာ၊စောင် နှင့် အနွေးအထည်များ လိုအပ်
သျှမ်းပြည် ညောင်ရွှေမြို့နယ်သို့ နှစ်လကျော်ကြာရောက်ရှိနေသည့် စစ်ဘေးရှောင် (၈၀၀)ကျော်သည် အမိုးအကာ၊စောင် နှင့် အနွေးအထည်များ လိုအပ် နေကြောင်း စုံစမ်းသိရသည်။ ညောင်ရွှေမြို့နယ် စမ်းရေကြည်၊ ဟဲဆတ်၊ နားမွန် ရွာတို့တွင် နှစ်လကျော်ကြာ ရောက်ရှိနေသည့် စစ်ဘေးရှောင် ၈၀၀ ကျော်သည် လက်ရှိချိန်ထိ အမိုးအကာ၊စောင် နှင့် အနွေးအထည်များ...
ဗန်းမော်မြို့ တိုက်ပွဲပြင်းထန် ပြည်သူများ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်၊ ပိတ်မိနေသူများလည်းရှိ
ကချင်ပြည် ဗန်းမော်မြို့အတွင်း တိုက်ပွဲများပြင်းထန်နေပြီး ပြည်သူများ ထောင်နှင့်ချီ ထွက်ပြေး တိမ်းရှောင် နေကြရကာ မြို့အတွင်း၌ ပိတ်မိသူများလည်းရှိနေကြောင်း စုံစမ်းသိရသည်။ ကချင်ပြည် ဗန်းမော်မြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၄ ရက်နေ့ မှစတင်၍ စစ်ကောင်စီတပ် နဲ့ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်တို့...
ကျောက်ဂူ တိုက်ပွဲ(၁၀) ရက်တာအတွင်း စစ်ကောင်စီတပ်သား (၅၀) ကျော်သေဆုံး DPLF ပြော
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကျောက်ဂူဒေသ တိုက်ပွဲ(၁၀) ရက်တာအတွင်း စစ်ကောင်စီတပ်သား (၅၀ )ကျော်သေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိသည်ဟု DPLF မှ ပြောဆိုသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ (၃၀ ရက်) မှ ဒီဇင်ဘာလ ၉ ရက် အထိ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် စစ်ကောင်စီတပ်တို့...
လားရှိုး-နမ္မတူကြား အီနိုင်းတံတား ပြုပြင်ပြီးသော်လည်း ယာဉ်ကြီးများ ဖြတ်သန်းခွင့်မရသေး
သျှမ်းပြည် လားရှိုးနှင့် နမ္မတူမြို့အကြားရှိ အီနိုင်းတံတားကို ညီနောင်မဟာမိတ်တပ်များက ပြန်လည်ပြုပြင်ပြီးသော်လည်း ယာဉ်ကြီးများ ဖြတ်သန်းခွင့် မရသေးဘဲ ဖောင်ဆိပ်တွင် ဖြတ်သန်းခ ဈေးအဆမတန် ပေးဆောင်နေရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၉ ရက်) နံနက်ပိုင်းမှ စတင်၍ လားရှိုး-နမ္မတူ လမ်းမကြီးပေါ်ရှိ အီနိုင်းတံတားကို ညီနောင်မဟာမိတ်တပ်များက ပြန်လည်ပြုပြင်ပေးပြီးနောက်...
ကျောက်မဲ သျှမ်းနှစ်သစ်ကူးအကြို စစ်ကောင်စီလေကြောင်းဗုံးကြဲ ၁၁ဦး သေဆုံး
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ပေါ် တွင် ပြီးခဲ့သည့် သျှမ်းနှစ်သစ်ကူးအကြိုနေ့တွင် စစ်ကောင်စီမှ လေကြောင်းဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သား ၁၁ဉီး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ နိုဝင် ၃၀ရက် ညနေ ၆နာရီခွဲ သျှမ်းနှစ်သစ်ကူးအကြိုနေ့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ထိန်းချုပ်သည့် ကျောက်မဲမြို့ပေါ်ကို စစ်ကောင်စီလေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၉ဦး...





