ဗန်းမော်စစ်မျက်နှာသို့ မူဆယ်မြို့ဘက်မှ စစ်ကောင်စီတပ်သားများ အင်အားဖြည့်နေ

ကချင်လွတ်လပ်ရေး တပ်မတော်(KIA) ပူးပေါင်းတပ်များ ထိုးစစ်ဆင် တိုက်ခိုက်နေသည့် ဗန်းမော်နှင့် မံစီဒေသ စစ်မျက်နှာသို့ မူဆယ်မြို့ရှိ စစ်ကောင်စီတပ်သားများ အင်အားဖြည့်နေကြောင်း သတင်းရရှိသည်။

အဆိုပါ မူဆယ်မြို့ စစ်ကောင်စီတပ်သားများထဲတွင် တရုတ်ဘက်ပြေးသွားသည့် တပ်များဖြင့် အင်အားဖြည့်တင်း ခုခံနေသည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဒီဇင်ဘာလ ၂၄ ရက်) တွင် ပြောသည်။

ဗန်းမော်မြို့တွင်း တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး ပြီးခဲ့သည့် နိုဝင်ဘာလ ၂၀ ရက်နေ့ အချင်အထူးဒေသ(၁) ကန်ပိုက်တည် ဗျူဟာကို KIA ပူးပေါင်းတပ် သိမ်းပိုက်စဥ်က တရုတ်ဘက် ထွက်ပြေးသွားပြီး မူဆယ်မြို့သို့ ရောက်ရှိနေသည့် စစ်ကောင်စီတပ်များနှင့် တပ်မ(၉၉) လက်အောက်ခံတပ်များ ပူးပေါင်း၍ အင်အား ဖြည့်တင်းနေကြောင်း ဆိုသည်။

“၂၂ ရက်နဲ့ ၂၃ ရက်နေ့က MI-17 နဲ့ ၅ ခေါက်ပို့တယ်။ ရဟတ်ယာဥ် တခေါက်ကို လူ ၇၀ အထိ တင်နိုင်တယ်။ ခဲယမ်းများရင်တော့ လူလျော့မှာပေါ့။ အဓိက မူဆယ်ကို တာဝန်ယူထားတဲ့ တပ်မ (၉၉) လက်အောက်ခံတပ်တွေနဲ့ ကန်ပိုက်တည်ဘက်ကနေ ပြေးလာတဲ့ တပ်တွေ ပြန်စုဖွဲ့ပြီး မူဆယ်ကနေ ဗန်းမော် ပို့တာပါ။ လက်ရှိ မူဆယ်မှာ လားရှိုး ရမခ ကျတုန်းက တပ်ပျက်ထားတဲ့ကောင်တွေ ရောက်နေတယ်လို့လည်း သိရပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

ပြီးခဲ့သည့် နိုဝင်ဘာလက KIA ပူးပေါင်းတပ် ကန်ပိုက်တည်နှင့် ပန်ဝါဒေသ သိမ်းပိုက်စဥ် စစ်ကောင်စီတပ် အင်အား ၃၀၀ ကျော် တရုတ်ဘက် ထွက်ပြေးခဲ့ရာ ယင်းတပ်များအား တရုတ်က မူဆယ် စစ်ကောင်စီသို့ ပို့ဆောင် လွှဲပြောင်းပေးခဲ့သည်။

လက်ရှိ ဗန်းမော် စစ်မျက်နှာတွင် တိုက်ပွဲများ ပြင်းထန်နေပြီး မံစီရှိ တပ်ရင်း ၃ ခုကို KIA ပူးပေါင်းတပ်က တပြိုင်နက် တိုက်ခိုက်နေကြောင်း တိုက်ပွဲ အတွင်း မံစီ ဗျူဟာမှူး ဗိုလ်မှူးကြီး ငြိမ်းချမ်းအောင် သေဆုံးသွားပြီဟု သတင်းများထွက်ပေါ်နေသော်လည်း အတည်မပြုနိုင်သေးကြောင်း နောက်ထပ် စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

“ဗန်းမော် မြို့တွင်းတိုက်ပွဲမှာက နေ့စဥ် အလောင်းလက်နက် ရနေတယ်။ မံစီ ဗျူဟာမှူး ကျတယ်လို့ သတင်းထွက်တယ်။ KIA က ပိတ်ထားတော့ ကုန်းလမ်း ရေလမ်းက စစ်ကူပို့မရဘူး၊ ရဟတ်ယာဥ်နဲ့ ပို့နေတာရှိတယ်။ တိုက်ပွဲကတော့ နေ့တိုင်းပဲ” ဟု ၄င်းကရှင်းပြသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၄ရက်က စတင်ခဲ့သည့် ဗန်းမော်နှင့် မံစီ KIA ပူးပေါင်းတပ် ထိုးစစ် အတွင်း လက်နက်ကြီး ပစ်ခတ်မှုနှင့် စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုများကြောင့် အရပ်သား ပြည်သူ အနည်းဆုံး ၅၀ ကျော် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု လူမှုကူညီရေးအသင်းများက ပြောဆိုထားသည်။

ဗန်းမော်မြို့သည် ကချင်ပြည်နယ်၏ ဒုတိယ မြို့တော်ဖြစ်ပြီး စစ်ကောင်စီတပ် စကခ(၂၁) အပါအဝင် တပ်ရင်းတပ်ဖွဲ့ ပေါင်းစုံ ၁၇ ခုထက်မနည်း တည်ရှိပြီး မံစီမြို့တွင် ခမရ (၃၁၉)၊ ခမရ (၆၀၁) နှင့် အမှတ် (၅၂၃) အမြောက်တပ် တပ်ရင်းဌာနချုပ်တို့ တည်ရှိရာ KIA ပူးပေါင်းတပ်က တပြိုင်နက် တိုက်ခိုက်နေခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...