ရပ်စောက်မြို့နယ်အတွင်း စစ်ကောင်စီနှင့် ဓနုPDF အပြင် သျှမ်းတပ်နှစ်တပ် တိုက်ပွဲအပြိုင်ဖြစ်

သျှမ်းပြည် ရပ်စောက်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ် DPLA တို့ ထိတွေ့တိုက်ပွဲအပြင် သျှမ်းတပ်နှစ်တပ်အချင်းချင်းကြား တိုက်ပွဲအပြိုင်အဆိုင် ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ နောက်ဆုံးပတ်မှ စတင်ပြီး ရပ်စောက်မြို့နယ်အတွင်းရှိ ကျောက်ဂူကျေးရွာဘက်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ် DPLA တို့ တိုက်ပွဲဖြစ်ပွားနေစဉ် သျှမ်းတပ်နှစ်တပ်လည်း အင်တောမြို့အနီး (၃) နေရာတွင် ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အင်တောမြို့အနီး တောင်ထိပ်ရွာ၊ စံပယ်ကုန်းနှင့် ဇော်ဂျီဆည်အထွက် ပါမဲလုံရွာတို့တွင် SSPP နှင့် RCSS တပ်ဖွဲ့တို့ ၂၀၂၄ ဒီဇင်ဘာလ ၂၇ ရက်နှင့် ၂၈ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဘက်တပ်ဖွဲ့ ထိခိုက်မှုများကြောင်း အင်တောဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။

“လက်နက်ကြီးသံကြားတယ်၊ အင်တောဘက် ရွာနဲ့နီးနီးလေးပဲ။ အစိမ်း (SSPP) တပ်ပေါင်းစုနဲ့ အကြား (RCSS)နဲ့ ဖြစ်တာ။ ကြားတာတော့ လက်နက်ကြီး သုံးကြတာ တိုက်ပွဲပြင်းတယ်၊ တစ်နေရာတည်း မဟုတ်ဘူး သုံးနေရာတောင်မှ ဖြစ်တာ။ အစိမ်းဘက်က ထိခိုက်ဒဏ်ရာရတာ များတယ်၊ အကြားဘက်ကတော့ တောနင်းပြီး စခန်းပြောင်းသွားလို့ ထိခိုက်တာ မသိဘူး”ဟု အင်တောမြို့ဒေသခံ ၎င်းအမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရပ်စောက်မြို့နယ်အတွင်း သျှမ်းတပ်နှစ်တပ် တိုက်ပွဲများနှင့် ပတ်သက်၍ နှစ်ဘက်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားခြင်း မရှိဘဲ နှစ်ဘက်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူများထံ မေးမြန်းနိုင်ရန် သျှမ်းသံတော်ဆင့်မှ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

DPLA

လက်ရှိတွင် နောင်ချိုမြို့နယ် တောင်းခမ်းဒေသသို့ စစ်ကောင်စီတပ်က စစ်ကူပို့နေသည့် တစ်ခုတည်းသော လမ်းကြောင်းမှာ ရပ်စောက်-အင်တော-ကျောက်ဂူ-နောင်ချို လမ်းပိုင်းဖြစ်ပြီး ဓနုပြည်သူ့လွတ်မြောက်ရေးတပ် DPLA က ကြားဖြတ်တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားလျက်ရှိသည်။

“ရပ်စောက်ကတော့ အရင်ဆုံး မဟုတ်ရင်တောင် နောက်ဆုံးမှာ တိုက်မယ်လို့ အဲ့လိုသတင်းထွက်နေတယ်။ ကျောက်ဂူ၊ အင်တော ကျော်လာရင် ဗထူးတပ်မြို့ရောက်ပြီ။ မြို့ထဲဘက် တိုက်ပွဲဖြစ်လာရင် လေယာဉ်နဲ့ ဗုံးကြဲခံရမှာ အကြောက်ဆုံးပဲ။ ကျောက်ဂူမှာ စကစနဲ့ ဓနု PDF တိုက်ပွဲဖြစ်ပြီး သျှမ်းတပ်နှစ်တပ် တိုက်ပွဲဖြစ်တာပဲ”ဟု အသက် (၄၀) ကျော်အရွယ် အင်တောဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

အင်းတောမြို့

ယမန်နှစ် ဒီဇင်ဘာလ ၁၈ ရက်က ရပ်စောက်မြို့နယ် ကျောက်ဂူကျေးရွာအခြေစိုက် စစ်ကောင်စီ အမြောက်တပ်-(၃၄၉) အနီး ဓနုပြည်သူ့လွတ်မြောက်ရေးတပ် DPLA နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထမင်းပေါင်းရွာမှ အရပ်သား(၁) ဦး ထိခိုက်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရပ်စောက်မြို့နယ်သည် သျှမ်းပြည်မြောက်ပိုင်းနှင့် တောင်ပိုင်းအကြား ချိတ်ဆက်ထားသည့် အချက်အချာ နေရာတွင် တည်ရှိပြီး စစ်ကောင်စီတပ်၏ ဗိုလ်သင်တန်း လေ့ကျင့်ရေးကျောင်းများနှင့် ခြေလျင် တိုက်ခိုက်ရေးတပ်များ အခြေစိုက်သည့် ဗထူးတပ်မြို့လည်း တည်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...