နောင်ချို တိုက်ပွဲငြိမ်သက်နေသော်လည်း စစ်ကောင်စီတပ် လက်နက်ကြီး တစ်ဖက်သက်ပစ်ခတ်

သျှမ်းပြည် နောင်ချိုမြို့နယ် တောင်းခမ်းဒေသရှိ စစ်ကောင်စီတပ်စခန်းများကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့သည့် ဇွန်လတွင် စတင်တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာလအထိ ၆ လကျော်ကြာ ထိတွေ့တိုက်ပွဲ ပစ်ခတ်မှုရှိခဲ့သည်ဟု သိရသည်။

နောင်ချိုမြို့နယ်အတွင်း အဆိုပါ တိုက်ပွဲသည် လက်ရှိအချိန်ထိ ၂ ပတ်တာခန့် ငြိမ်သက်ခဲ့သော်လည်း ဘန့်ဘွေးကျေးရွာအခြေစိုက် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် တစ်ဖက်သက် ပစ်ခတ်မှုများ ပြုလုပ်နေခြင်းကြောင်း ပြည်သူနေအိမ်များ ထပ်မံပျက်စီးနေကြောင်း နောင်ချိုဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တိုက်ပွဲက ဩဂုတ်လကတည်းက ဖြစ်တာ၊ ခုဆို ၆ လကျော်နီးပါးလောက် ရှိနေပြီ။ ခုက တိုက်ပွဲငြိမ်သွားတာ ၂ ပတ်လောက်ရှိပြီ၊ စစ်တပ်ဘက်ကပဲ လက်နက်ကြီးနဲ့ ပစ်နေတာ နေ့တိုင်းလိုလိုပဲ။ ဘန့်ဘွေးရွာကနေ ၂၅ ရက်ကနေ ၃၁ ရက်နေ့ထိ လက်နက်ကြီးနဲ့ ပစ်တယ်။ ဆမ္မဆယ်က နေအိမ်တွေလည်း ထပ်ပြီးထိခိုက် ပျက်စီးကုန်တယ်”ဟု ၎င်းဒေသခံ အမျိုးသားက ပြောသည်။

နောင်ချိုမြို့နှင့် အနီးတဝိုက်ရှိ ဒေသခံအများစုသည် အင်းဝိုင်းကျေးရွာရှိ ဆင်းရွှေလီ သကြားစက်ရုံ အနီးတဝိုက်တွင် သွားရောက်နေထိုင်ပြီး စစ်ဘေးရှောင်ဦးရေ (၆၀၀)ကျော် ရှိနေကြောင်း စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ အင်းဝိုင်းသကြားစက်ရုံ အဆောက်အအုံများကို ပြန်လည်ပြုပြင်၍ ကြံများကို ဇန်နဝါရီလ ပထမပတ်တွင် စတင်ခုတ်ယူပြီး သကြားစက်ရုံကို လာမည့် ဇန်နဝါရီလ ၆ ရက်နေ့တွင် ပြန်လည် ဖွင့်ပေးတော့မည်ဟု ၎င်းက ဆက်ပြောသည်။

“ခပ်များများက ဒီသကြားစက်ရုံဘက်ကို ရှောင်နေတဲ့သူ များတယ်၊ လူဦး‌ရေက (၆၀၀) ကျော်တယ်။ စက်ရုံလည်း ပြုပြင်ပြီးပြီ၊ ပြီးခဲ့တဲ့ ၃ ရက် ၄ ရက်ကတည်းက ကြံပင်တွေ ခုတ်ပြီး ပို့နေကြတယ်။ လာမယ့် ၆ ရက်နေ့ဆို စက်ရုံ ပြန်လည်ပတ်တော့မယ် ပြောတယ်။ ပိုင်ရှင်တော့ တရုတ်လူမျိုး ဖြစ်တယ်”ဟု ၎င်းစစ်ဘေးရှောင် အမျိုးသမီးက ပြောသည်။

ထို့ပြင် စစ်ဘေးရှောင်များသည် ရောက်ရှိရာကျေးရွာတွင် စားဝတ်နေရေးအတွက် ခေါက်ဆွဲဆိုင်၊ မုန့်ဆိုင်နှင့် ကုန်စုံဆိုင် အသေးများဖွင့်ပြီး ရုန်းကန်ရှာဖွေနေရသည်ဟု ၎င်းစစ်ဘေးရှောင် အမျိုးသမီးက ဆိုသည်။

ယမန်နှစ် နိုဝင်ဘာလ ၁၈ ရက်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်အတွင်း အင်းဝိုင်းကျေးရွာရှိ ဆင်းရွှေလီ သကြားစက်ကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စက်ရုံ အဆောက်အဦ ထိခိုက်ပျက်စီးပြီး ကျေးရွာရှိ စစ်ရှောင် (၁၀၀၀) နီးပါး ဘေးလွတ်ရာသို့ ထပ်မံထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...