လက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေအတွင်း စက်သုံးဆီရောင်းချသူ ၁၇ ဦး ဖမ်းဆီးခံရ

စက်သုံးဆီများ ဖြတ်တောက်ထားသည် သျှမ်းပြည် မြောက်ပိုင်း၊ ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းအတွင်း စက်သုံးဆီရောင်းချသူ ၁၇ ဦးကို စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း သိရသည်။

စက်သုံးဆီရောင်းချသူများသည် စက်သုံးဆီကို ကျေးရွာများတွင် သိုလှောင်ထားပြီး တအာင်း (ပလောင်) တပ် TNLA၊ ကချင်လွတ်လပ်ရေးတပ် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ ထိန်းချုပ်ထားဒေသများသို့ ပို့ဆောင်နေကြောင်း သတင်းပေးပို့မှုရရှိသဖြင့် ယခုကဲ့သို့ဖမ်းဆီးရမိကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာတွင် ဇန်နဝါရီလ ၂ ရက်က ထုတ်ပြန်သည်။

လက်နက်ကိုင်ထိန်းချုပ်သည့်ဒေသ တင်ပို့သည့် စက်သုံးဆီသမား ဖမ်းဆီးခံရ

ထိုစက်သုံးဆီများကို KIA ထိန်းချုပ်ထားသည့် ဖားကန့်က ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ၊ တနိုင်းဒေသရှိ ရွှေနှင့်ပယင်းမှော်လုပ်ငန်းများနှင့် PDF ထိန်းချုပ်ထားသည့် ကောလင်းက တရားမဝင်ရွှေလုပ်ကွက်များနှင့် ချင်းတွင်း မြစ်ကြောင်းတစ်လျှောက်ရှိ တရားမဝင်ရွှေလုပ်ကွက်များသို့ ပို့ဆောင်ရောင်းချကြောင်း ဆိုသည်။

ထို့ပြင် TNLA ထိန်းချုပ်ထားသည့် စဉ့်ကူးမြို့နယ် သပိတ်ကျင်းက တရားမဝင် ရွှေလုပ်ကွက်များနှင့် မိုးကုတ်က တရားမဝင်ကျောက်မျက်တူးဖော်ရေး လုပ်ကွက်များသို့ ပို့ဆောင်ရောင်းချကြောင်းလည်း စစ်ကောင်စီက ထုတ်ပြန်သည်။

လက်နက်ကိုင်ထိန်းချုပ်သည့်ဒေသ တင်ပို့သည့် စက်သုံးဆီသမား ဖမ်းဆီးခံရ

စက်သုံးဆီများကို စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ညောင်ပင်ဇင်ကျေးရွာ ကံတလူ ပူးပေါင်းစစ်ဆေးရေးဂိတ်အနီး သိုလှောင်ထားသော ၅ နေရာမှ ၂၂ ဘီး ဆီသယ်ယာဉ် ၄ စီး၊ ဆီနောက်တွဲယာဉ် ၁ စီး၊ ၂၀ ဘီး ဆီသယ်ယာဉ် ၃ စီး၊ ၁၂ ဘီး ဆီသယ်ယာဉ် ၁ စီး၊ ၁၀ ဘီး ဆီသယ်ယာဉ် ၃ စီး စသဖြင့် စုစုပေါင်း ယာဉ် ၂၂ စီးကို ဒီဇင်ဘာလ ၂၇ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

လက်နက်ကိုင်ထိန်းချုပ်သည့်ဒေသ တင်ပို့သည့် စက်သုံးဆီသမား ဖမ်းဆီးခံရ

ထိုသို့ တရားမဝင်စက်သုံးဆီများ သိုလှောင်ရောင်းချမှု ပြုလုပ်ခဲ့သည့် တရားခံ ၁၇ ဦးကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ ဖြင့် ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဟု စစ်ကောင်စီက ထုတ်ပြန်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”

0
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

လွယ်ဂျယ်စစ်ရှောင်စခန်းများတွင် KIA တပ်သားစုဆောင်းရေး ရက်ခြားစောင့်ဖမ်းခြင်းကြောင့် စစ်ရှောင်ဝမ်းရေးအခက်ကြုံ

0
ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများထဲသို့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ဘက်မှ တပ်သားစုဆောင်းနေသဖြင့် စစ်ဘေးရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...