လွိုင်ကော်မြို့ တွင်း စစ်ကောင်စီမှ စစ်မှုထမ်းရန် သက်ကြီးပိုင်းကိုပါ အတင်းအဓမ္မခေါ်ဆောင်

ကရင်နီ (ကယားပြည်) လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်သည် စစ်မှုထမ်းရန်အတွက် သက်ကြီးပိုင်းများကိုပါ အိမ်တွင်းထိ ဝင်ရောက်ဖမ်းစီးသွားကြောင်း စုံစမ်းသိရသည်။

(ဒီဇင်ဘာလ ပထမပတ်)တွင်စတင်ပြီး ယနေ့ (ဒီဇင်ဘာလ ၂၃ ရက်)နေ့အထိ စစ်မှုထမ်းရန်အတွက် စစ်ကောင်စီတပ်သည် ဖမ်းဆီးမှုများ ပိုမိုတင်းကြပ်လာပြီး စစ်မှုမထမ်းလိုသူများကို ၎င်းနေအိမ်ပိုင် ပစ္စည်များ သိမ်းယူသွားမည်ဟု လာရောက်ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတပ်နှင့် နီးစပ်သည့် ရပ်ကွက်ကိုသာ အားထားပြီး ဖမ်းဆီးနေကြောင်း၊ စစ်မှုမထမ်းလိုသူများကို အိမ်တွင်းထိဝင်ရောက် ဖမ်းဆီးသွားကြောင့် ၎င်းက ဆက်ပြောသည်။

“ဖမ်းတာတော့ တော်တော်တော့ ကြာနေပါပြီ ဒီလက တော်တော်ဆိုးလာတယ်။ အိမ်ထဲထိ ဝင်ခေါ်သွားတယ်။ ဘာလိုဆို လက်ရှိလွိုင်ကော်မှာ ပြည်သူတွေ တော်တော်များများပြန်ရောက်ကုန်ပြီ အခွင့်ကောင်းယူပြီး သက်ကြီးရွယ်အိုကိုပါ ခေါ်သွားတယ်။ ဖမ်းတာက သူတို့တပ်နဲ့ နီးစပ်တဲ့သူကို ဦးစားပေးပြီးဖမ်းတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိ လွိုင်ကော်မြို့အနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူစစ် (PNO) တပ်ဖွဲ့တို့သည် လွိုင်ကော်မြို့ကို ပြန်လည် ထိန်းချုပ်နိုင်ရန် နေ့စဉ် စစ်အင်အား ဖြည့်တင်းလာကြောင်း သိရသည်။

လွိုင်ကော် တော်လှန်ရေးတပ်ထဲတွင် စစ်မှုထမ်းစာရင်းထဲပါသူကို ခဏအတွင်းလာရောက်ခိုလှုံချင်သူ၊ စစ်ရှောင်အနေဖြင့် လာရောက် ဝင်လာနိုင်သူနှင့် တော်လှန်ရေးတပ်ထဲကို အလင်းဝင်လာချင်သူကိုလည်း ၎င်းတော်လှန်ရေးတပ်ဘက်က အမြဲကြိုဆိုမည်ကြောင်း လွိုင်ကော်မြို့ရှိ တော်လှန်ရေးတပ်ဖွဲ့တစ်ဦးက ပြောသည်။

“ဖြေရှင်းဖို့ဆိုတာမျိုးထက် ဘယ်လိုနေရာမှာနေရင် ဘာဖြစ်နိုင်တယ်ဆိုတာ ကိုယ်ပိုင်အသိသတိနဲ့ ပြင်ဆင်ထားစေချင်တယ်။ ကျနော်တို့အနေနဲ့ကတော့ ကျနော်တို့ စိုးမိုးနယ်မြေတွေမှာ လာရောက်ခိုလှုံဖို့ အမြဲကြိုဆိုပါတယ်။ ဘယ်လိုနေရာနေရင် ဆွဲခံရတာလည်းဆိုတာ ဖုန်းလည်းလူတိုင်းရှိတော့ နည်းလမ်းမျိုးစုံနဲ့ ဖောက်ထွက်ခဲ့ပါ၊ ကျနော်တို့အနေနဲ့ အကောင်းဆုံအနေနဲ့ ဝိုင်းရံပေးဖို့ရှိတယ်”ဟု ၎င်းက ပြောသည်။

ထို့အပြင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သန်ခေါင်းစာရင်းကို ပုံမှန်ပြန်လည် စာရင်းကောက်နေကြောင်း မြို့ထဲ ပြန်လာမည့်ဒေသခံ အချို့သည် ပြန်မလာနိုင်တော့ဘဲ တောထဲတွင်သာ ဆက်နေနေရကြောင်း စစ်ရှောင်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“ကိုယ်နေတဲ့ဒေသဆိုတော့ ပြန်လာချင်တာပေါ့။ ပြန်ဖို့လည်း စီစဉ်ထားတယ်။ အခုက စစ်မှုထမ်းဖို့ အတင်ခေါ်ဆောင်သွားတာတဲ့ ပြီးတော့ သန်းခေါင်စာရင်းကိုလည်း ပြန်ကောက်နေတော့ စစ်တပ်က သိမှာပဲ။ ဒီအိမ်က လူဘယ်နှယောက်ပြန်လာပြီလည်းဆိုတာ သူတို့ လာဖမ်းမှာပဲ”ဟု ၎င်းက ပြောသည်။

လက်ရှိ လွိုင်ကော်နှင့် မိုးဗြဲမြို့ကို ပြည်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီမှ စစ်အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေပြီး စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုံများနှင့် တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း သိရသည်။

ပြီးခဲ့သည့် (ဒီဇင်ဘာလ ၁၈ ရက်)နေ့တွင် လွိုင်ကော်မြို့နှင့် ၈ မိုင်ခန့်အကွာ လွိုင်ကော်-ဆီဆိုင် ကားလမ်းဘေးရှိ အောင်သပြေဂူ ကုန်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ကရင်နီပူးပေါင်းတပ်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ၌ စစ်ကောင်စီဘက်မှဗိုလ် (၁)ဦး၊ တပ်ကြပ် (၁)ဦး အပါအဝင် တပ်သားအဆင့် (၉)ဦး သေဆုံးခဲ့ပြီး စစ်သုံ့ပန်း (၄)ဦးဖမ်းမိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကထုတ်ပြန်ထားသည်။

လက်ရှိ လွိုင်ကော်နှင့် မိုးဗြဲမြို့ကို ပြည်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီမှ စစ်အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေပြီး စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုံများနှင့် တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း သိရသည်။

ပြီးခဲ့သည့် (ဒီဇင်ဘာလ ၁၈ ရက်)နေ့တွင် လွိုင်ကော်မြို့နှင့် ၈ မိုင်ခန့်အကွာ လွိုင်ကော်-ဆီဆိုင် ကားလမ်းဘေးရှိ အောင်သပြေဂူ ကုန်ပေါ်တွင် တပ်စွဲဖားသည့် စစ်ကောင်စီတပ်စခန်းကို ကရင်နီပူးပေါင်းတပ်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ၌ စစ်ကောင်စီဘက်မှဗိုလ် (၁)ဦး၊ တပ်ကြပ် (၁)ဦး အပါအဝင် တပ်သားအဆင့် (၉)ဦး သေဆုံးခဲ့ပြီး စစ်သုံ့ပန်း (၄)ဦးဖမ်းမိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကထုတ်ပြန်ထားသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

စစ်မှုထမ်းဥပဒေ ကြောင့် နမ့်စန်မြို့နယ် ဒေသခံများ အုပ်ချုပ်ရေးမှူး တာဝန်မထမ်းလို

0
စစ်ကော်မရှင်၏ စစ်မှုထမ်းဥပဒေနှင့် ဆပ်စပ်သည့် ဖိအားကြောင့် နမ့်စန်မြို့နယ်ဒေသခံများ အုပ်ချုပ်ရေးမှူး တာဝန်ယူမထမ်းလိုကြကြောင်း စုံစမ်းသိရသည်။ နမ့်စန်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးများသည် စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး ဒေသခံများကို အသိပေးခြင်း၊ စာရင်းကောက်ယူခြင်း၊ စစ်မှုထမ်းခေါ်ယူမှုတွင်လည်း လိုက်ပါကောက်ခံ ဆောင်ရွက်ရသည်။ ထို စစ်မှုထမ်းကိစ္စကြောင့် ဒေသခံများ၏ မကျေနပ်မှုကို ကြုံတွေ့ရသည့်အပြင်၊ လုံခြုံရေးအန္တရာယ်ကို ခြိမ်းခြောက်ခံလာရသည့်အတွက် စိုးရိမ်နေရကြောင်း...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...