ဗန်းမော်မြို့ တိုက်ပွဲပြင်းထန်နေပြီး မြို့အကြီးအကျယ် ပျက်စီး

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ကချင်လွတ်လပ်ရေး တပ်မတော်(KIA) ပူးပေါင်းတပ်များ ထိုးစစ်အရှိန် မြှင့်တင် တိုက်ခိုက်နေ၍ ယနေ့ တိုက်ပွဲ ပြင်းထန်နေပြီး နေရာတချို့ မီးလောင်နေကာ မြို့အကြီးအကျယ် ပျက်စီးနေပြီဟု သတင်းရင်းမြစ်က ယနေ့ (ဇန်နဝါရီလ ၆ ရက်) ညနေပိုင်းတွင် ပြောသည်။

ယနေ့ နနံနက်အစောပိုင်းကစ၍ ဗန်းမော်မြို့တွင်း တိုက်ပွဲများ ပြင်းထန်နေလာရာ စစ်ကောင်စီဘက်က လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းမှ အကြိမ်ကြိမ် တိုက်ခိုက်နေသည့် နည်းတူ KIA ပူးပေါင်းတပ်များကလည်း လက်နက်ကြီးနှင့် ဒရုန်း အများအပြား အသုံးပြု ထိုးစစ်ဆင် တိုက်ခိုက်နေသဖြင့် ယခု ညနေပိုင်း အထိ တိုက်ပွဲများ ပြင်းထန်နေပြီး မြို့နေရာအချို့ မီးလောင်နေသည်ဟု ၎င်းကဆိုသည်။

“နှစ်ဖက်စလုံးက လက်နက်ကြီးနဲ့ ဒရုန်းတွေ တအားသုံးတယ်။ စစ်တပ်က လေယာဥ◌် တောက်လျှောက်လာပစ်တယ်။ KIA က မြို့ကို ထိမ်းချုပ်ထားတယ်လို့ ပြောလို့ရတယ်။ တမြို့လုံး သူတို့ကြီးပဲ။ မိုးလေဝသလမ်း မီးလောင်သွားတယ်။ အိမ်များတယ်” ဟု ၎င်းကရှင်းပြသည်။

လက်ရှိ KIA ပူးပေါင်းတပ်က ဗန်းမော် နည်းပညာတက္ကသိုလ်၊ ဆေးရုံ၊ ထွေအုပ်၊ ရဲစခန်း စသည့် အရေးကြီးနေရာများကို သိမ်းပိုက်ထားပြီး လက်ရှိ မြို့တောင်ဘက်ရှိ စစ်ကောင်စီ ခလရ (၄၇) နှင့် စကခ (၂၁) ကို အနီးကပ် ပိတ်ဆို့ တိုက်ခိုက်နေရာ နှစ်ဖက် ထိခိုက်ကျဆုံးမှုများရှိကြောင်း တခြား စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

“မြို့ကတော့ အရင်နေ့တွေကတည်းက တော်တော်ပျက်စီးနေတာ။ ဒီနေ့ လေယာဥ◌် ဗုံးကြဲတာက မြို့ထဲဖက်များတော့ ပိုဆိုးတာပေါ့။ အခု စစ်တပ်တွေကို ပိတ်ပြီးတိုက်နေတယ်။ အလောင်းလက်နက် ရတာလည်းရှိတယ်။ ကိုယ့်ဖက်က ကျတာလည်းရှိတယ်။ အတိအကျတော့ ပြောလို့မရဘူး။ မကြာခင်ရမည်လို့ မျှော်လင့်ထားတယ်” ဟု ၎င်းကရှင်းပြသည်။

လက်ရှိ KIA ပူးပေါင်းတပ်က ဗန်းမော်မြို့ဝန်းကျင် ကုန်းလမ်းနှင့် ရေလမ်း ဖြတ်တောက် တိုက်ခိုက်နေပြီး ကြေးမတတ်နိုင်မှုနှင့် အခြားအကြောင်းများကြောင့် မြို့တွင်း ထောင်နှင့်ချီသည့် ပြည်သူများ ပိတ်မိနေဆဲဖြစ်ရာ ရသည့်နည်းလမ်းဖြင့် မြို့မှထွက်ခွာစေလိုပြီး တိုက်ပွဲကင်းလွတ်သည့် မြို့ပြင်နေရာ တချို့တွင် စောင့်ဆိုင်းနေသည့် လူမှုကူညီရေးအသင်းများနှင့် ဆက်သွယ်စေလိုကြောင်း ကူညီနေသူ တစ်ဉီးက ပြောသည်။

ယမန်နေ့ လူမှုကွန်ရက်တွင် ပြန့်နှံ့နေသည့် ရုပ်သံ တခုတွင် ဗန်းမော်မြို့ ကန်တော်စေ◌ျးဘက် စေ◌ျးဆိုင်များ ဖွင့်လှစ်ထားပြီး KIA ပူးပေါင်းတပ်ဖွဲ့ဝင်များ ခေါက်ဆွဲ ဝယ်ယူစားသောက်နေသည်ကို တွေ့ရသော်လည်း ယနေ့တွင်မူ မြို့ပျက်စီး မီးလောင်နေသည့် ရုပ်သံတချို့ကိုသာ တွေ့ရသည်။

ဗန်းမော်မြို့နည်းတူ မံစီမြို့တွင်လည်း ယနေ့ နံနက်ပိုင်းမှစ၍ တိုက်ပွဲများ ပြန်လည် ပြင်းထန်နေသော်လည်း အခြေအနေ မသိရှိရသေးဟု စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၄ရက်က စတင်ခဲ့သည့် ထိုးစစ် အတွင်း KIA ဦးဆောင်သည့် တော်လှန်ရေးတပ်များက ဗန်းမော်မြို့ စကခ(၂၁) နှင့် ခလရ (၄၇)၊ မံစီမြို့ရှိ ခမရ (၃၁၉)၊ ခမရ (၆၀၁) နှင့် အမှတ် (၅၂၃) အမြောက်တပ် တပ်ရင်းဌာနချုပ် တို့ကို တပြိုင်နက် ပိတ်ဆို့ တိုက်ခိုက်နေခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”

0
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

လွယ်ဂျယ်စစ်ရှောင်စခန်းများတွင် KIA တပ်သားစုဆောင်းရေး ရက်ခြားစောင့်ဖမ်းခြင်းကြောင့် စစ်ရှောင်ဝမ်းရေးအခက်ကြုံ

0
ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများထဲသို့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ဘက်မှ တပ်သားစုဆောင်းနေသဖြင့် စစ်ဘေးရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...