တောင်ကြီးတွင် အိမ်ငှားခ ဈေးအဆမတန် မြင့်တက်နေ

သျှမ်းပြည်တောင်ပိုင်း၊တောင်ကြီးမြို့တွင် အိမ်ငှားခ ဈေးအဆမတန် မြင့်တက်နေကြောင်း အိမ်ငှားနေသူများထံမှ သိရှိရသည်။

ယခင် (၂၀၂၃) ခုနှစ်တွင် တစ်ထပ်အိမ် တစ်လုံးကိုကျပ်( ၂ သိန်းခွဲ) သာရှိပြီး ယခုကာလတွင် ကျပ်(၆သိန်း) အထိ ဈေးမြင့်တက်လာကာ အလုပ်ကိုင် ဝင်ငွေ အဆင်ပြေမှ သာ ရေရှည်ရပ်တည် နိုင်မည်ဖြစ်ကြောင်း အိမ်ငှားများကပြောသည်။

ထို့အပြင် ယခုကဲ့သို့ အိမ်ငှားခ ဈေးမြင့်တက်နေရခြင်းသည် လားရှိုးဘက်မှ လာသည့်စစ်ရှောင်များက ငွေများများဖြင့် ငှားရမ်းနိုင်သောကြောင့် အိမ်ရှင်များမှ ဈေးတင်လိုက်သည်ဟု အိမ်ငှားဝန်ဆောင်မှု လုပ်ကိုင်သည့် မငယ်က ပြောသည်။

“လွိုင်ကော်တို့ ဖယ်ခုံတို့စစ်ရှောင်လာတုန်းက သိပ်ပြီး ဈေးမတက်သေးဘူး။ ကျပ်(၂သိန်းခွဲ)ပဲ ရှိသေးတာ။ သျှမ်းမြောက် လားရှိုးဘက် စစ်ရှောင်တွေရောက်လာတော့ ဈေးတွေ တက်သွားတာ။ သူတို့က ပေးနိုင်တယ်လေ။ အဲတော့ အိမ်ရှင်တွေလည်း ဟိုအိမ်က ကျပ်(၁၀ သိန်း) ရတယ်။ ဒီအိမ်က ဘယ်လောက်ရ တယ်နဲ့ အိမ်ရှင်တွေက ဈေးလိုက်မြင့်လိုက်တာ။”ဟု အိမ်ငှားဝန်ဆောင်မှုလုပ်ကိုင်နေသည့် မငယ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

တောင်ကြီး အိမ်ငှားခ

ထိုကဲ့သို့ ဈေးတင်လိုက်ခြင်းကြောင့် တစ်ထပ်အိမ် ရိုးရိုးတစ်လုံးလျှင် ကျပ်(၆သိန်း) ၊ နှစ်ထပ်အိမ် ရေပူ၊ရေအေး ရသည့် အိမ်တွင် ကျပ်(၈သိန်း) အထိ ဈေးရှိနေပြီး အဆောင် အခန်းတစ်ခန်းလျှင့် ကျပ်( ၁သိန်းခွဲ)အထိ ငှားပေးနေကြောင်း ၎င်းက ထပ်လောင်း ပြောသည်။

အိမ်ငှားခ ဈေးအဆမတန် မြင့်တက်လာခြင်းကြောင့် ငွေကြေးခက်ခဲသည့် စစ်ရှောင်များအနေဖြင့် ဝင်ငွေတိုးလာဖြင်းမရှိဘဲ အိမ်ငှားခသာ တိုးလာကြောင်း စစ်ရှောင် အမျိုးသားတစ်ဦးက ပြောသည်။

တောင်ကြီး အိမ်ငှားခ

“ဒီမှာ စစ်ရှောင်လာတာ ၃နှစ်ရှိတော့မယ်။ ဒီတစ်ခါ အိမ်လခ အမြင့်ဆုံးပဲ။ ဝင်ငွေနဲ့ ထွက်ငွေနဲ့က မမျှဘူး။ ဒီလိုသာ ဆက်ပြီး ဈေးတက်နေမယ်ဆိုရင် အိမ်လည်း မငှားနိုင်လောက်တော့ဘူး။ ကိုယ်ရတဲ့ ဝင်ငွေက စားဖို့တောင်အနိုင်နိုင်နဲ့။ ဝင်ငွေက တိုးမလာဘူး။ အိမ်ငှားခတွေပဲ တိုးလာတာ။”ဟု ဖယ်ခုံမှ စစ်ရှောင်လာသည့် အမျိုးသား တစ်ဦးက ပြောသည်။

ယခုကဲ့သို့ အိမ်ငှားခကို ဈေးအဆမတန် တက်နေမည့်အစား အိမ်ရှင်နှင့် အိမ်ငှား ဈေးညှိနိူင်းသင့်ကြောင်းနှင့် ယခုလိုကာလများတွင် စစ်ရှောင်များကို ကူညီပေးစေလိုကြောင်း အဆိုပါ စစ်ရှောင်အမျိုးသားက အိမ်ရှင်များကို အကြံပြုပြောကြားထားသည်။

ယခုလက်ရှိ တောင်ကြီးမြို့တွင် လူဦးရေများပြားလာပြီး ကုန်ဈေးနူန်းအဆမတန် မြင့်တက်နေကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...