နောင်ချိုမြို့တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ရှောင်နေရသည့် ဒေသခံ အများစုသည် စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေရသည်ဟု စုံစမ်းသိရသည်။

ပြီးခဲ့သည့် (ဩဂုတ်လ ပထမ)ပတ်မှ စတင်၍ ယနေ့ (ဒီဇင်ဘာလ ၂၀ ရက်)အထိ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်သည် မြေပြင်ထိုးစစ် စတင်သဖြင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲများ ယနေ့ထိ ဆက်လက်ပြင်းထန်နေကြောင်း သိရသည်။

နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာ၊ အုမ္မသီး အုမ္မခါး လမ်းခွဲနှင့် ဂန့်ကော်ကျေးရွာဘက်တွင် ပြီးခဲ့သည့် ဩဂုတ်လတွင် တိုက်ပွဲများ စတင်ဖြစ်ပွားလာခဲ့သည်မှာ ယနေ့ အထိ ၄ လနီးပါးကြာသည့်အထိ စစ်ကောင်စီနှင့် TNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု နောင်ချိုဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လက်နက်ကြီးသံတွေ နေ့တိုင်းကြားရတယ်။ တိုက်ပွဲတွေတော့ ဆက်လက်ပြင်းထန်နေတုန်းပဲ။ တောင်းခမ်း၊ အုမ္မတီး၊ အုမ္မခါး ဘက်ရော ဂန့်ကော်ကျေးရွာဘက်မှာလည်း ပစ်နေကြတုန်း။ အခုတော့ ဘယ်သူမှ မနေရဲကြတော့ဘူး ။ထွက်ပြေးကုန်ပြီ ။ တိုက်ပွဲက ၄ လနီးပါးလောက်ရှိနေပြီ၊ ပြန်နေဖို့လည်း နားစွင့်နေရတယ်၊ ခုထိ တိုက်ပွဲ မရပ်သေးဘူး”ဟု ၎င်းက ပြောသည်။

နောင်ချို ဗုံးကြဲခံရ

ထို့အပြင် နောင်ချိုမြို့တွင် နေ့စဉ် လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်ခြင်ကြောင့် နေအိမ် အဆောက်အအုံနှင့် စစ်ရှောင်ဒေသခံများလည်း ထိခိုက်ဒဏ်ရာ ရရှိသူ များပြားလာသည်ဟု သိရသည်။

စစ်ကောင်စီ၏ လက်နက် ပစ်ခတ်မှုကြောင်း ပြောင်းခြံနှင့် လယ်ယာခြံများသို့ မည်သူမှ မသွားရကြောင်း၊ လက်ရှိတွင် စစ်ရှောင်ပြည်သူများသည် ‌ဆေးဝါးများနှင့် စာဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ ပိုမို စိုးရိမ်နေရကြောင်း စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

“စစ်တပ်က နေ့တိုင်း လက်နက်ကြီးနဲ့ ပစ်တော့ ဘယ်မှ မသွားရဲကြဘူး။ ဘာလိုဆို ခြံတွေ လယ်တွေက တိုက်ပွဲကြားမှာရှိတော့ ဒီတိုင်းပစ်ထားရတယ်။ အခုပါလာတဲ့ ဆန်တွေက မလောက်တော့ဘူး။ သူများဆီပဲ ကပ်စားနေလို့ ကြာရှည် အဆင်မပြေတော့ဘူး။ ဆေးဝါးတွေက အစ နေမကောင်းဖြစ်ရင် ထိုင်ကြည့်နေရုံပဲ”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည် (နိုဝင်ဘာလ ၂၅ ရက်)နေ့တွင် TNLA ဘက်က အပစ်ရပ်တန့်ဖို့ အသင့်ရှိနေကြောင်းကို ထုတ်ပြန်ခဲ့သော်လည်း စစ်ကောင်စီတပ်မှ စစ်အင်အားဖြည့်တင်းကာ ထိုးစစ်ဆင်နေကြောင်း သပိတ်ကျင်းမြို့နှင့် နောင်ချို့မြို့တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေသည်ဟု သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...