PNO မှ စစ်အင်အားထောင်ချီ ရုပ်ထွက်ပြပြီးနောက် ပြည်သူများထံ အခွန်ကောက်ခံမှုများလာ

သျှမ်းပြည် တောင်ပိုင်း ပအိုဝ်းပြည်သူ့စစ် PNO သည် စစ်အင်အားထောင်ချီ ရုပ်ထွက်ပြပြီးနောက် အခွန်ကောက်ခံမှုသည် ယခင်ကထက် ပိုများလာကြောင်း ဒေသခံများ သတင်းပေးပို့ချက်အရ သိရသည်။

လက်ရှိ သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် နမ့်ခုတ်ကျေးရွာ၊စံကားဒေသတို့တွင် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNOက ပြီးခဲ့သည့် ဒီဇင်ဘာလ ဒုတိယပတ်မှစ၍ ကားရှိ သောအိမ်များကို အခွန်ကောက် နေကြောင်း ဟိုပုံးမြို့နယ် အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့က ပအိုဝ်းလူမျိုးကို အဓိကထားပြီးတော့ အရင်ကောက်တာ။ တခြားလူမျိုးတွေကိုတော့ လူကြည့်ပြီး ကောက်တယ်။စံကားတို့၊ဟိုပုံးမြို့က အနီးအနားရွာတွေ‌ကိုရော သူတို့က ရွာတွေဘက်ကိုကြည့်ပြီးတော့ ကောက်တာ။ရွာတွေ မှာကတော့ ကားငယ်တွေက ၃ သောင်းထားကောက်တယ်။မြို့ပေါ်ကတော့ ၅ သောင်းထည့် ရတယ်”ဟု ၎င်းအမျိုးသားကဆိုသည်။

စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNOထံ ကားနှင့် ထော်လာဂျီတစ်စီးလျှင် ကျပ်ငွေ ၅ သောင်း၊ တွဲကား (၁၂) ဘီးတစ်စီးလျှင် ကျပ်ငွေ ၁ သိန်း စသဖြင့် အခွန်များကို မကြာခဏပေးဆောင်နေရသည့်အတွက် ဒေသခံအတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်းကြောင်း ၎င်းက ပြောသည်

PNA/PNO

“ကျနော်တို့ကို ဒီလိုတွေကောက်နေတာက ပိုခက်ခဲစေတယ်။ အခွန်တွေက ခဏခဏပဲကော ကောက်နေတာ။ သူတို့စားဖို့ပဲ ပြည်သူတွေကို ကြည့်တာလည်း မဟုတ်ဘူး။ ပြည်သူ့တွေအလုပ် လုပ်စားဖို့လည်း ခက်နေတဲ့ အချိန်ကြီးကော အခုက အနိုင်ကျင့် နေတာနဲ့ တူတူပဲလေ။ မြို့နဲ့ဝေးတဲ့ ရွာတွေဆိုလည်း ကားတွေလိုင်စဉ်ရှိရှိ မရှိရှိ သူတို့ကောက်တာပဲ။ စစ်မှုထမ်းဖို့ဆိုလည်း ၃ သောင်းဆိုရင်ပေးရပြန်ရော” ဟု အသက် ၄၀ အမျိုးသားက ဆက်ပြောသည်။

စစ်ကောင်စီလက်အောက်ခံ PNO စစ်အင်အားပြပြီးနောက် ၎င်းတို့လုပ်ရှားသည့် ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ညောင်ရွှေမြို့နယ်၊ပင်လောင်းမြို့နယ်တို့တွင် ဒေသခံများထံမှ အကြောင်းအမျိုးမျိုးပြ၍ ဆက်ကြေး ကောက်ခံမှုများပြုလုပ်နေခဲ့သည်။

PNO တပ်ဖွဲ့သည့် ကားအခွန်ငွေ၊ ထော်လာဂျီ အခွန်ငွေများကောက်ယူသည့်အပြင် PNO ၏ စစ်သားများအတွက် ငွေကြေးများလည်း ကောက်ယူခြင်း၊ စစ်မှုထမ်းလူဉီးရေ ကောက်ယူခြင်းတို့လည်း ထပ်မံရှိသည့်အတွက် လူငယ်များသည် တိုင်းတပါးသို့ ထွက်ပြေးတိမ်းရှောင်မှုများရှိလာကြောင်း ဆီဆိုင်မြို့နယ် အသက် ၃၅နှစ်အရွယ် ရှိ အမျိုးသမီးကပြောသည်။

PNO စစ်အင်အားများ

“ အခုPNO က နည်းမျိုးစုံ ငွေကောက်နေတာ။ ဝင်ငွေမရှိ စားဖို့တောင်ခက်နေချိန် ကားမရှိ ထော်လာဂျီ မရှိရင်လည်း စစ်မှုထမ်းအတွက် ငွေကြေးကောက်ယူပြန်တယ်။ စစ်မှုထမ်းလည်းကောက် ငွေလည်းကောက် နေလို့မကောင်းဘူး” ဟု ၎င်းကပြောသည်။

ထိုပြင် စစ်ကောင်စီလက်အောက်ခံ PNO သည် ပင်လောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ဖယ်ခုံမြို့နယ်ရှိ တိုက်ပွဲများတွင် စစ်ကောင်စီတပ်နှင့် အတူပါဝင်တိုက်ခိုက်နေပြီး ပြည်သူ့နေအိမ်မီးရှို့ခြင်း၊ ပေါ်တာဆွဲခြင်း တို့ကိုပြုလုပ်နေသည်။

PNO/PNA

ပြီးခဲ့သည့် နိုဝင်ဘာလ ဒုတိယပတ်တွင် ညောင်ရွှေမြို့နယ် စံကားဒေသတွင် ပအိုဝ်းပြည်သူ့စစ် PNO မှအရပ်သား နေအိမ် အတွင်းထိ ဝင်ရောက်၍ ခြိမ်းခြောက်ကာ တန်ဖိုးရှိ ပစ္စည်းများကို အတင်းအဓမ္မ ယူဆောင်သွား ကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့သည် မြန်မာပြည်အတွင်းရှိ ဟိုတယ်လုပ်ငန်း ၊ စတီးလ်လုပ်ငန်း၊ ဝိုင်း နှင့် ဘိလပ်မြေလုပ်ငန်း၊ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်း ၊ပတ္တမြား နှင့် ကျောက်မျက် ရတနာလုပ်ငန်း၊ ရွှေ၊ ခနောက်စိမ်း ခဲမဖြူ၊ အဖြိုက်နက် အပြင် အိမ်ခြံမြေလုပ်ငန်းများ ပိုင်ဆိုင်မှုများစွာရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မူဆယ်ဒေသခံများထံ လက်နက်ကိုင်တပ်ဖွဲ့ပေါင်းစုံ ဆက်ကြေးကောက်ခံ

0
သျှမ်းပြည် မူဆယ်မြို့နယ်တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ပေါင်းစုံမှ စီးပွားရေးလုပ်ငန်းရှင်များထံ အခွန်(ဆက်ကြေးငွေ)များ ထပ်မံကောက်ခံလာကြောင်း စုံစမ်းသိရသည်။ ဇွန်လဆန်းပိုင်းမှ စတင်ပြီး မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် မူဆယ်မြို့ရှိ ကိုယ်ပိုင်ကျောင်းများ၊ ကုန်စုံဆိုင်များ၊ ဖုန်းဆိုင်များနှင့် ငွေလဲလုပ်ငန်း လုပ်ကိုင်သူများကို လက်နက်ကိုင်အဖွဲ့အစည်း ပေါင်းစုံမှ အခွန်(ဆက်ကြေးငွေ)များ ထပ်မံကောက်ခံလာကြောင်း မူဆယ်ဒေသခံများက ပြောသည်။ “ဒီတပတ်ထဲမှာ...

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများတွင် ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ထမ်ဆိုင်းကျေးရွာနှင့် အနီးနားကျေးရွာများတွင် ဘောင်းဘီဝတ်ခွင့် ပိတ်ပင်ထားပြီး၊ ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလဆန်းပိုင်းမှစကာ ထမ်ဆိုင်းကျေးရွာနှင့် ၎င်းပတ်ဝန်းကျင် အနီးနားရှိကျေးရွာမှ ဒေသခံများ ရိုးရာ ဝတ်စားဆင်ယင်မှု လျော့နည်းလာခြင်း၊ ကျေးရွာ ဂုဏ်သိက္ခာထိခိုက်စေလာမှုကြောင့် ဘောင်းဘီဝတ်ဆင်မှုကို ကျေးရွာသူကြီးများက ကန့်သတ်လိုက်ကြောင်း ၎င်းဒေသခံများက ပြောသည်။ အဆိုပါ ကန့်သတ်ချက်ကို...

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...